☝️ ပင်မှည့်သီးလေးကိုခွဲ သကြားနဲ့ ခေါက်သောက်ရတာ သဘောကျသူတွေရှိလား…
အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပင်မှည့်သီး (ဖျော်ရည်သီး) လေးများအကြောင်း တင်ဆက်ပေးချင်ပါတယ်။
…
…
????ပုံမှန်အရွယ် ပင်မှည့်သီး (၁) လုံးမှာ –
– ဗီတာမင်အေ
– ဗီတာမင်စီ
– သံဓာတ်
– ပိုတက်ဆီယမ်
– မဂ္ဂနီဆီယမ်
– ကယ်လ်ဆီယမ်
– အမျှင်ဓာတ်နဲ့
– ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။
…
…
????ပင်မှည့်သီးကရနိုင်တဲ့ ကောင်းကျိုးများ
➤ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ လုံလောက်စွာပါဝင်တဲ့အတွက် ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးတာမို့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အသက်ကြီးလာချိန် ဖြစ်တတ်တဲ့ နှလုံးရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
.
➤ အမျှင်ဓာတ်နဲ့ ရေဓာတ်ကြွယ်ဝတာမို့ အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
“ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ” ဆိုသလို ဝမ်းမှန်စေပြီး အစာခြေစနစ်ကိုလည်း ပံ့ပိုးပေးပါတယ်။
.
➤ ပင်မှည့်သီးရဲ့ ချိုချိုမွှေးမွှေးအရသာက ခံတွင်းရှင်းစေပြီး သောက်လို့ကောင်းသလို သကြားပမာဏ ပါဝင်မှုလည်း နည်းတာမို့ ပင်မှည့်သီးစားသုံးပြီး သွေးတွင်းသကြားဓာတ် အလွန်အမင်းမြင့်တက်မှာ စိုးရိမ်စရာမရှိပါဘူး။
.
➤ ပင်မှည့်သီးမှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်က သွေးလည်ပတ်မှု ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးတာမို့ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။
.
➤ ဗီတာမင်စီ ကြွယ်ဝတာမို့ ကိုယ်ခံအားကောင်းစေပြီး ပြင်ပရောဂါတွေ ဝင်ရောက်လာခြင်းမှ ကာကွယ်ပေးမှာ မလွဲမသွေပါပဲ။
.
➤ ပင်မှည့်သီးမှာပါဝင်တဲ့ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ် စတဲ့ အာဟာရဓာတ်တွေကြောင့် အရိုးအဆစ်များ သန်မာစေရုံသာမက အဆစ်ရောင်ဝေဒနာကိုပါ သက်သာစေနိုင်ပါတယ်။
.
➤ မျက်လုံးအတွက် မရှိမဖြစ် အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင်အေ ကြွယ်ဝတာမို့ မျက်လုံးကျန်းမာရေးအတွက်လည်း အသုံးဝင်လှပါတယ်။
…
…
❗သတိပြုရန်
???? ပင်မှည့်သီးနဲ့ ဓာတ်မတည့်မှုရှိပါက စားသုံးရန်မသင့်တော်ပါ။ latex allergy ရှိသူအနေနဲ့ ပင်မှည့်သီးစားသုံးရင် ဓာတ်မတည့်တာမျိုး ခံစားရနိုင်ပါတယ်။
???? ပင်မှည့်သီးဟာ အစေ့လေးတွေပါ ဝါးစားလို့ရပါတယ်။
???? ပင်မှည့်သီးကို သကြားနဲ့ ခေါက်သောက်တာအပြင် အခြား ဘယ်လိုပြင်ဆင်လုပ်သောက်ရတာ သဘောကျလဲ ပြောပြသွားပါဦးနော်….။
Reference : ????
https:// www. medicalnewstoday. com /articles/324383
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.