Paraphimosis ဆိုတာ ဆေးပညာဆိုင်ရာ အရေးပေါ် အခြေအနေတစ်ခု ဖြစ်ပါတယ်။ လိင်တံထိပ်အရေပြား (foreskin) တစ်စိတ်တစ်ပိုင်း ဖြတ်ထားသူ (ဒါမှမဟုတ်) လုံးဝမဖြတ်ထားသူတွေမှာ ဖြစ်တတ်ပါတယ်။

အရေပြားဟာ လိင်တံထိပ်ပိုင်း (glans) ရဲ့နောက်မှာ ကပ်ကျန်ရစ်ပြီး လိင်တံထိပ်ကို ဖုံးအုပ်နိုင်ခြင်း မရှိတော့တဲ့အတွက် Paraphimosis ဖြစ်လာပါတယ်။

Paraphimosis အပြင်းအထန်ဖြစ်ရင် လိင်တံထိပ်မှာ သွေးလည်ပတ်မှု ပြတ်တောက်ပြီး တစ်သျှူးပျက်စီးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။

.

????Paraphimosis အဖြစ်များလား?

အသက် (၄) လနဲ့ (၁၂) နှစ် အရွယ်ကြား လိင်တံထိပ်အရေပြား ဖြတ်ထားခြင်းမရှိတဲ့ ကလေးအယောက် (၁၀၀၀) မှာ (၂) ယောက်နှုန်းနဲ့ တွေ့ရတတ်ပါတယ်။ ​(၁၆) နှစ် အထက်တွေမှာတော့ အယောက် (၁၀၀) မှာ (၁) ယောက် ဖြစ်တတ်ပါတယ်။

.

????Paraphimosis မှာ ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ရတတ်လဲ?

–အရေပြားနဲ့ လိင်တံထိပ်ကို မဖုံးနိုင်တော့ခြင်း

–နာကျင်ခြင်း

–လိင်တံထိပ်ဖျား ဖောရောင်ပြီး အရောင်ပြောင်းလဲခြင်း (အပြာ သို့မဟုတ် ကြက်သွေးရောင်) … စတာတွေ ဖြစ်တတ်ပါတယ်။

.

????ဘယ်အကြောင်းအရာတွေက paraphimosis ကို ဖြစ်စေလဲ?

သန့်ရှင်းရေးလုပ်ဖို့ အရေပြား နောက်ဆွဲတဲ့အခါ၊ အရေပြားတင်းကျပ်လို့ ဆွဲဆန့်တဲ့အခါ paraphimosis ဖြစ်နိုင်ပါတယ်။ ဆီးပိုက်ထည့်တဲ့အခါနဲ့ တခြား လိင်တံမှာပြုလုပ်တဲ့ procedure တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

.

????Paraphimosis ကို ဘယ်လို ကုမလဲ?

–လိင်တံထိပ်ကို ဖိညှစ်ပြီး လိင်တံထိပ်အရေ​ပြားနေရာ ကို မူလနေရာ ပြန်ရောက်အောင် လုပ်လို့ရပါတယ်။ ဖောရောင်တာ သက်သာဖို့ ဆေးရည် အသုံးပြုလို့ရပါတယ်။

–အရေပြားကို ခွဲဲပြီး လိင်တံထိပ်ပေါ် ရောက်အောင် လုပ်လို့ရပါတယ်။ (dorsal slit)

–အရေပြား တစ်စိတ်တစ်ပိုင်း (ဒါမှမဟုတ်) တစ်ခုလုံးကို ဖြတ်ထုတ်လို့ရပါတယ်။ (circumcision)

????Paraphimosis က ပြန်ပြန် ဖြစ်တတ်ပါတယ်။ ဒါကြောင့် circumcision လုပ်လိုက်တာ များပါတယ်။ Circumcision လုပ်ဖို့ အဆင်မပြေရင် dorsal slit လုပ်ခြင်းဖြင့် ပြန်မဖြစ်အောင် ကာကွယ်လို့ရပါတယ်။

????လိုအပ်ရင် ပိုးသတ်ဆေး သောက်ရပါတယ်။

❗ရေခဲအုံခြင်းက ရောင်ရမ်းမှုကို သက်သာစေပေမယ့် သွေးလည်ပတ်မှုကို ပိုမိုလျော့နည်းစေတဲ့အတွက် မလုပ်သင့်ပါဘူး။

❗ခွဲစိတ်တဲ့အခါ သွေးထွက်တာ၊ ရောဂါပိုးဝင်တာတွေ ဖြစ်တတ်လို့ သတိပြုဖို့ လိုပါတယ်။

.

????Paraphimosis ရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာလဲ?

Paraphimosis ဟာ အရေးပေါ်ကုသမှုခံယူဖို့လိုတဲ့အခြေအနေပါ… အချိန်မီ ကုသမှုမခံယူရင် အန္တရာယ် များပါတယ်။ လိင်တံမှာ သွေးစီးဆင်းမှု လျော့နည်းလာပြီး တစ်သျှူးပျက်စီးသွားတာ (သို့) တစ်သျှူးသေတဲ့အထိ ဖြစ်နိုင်ပါတယ်။

.

????Paraphimosis ကို ဘယ်လို ကာကွယ်နိုင်လဲ?

လိင်တံထိပ်အရေပြား (Foreskin) ဖြတ်လိုက်ခြင်းက paraphimosis ကို အပြည့်အဝကာကွယ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။

တခြားနည်းလမ်းတွေအနေနဲ့

–ဆီးပိုက်ထည့်ထားရင် (ဒါမှမဟုတ်) လိင်တံနဲ့ ပတ်သက်တဲ့ တခြား procedure တွေ လုပ်ပြီးရင် အရေပြားကို ပြန်ဆွဲချပါ။

–သန့်ရှင်းရေးလုပ်တဲ့အခါဖြစ်စေ၊ လိင်ဆက်ဆံပြီးတဲ့အခါဖြစ်စေ၊ ဆီးသွားပြီးတဲ့အခါဖြစ်စေ အရေပြားကို ပြန်ဆွဲချခြင်းဖြင့် Paraphimosis ဖြစ်တာကနေ ကာကွယ်နိုင်ပါတယ်။

Reference : ????

https://my.clevelandclinic.org/…/22244-paraphimosis….

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here