ထိပ်ကပ်နာ (Sinusitis)

ထိပ်ကပ်နာ (ခေါ်) Sinuses ရောင်ခြင်းဆိုတာဘာလဲ မပြောခင်….Sinusesဆိုတာ ဘာလဲ ၊ ဘာတွေလုပ်ပေးတာလဲ ၊ ဘယ်နေရာမှာရှိတာလဲဆိုတဲ့အကြောင်းလေး အရင်ဆုံးပြောချင်ပါတယ်။

Sinuses ဆိုတာဟာ ဦးခေါင်းခွံအတွင်းက အမှေးပါးလေးတွေအုပ်ထားတဲ့ ဂလိုင်ပေါက်လေးတွေဖြစ်ပြီး ၊ နှာခေါင်းကိုစ်ိုစွတ်အောင် အချွဲရည် (mucous) တွေထုတ်ပေးပါတယ်။

sinuses ရှိတဲ့နေရာတွေကတော့

  • Frontal sinuses ( မျက်လုံးအပေါ်ပိုင်းရှိ နဖူး )
  • Ethmoidal sinuses ( မျက်လုံးနှစ်လုံးကြား )
  • Maxillary sinuses ( နှာခေါင်းဘေးနှစ်ဖက် )
  • Sphenoidal sinuses ( နှာခေါင်းအနောက် မျက်လုံးကြား ) မှာရှိပါတယ်။

အဲဒီ့ Sinuses လေးတွေရောင်ပြီး အရည်တွေနဲ့ပိတ်သွားတဲ့အခါ ထိပ်ကပ်နာ (Sinusitis)လို့ခေါ်လိုက်ပါတယ်။

Sinuses လေးတွေဘာလ်ို့ရောင်ရတာလဲ

အဓိက ကတော့ အသက်ရှူလမ်းကြောင်းမှာ virusပိုးဝင်ပြီး နှာခေါင်းမှတစ်ဆင့် sinuses တွေဆိီကိုပျံ့သွားတာပါ။

အဲဒီ့အခါ ရောင်နေတဲ့အမှေးပါးက ပုံမှန်စီးဆင်းရမယ့်အချွဲတွေကို ပိတ်စေပြီး ၊ sinuses အတွင်းမှာအရည်တွေနဲ့ပြည့်စေပါတယ်။ ပိတ်နေတဲ့sinuses အတွင်း bacteria ပိုးပါထပ်ဆင့်ဝင်တတ်ပါတယ်။

တခြားသောဖြစ်စေတဲ့အ​ကြောင်းတွေကတော့…

– ဓာတ်မတည့်တာ (Allergy)၊

– အအေးပတ်တာ

– နှာခေါင်းအတွင်း ရေဝင်သွားတာ

– ဆေးလိပ်ငွေ့ရှူမိတာ

– နှာခေါင်းအတွင်းအသားပိုရှိတာ(nasal polpys)

– နှာခေါင်းထဲပစ္စည်းတစ်ခုခု(foreign body)ဝင်သွားတာ တို့ကြောင့်လည်းဖြစ်တတ်ပါတယ်။

ထိပ်ကပ်နာရဲ့လက္ခဏာတွေက ဘာတွေဖြစ်မလဲ

– ဖျားခြင်း၊ နေရထိုင်ရမကောင်းခြင်း

– နှာစေးခြင်း၊ နှာပိတ်ခြင်း၊ အသက်ရှူရခက်ခြင်း၊ အနံ့ကောင်းကောင်းမရခြင်း

– စိမ်းဝါရောင်ရှိသော အနံ့ဆ်ိုးသောနှာရည်များကျခြင်း

– ခေါင်းကိုက်ခြင်း(အိပ်ရာအထမှာ၊ ခေါင်းငုံ့တဲ့အခါတွေမှာ ပ်ိုဆိုးတတ်ပါတယ်)

