Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့် ၈၀ မှ ၁၀၀ ဒီဂရီ စင်တီဂရိတ်အထိ ရှိတတ်ပြီး အခန်းအပူချိန်၊ စိုစွတ်မှုတွေက မြင့်တက်နေတတ်ပါတယ်။
.
အဓိကအားဖြင့်ကတော့…
- နှလုံးနှင့် သွေးကြောဆိုင်ရာကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ သူက နှလုံးခုန်ကို မြန်စေတာမို့လို့ နှလုံးကြွက်သားကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
- ချွေးထွက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးစေပါတယ်။
- ချွေးထွက်တာကြောင့်မို့လို့ အရေပြားပေါ်က ဆဲလ်အသေတွေ ဖယ်ရှားပစ်စေပြီး အသားအရေကိုလည်း ကြည်လင်စေပါတယ်။
- ကြွက်သားတွေကို ပျော့ပျောင်းစေတဲ့အတွက်ကြောင့် ညောင်းညာနေတဲ့သူတွေအတွက်ဆို အဆင်ပြေပါတယ်။
- သွေးလည်ပတ်မှု အားကောင်းစေပါတယ်။
- Endorphin ဆိုတဲ့ဟော်မုန်းတွေ ထွက်လာတာကြောင့် စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။
- ကောင်းမွန်စွာ အိပ်စက်နိုင်အောင် ကူညီပေးပါတယ်။
.
- နှလုံးခုန်တာမြန်လာပြီး ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းကြောင့် နှလုံးကိုထိခိုက်စေနိုင်ပါတယ်။
- သွေးပေါင်ချိန်တွေ ထိုးကျပြီး မူးဝေတာတို့၊ နုံးချိတာတို့ ဖြစ်နိုင်ပါတယ်။
- အချိန်ကြာကြာနေမိတဲ့အတွက် ကိုယ်တွင်း အပူချိန်တွေများလာပြီး အပူလွန်ကဲခြင်းမှတစ်ဆင့် အပူရှပ်တာတွေအထိ ဖြစ်နိုင်ပါတယ်။
- ချွေးထွက်များလာတဲ့အခါ ရေဓာတ်ဆုံးရှုံးမှုများလာနိုင်ပြီး အာခေါင်ခြောက်သွေ့ခြင်း၊ မူးဝေခြင်းတို့ ခံစားရနိုင်ပါတယ်။
- အပူချိန်မြင့်မားခြင်းကြောင့် အရေပြားလောင်တာမျိုး၊ နီရဲလာတာမျိုး၊ အဖုတွေပေါက်လာတာမျိုး ဖြစ်လာနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင် မိခင်တွေဆိုရင်လည်း သန္ဓေသားကိုထိခိုက်စေနိုင်တဲ့အတွက် အချိန်ကြာကြာ ရေနွေးငွေ့နဲ့ထိတာမျိုးတွေ ရှောင်ကြဥ်သင့်ပါတယ်။
.
- Sauna ထဲ ဝင်မယ်ဆိုရင် ၁၅ မိနစ်မှ ၂၀ မိနစ်ထက်ပိုကြာအောင် မနေဖို့လိုပါတယ်။
- ရေဓာတ်ခြောက်သွေ့ခြင်းကို ကာကွယ်ဖို့အတွက် ရေများများသောက်ဖို့ လိုပါတယ်။
- Sauna ထဲက ထွက်လာတဲ့အခါမှာလည်း ထွက်ပြီးပြီးချင်း ရေအေးနဲ့တန်းထိတွေ့တာမျိုး မလုပ်ဘဲ အပူချိန်ကို တဖြည်းဖြည်းနဲ့လျော့ကျအောင် လုပ်ဖို့လိုပါတယ်။
- မဝင်ခင်မှာ အရက်သေစာ သောက်စားထားခြင်းများ ရှောင်ထားရပါမယ်။
Sauna ထဲဝင်နေစဥ်အတွင်း မအီမသာဖြစ်လာတာမျိုး၊ မူးဝေလာတာမျိုး၊ ချွေးထွက်များလာတာမျိုး ဖြစ်လာပါက အခန်းထဲမှချက်ချင်းထွက်လာပြီး သက်သာအောင်နေဖို့ အရေးကြီးပါတယ်။
https : // www . mayoclinicproceedings . org /article/ S0025- 6196(18)30275 -1
https : // www . health . harvard . edu /staying – healthy / saunas – and- your – health
..
..
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.