ပန်းသေးပန်းညှိုးခြင်းအတွက် ကုထုံးတစ်မျိုး P-Shot treatment (September,2023)

0
171

ပန်းသေးပန်းညှိုးခြင်းအတွက် ကုထုံးတစ်မျိုး

(P-Shot treatment )

P-Shot ကုထုံးဆိုတာ လိင်အင်္ဂါမထောင်မတ်နိုင်ခြင်းအပြင် အခြားသောအခြေအနေများအတွက် စမ်းသပ်ကုသမှုတစ်ခု ဖြစ်ပါတယ်။ P-Shot ကုထုံးဆိုတာ သွေးရည်ကြည်ဖြစ်တဲ့ platelet-rich plasma (PRP) ကိုယူပြီး ကျားလိင်တံထဲသို့ ထိုးသွင်းခြင်းဖြစ်ပါတယ်။ အဲဒီလိုထိုးသွင်းခြင်းအားဖြင့် တစ်ရှူးများကြီးထွားလာပြီး erection ကို ပိုကောင်းစေပါတယ်။ လူသိအများဆုံးကတော့ Priapus Shot လို့ခေါ်ပါတယ်။

..

..

◼️P-Shot ကို ဘာတွေအတွက် သုံးတာလဲ

P-Shot ဆိုတာ နာတာရှည်ကျန်းမာရေးအခြေအနေတွေဖြစ်တဲ့ ကြွက်သားနဲ့ အဆစ်ဒဏ်ရာတွေကို ပြန်လည်ကောင်းမွန်လာအောင် အသုံးပြုတဲ့ PRP ကုထုံးကို အခြေခံပါတယ်။ P-Shot ကို အောက်ပါအခြေအနေတွေမှာလည်း ကုသမှုအနေနဲ့ သုံးနိုင်ပါတယ်။

– လိင်အင်္ဂါမထောင်မတ်နိုင်ခြင်း (erectile dysfunction)

– နာတာရှည်ရောင်ရမ်းခြင်း (lichen sclerosus)

– အမာရွတ်တစ်ရှူးတွေကြောင့် လိင်တံကထောင်မတ်လာတဲ့အခါ ကွေးသွားခြင်း (Peyronie’s disease)

– လိင်အင်္ဂါကြီးထွားအောင်ပြုလုပ်ခြင်း

လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုနဲ့ စွမ်းဆောင်ရည် ပိုကောင်းဖို့နဲ့ orgasm မြှင့်တင်ခြင်းတို့မှာလည်း P-Shot ကုထုံးကို သုံးပါတယ်။

..

..

◼️ဒါဆို P-Shot ကုထုံးကရော အလုပ်ဖြစ်လား

တကယ်လို့ P-Shot ကုထုံးဟာ လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှုကို မြှင့်တင်အောင် ဆောင်ရွက်နိုင်တယ်ဆိုရင်တောင် ဘယ်နှစ်ကြိမ်အထိ လုပ်ဆောင်ပေးနိုင်တယ်၊ ဘယ်လောက်အထိ ဘေးကင်းတယ်ဆိုတာကိုတော့ မသိနိုင်ပါ။

ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများစွာကြောင့် Orgasm ဆိုတာ ဖြစ်ပွားတာဖြစ်တာကြောင့်၊ ဒီကုထုံးဟာ orgasm ရနိုင်ခြေကိုတော့ သက်ရောက်မှုရှိစေမှာ မဟုတ်ပါဘူး။ ဒီကုသမှုရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုအပေါ် သက်ရောက်နိုင်တဲ့ အကျိုးကျေးဇူးတွေကတော့….

– သွေးစီးဆင်းမှုတိုးစေခြင်း

– တစ်ရှူးနဲ့ ဆဲလ်တွေရဲ့ တုံ့ပြန်မှုကို ပြုပြင်ပေးခြင်း

– အာရုံခံစားမှု ပိုကောင်းစေခြင်း

– စိတ်ပိုင်းဆိုင်ရာခံစားမှု ကောင်းမွန်စေခြင်းတို့ဖြစ်ပါတယ်။

..

..