– sinuses ရှိတဲ့နေရာများတင်းနေခြင်း၊ ဖိလိုက်တဲ့အခါနာခြင်း

– နားကိုက်ခြင်း၊ ကြားတဲ့အသံမကြည်ခြင်း စတာတွေဖြစ်စေပါတယ်။

နောက်ဆက်တွဲဆိုးကျိုးတွေ ဘာတွေရှိမလဲ

❗နာတာရှည်ထိပ်ကပ်နာ (Chronic sinusitis) ဖြစ်သွားတတ်ပါတယ်

( လက္ခဏာများမသက်သာပဲ ၃လထိရှိနေသေးရင် နာတာရှည်ဖြစ်ပြီလို့ခေါ်လို့ရပါတယ် )

နောက်တစ်ခုကတော့ ရောဂါပိုးတွေ sinuses ကနေတခြားနေရာဆီ ပျံ့သွားပြီး…

❗မျက်လုံးရောင်တာ၊ မျက်လုံးပြည်တည်တာ

❗ဦးနှောက်အမြှေးရောင်တာ၊ ဦးနှောက်ပြည်တည်တာ

❗ဦးနှောက်သွေးပြန်ကြောသွေးခဲတာ

❗ဦးခေါင်းခွံရောင်တာ တွေအထိဖြစ်နိုင်ပါတယ်။

ဘာတွေစစ်ကြည့်လို့ရမလဲ

– ဆရာဝန်ရဲ့ စမ်းသပ်မှုများအပါအဝင်

– ဦးခေါင်းဓာတ်မှန်ရိုက်ခြင်း (X ray Head)

– ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT head)

– နှာခေါင်းအတွင်းပြွန်ချောင်းဖြင့်ကြည့်ခြင်း(Nasal endoscopy) စတာတွေ စစ်ကြည့်ဖို့ လိုနိုင်ပါတယ်။

ဘယ်လိုကုသလို့ရမလဲ

မိမိအိမ်မှာတင် ပြုလုပ်လို့ရတာတွေကတော့

– ရေနွေးငွေ့ရှူခြင်း

– ပါရာစီတမော(paracetamol)သောက်ခြင်း

– နှာရည်အထွက်နည်းစေသော နှာခေါင်းဖျန်းဆေးဖျန်းခြင်း(Nasal decongestants ဥပမာ epinephrine 0.5% nasal spray)

– နှာခေါင်းက်ို saline နှင့်ကျင်းခြင်း

( ပြုလုပ်နည်း-

(၁) ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း

(၂) Baking soda လက်ဖက်ရည်ဇွန်း ၁ဇွန်း

(၃) ရေကျက်အေး 500 ml တို့ကိုခွက်သန့့်သန့် တစ်ခွက်မှာရောမွှေပါ။

20cc ဆေးစုပ်ပြွန်နဲ့ နှာခေါင်းတစ်ဖက်က်ိုပိတ်ပြီး ကျန်တစ်ဖက်ထဲ ဖျော်ထားတဲ့အရည်ထည့်ပြီး ကျင်းပေးပါ။

နှာခေါင်းတစ်ဖက်ကို ၄ကြိမ်စီ နေ့စဥ်လုပ်ပေးရပါမယ် )

Nasal douching (သို့) Nasal irrigationလို့ ရိုက်နှိပ်ပြီး Youtubeမှာ ရှာဖွေနိုင်ပါတယ်

???? ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ ပိုးသတ်ဆေးသောက်ဖို့ လိုပါမယ်။

???? သောက်ဆေးနဲ့မပျောက်ရင်တော့ စုနေတဲ့အရည်တွေကိုခွဲစိတ်စုပ်ထုတ်ရတာအထိ လုပ်ရနိုင်ပါတယ်။

ဒါ့ကြောင့် ဒီလိုလက္ခဏာတွေခံစားနေရရင် အရင်ဆုံး ဆရာဝန်နဲ့အမြန်ဆွေးနွေးဖို့တိုက်တွန်းပါရစေ။

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.153

Oxford Handbook of clinical specialities 10th edition pg556,557,558,561)

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.