ဒီနေ့မှာတော့ အခုလို ဆောင်းတွင်းကာလမှာ အဖြစ်များတဲ့ ခြေဆီလက်ဆီ ထွက်တတ်တာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ခြေဆီလက်ဆီ ထွက်တတ်တာ (Oily palm) က စိုးရိမ်ရတဲ့ ပြဿနာတစ်ခုမဟုတ်ပေမယ့် လက်ဖဝါးတွေမှာ အဆီတွေထွက်နေတတ်တာကြောင့် အလုပ်လုပ်ရကိုင်ရတာ အဆင်မပြေတာတွေ၊ ကိုင်တွယ်‌လိုက်တဲ့ အရာဝတ္ထုပစ္စည်းတွေမှာ အဆီကွက်ကျန်ခဲ့တာတွေ၊ ပစ္စည်းတွေ ကိုင်တွယ်တဲ့အခါမှာ လွတ်ကျတာတွေ၊ ခြေဖဝါးမှာ အဆီထွက်နေတတ်တာကြောင့် ဖိနပ်ညစ်ပေတာတွေ အစရှိတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စသေးသေးလေးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။

ဒီလို ခြေဆီလက်ဆီ ထွက်ရတာကတော့ အရေပြားက အဆီထုတ်ပေးတဲ့ ဂလင်းတွေကနေ သဘာဝအဆီကို လိုတာထက်ပိုပြီး ထုတ်လုပ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ပြီးတော့

– ဟော်မုန်းပြောင်းလဲမှုဖြစ်စဥ်‌တွေ

– စိတ်ဖိစီးမှုတွေ

– ရာသီဥတုပြောင်းလဲမှုတွေ

– တစ်ခါတလေ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေနဲ့လည်း သက်ဆိုင်ပါတယ်။

ခြေဆီလက်ဆီမထွက်အောင် ဘယ်လိုထိန်းသိမ်းသင့်သလဲ…….

လက်ကို အလွန်အကျွံမဆေးပါနဲ့။ လိုတာထက်ပိုပြီး ဆေးကြောတဲ့အခါ ဆုံးရှုံးသွားတဲ့ အဆီတွေအတွက် အဆီဂလင်းတွေက အဆီတွေကို ပိုထုတ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ရေချိုးပြီးတဲ့အချိန်၊ လက်ဆေးပြီးတဲ့ အချိန်တွေမှာ ပေါင်ဒါမှုန့်ဖြူးပေးပါ။ အဲဒီလို ဖြူးပေးတာကြောင့် အဆီတွေကို စုပ်သွားပြီး လက်ကို ခြောက်သွေ့သန့်ရှင်းစေပါတယ်။

ပန်းသီးနဲ့ ရှာလကာရည်ကို အသုံးပြုပေးနိုင်ပါတယ်။ အဆီထွက်တဲ့ အရေပြားက အပေါက်လေးတွေကို ကျုံ့စေပြီး အဆီတွေကို ခြောက်သွေ့စေနိုင်တဲ့အတွက်ကြောင့်ပါ။ တချို့သော ရှာလကာရည်အပြင်းတွေကိုတော့ ရေရောပြီး အသုံးပြုပေးနိုင်ပါတယ်။

Alcohol ပါတဲ့ လက်သန့်ဆေးရည်တွေကို အသုံးပြုပေးပါ။

ဒီလောက်ဆို လူတော်တော်များများမှာ ဖြစ်တတ်တဲ့ ခြေဆီလက်ဆီထွက်တတ်တဲ့ ပြဿနာကို အ‌ပေါ်မှာဖော်ပြထားခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း ဖြေရှင်းနိုင်မှာမို့ လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းလိုက်ပါရ‌စေနော်။

References – ????

https : // www . leaf . tv /articles/how-to-avoid-oily-fingers/

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here