◼️ဒီလို P-Shot ကုထုံးခံယူတော့မယ်ဆိုရင် ဘယ်လိုပြင်ဆင်ထားသင့်လဲ

အထွေအထူးပြင်ဆင်ထားဖို့တော့ မလိုအပ်ပါဘူး။

Medical checkup ကဲ့သို့ သွေးစစ်တာနဲ့ အခြားဓာတ်ခွဲစစ်ဆေးတာမျိုးတွေ လုပ်သင့်ပါတယ်။ ကျန်းမာတဲ့ သွေးပမာဏ၊ သွေးရည်ကြည်နဲ့ သွေးဖြူဥတွေ ရှိထားဖို့တော့ အရေးကြီးပါတယ်။

◼️ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်သလဲ

အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ရောင်ရမ်းခြင်း၊ နီခြင်း၊ သွေးခြေဥခြင်းတို့ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၄-၅ ရက်အတွင်း သက်သာသွားတတ်ပါတယ်။

အဖြစ်နည်းတဲ့ နောက်ဆက်တွဲပြဿနာတွေကတော့ ရောဂါပိုးဝင်ခြင်း၊ အမာရွတ်ဖြစ်ခြင်းနဲ့ ရေယုန်ပေါက်ဖူးသူတွေမှာ အနာများထွက်လာခြင်းတို့ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မဖြစ်ပွားစေဖို့အတွက် P-Shot ကုထုံးကို ကျွမ်းကျင်တဲ့ ဆီးနဲ့ကျောက်ကပ် အထူးကုဆရာဝန်ကသာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

◼️ကုထုံးပြီးနောက် သက်သာလာချိန်မှာ ဘာတွေဖြစ်နိုင်သလဲ

ကုထုံးအပြီး ပြန်လည်သက်သာတာကတော့ မြန်ပါတယ်။ နေ့စဉ်ပုံမှန်လှုပ်ရှားမှုတွေကို ချက်ချင်း ပြန်လည်စတင်နိုင်ပါတယ်။ ဆေးထိုးတဲ့နေရာကို ရောဂါပိုးမဝင်အောင် ကုထုံးပြီးနောက် ရက်အနည်းငယ်ကြာ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရပါမယ်။ ပြင်းထန်တဲ့ ကိုယ်လက်အားကစားလှုပ်ရှားမှုကို ရက်အနည်းငယ်ကြာ ရှောင်ကြဉ်ရပါမယ်။

◼️ကုထုံးပြီးနောက် ရလဒ်တွေကို ဘယ်အချိန်မှာ မြင်ရမလဲ

သင့်ရဲ့ အထွေထွေကျန်းမာရေးအပြင် လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှုကို အထောက်အကူဖြစ်စေတဲ့ အခြားအချက်များပေါ်မူတည်ပြီး ရလဒ်တွေဟာ ကွဲပြားနိုင်ပါတယ်။ အချို့သူတွေမှာ ကုသမှုတစ်ကြိမ်ယူပြီးတာနဲ့ ရလဒ်ကိုတွေ့နိုင်ပါတယ်။ အချို့သူတွေမှာတော့ လပေါင်းများစွာ၊ ကုသမှုများစွာကို ခံယူမှသာ ရလဒ်ကို ခံစားရတတ်ပါတယ်။

အစောပိုင်း တုံ့ပြန်သူတွေဟာ ပထမ ၂၄ နာရီအတွင်း အကျိုးသက်ရောက်မှုကို မြင်နိုင်ပါတယ်။

ပုံမှန်တုံ့ပြန်သူတွေမှာ ကုသမှုသုံးကြိမ်မှ ခြောက်ကြိမ်တွင် အကျိုးသက်ရောက်မှုကို တွေ့ရတတ်ပြီး၊ ဒုတိယအကြိမ်ကုသမှုပြီးနောက် စတင်ပြောင်းလဲလာတာကို သတိပြုမိကြပါတယ်။ တစ်လ၊ နှစ်လအတွင်း ရလဒ်တွေဟာ ပိုသိသာလာပါတယ်။

နောက်ကျမှ တုံ့ပြန်သူတွေကတော့ သုံးလ၊ လေးလလောက်မှသာ ရလဒ်တွေကို တွေ့ရနိုင်ပါတယ်။

Reference: ????

https:// www. healthline. com /health/mens-health/p-shot

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here