Monkey Pox ဆိုတဲ့ရောဂါတစ်မျိုး ကူးစက်ပြန့်ပွားနေ
တစ်ကမ္ဘာလုံး ကိုဗစ်လှိုင်းတွေဖြစ်ပြီးနောက်…ယခုရက်ပိုင်းအတွင်း ဥရောပ ၊ အမေရိကနဲ့ သြစတြေးလျတို့မှာ Monkey poxဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပြန့်ပွားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHOက ထုတ်ပြန်သတိပေးလိုက်ပါတယ်။
သာမန်အားဖြင့် အာဖရိကနိုင်ငံအများစုမှာသာဖြစ်ပွားလေ့ရှိတဲ့ Monkey poxရောဂါဗိုင်းရပ်စ်ပိုးဟာ မထင်မှတ်ဘဲ
အခုလို အအေးပိုင်းဒေသတွေမှာပါ ရုတ်တရက်တွေ့ရှိလာတာ ဖြစ်ပါတယ်။
ရောဂါဖြစ်ပွားသူ လူနာအများစုဟာ ခရီးသွားရာဇဝင်လည်းမရှိပဲ အလိုလိုကူးစက်ခံခဲ့ရတာကြောင့် အံ့သြထိတ်လန့်ဖွယ် ဖြစ်နေကြတာပါ။
Monkey poxရောဂါဟာ ရေကျောက်ရောဂါနဲ့ဆင်တူပြီး ကူးစက်ခံခဲ့ရရင်…
– ဖျားမယ်
– ခန္ဓာကိုယ်အနှံ့ အနီစက်တွေ၊ အဖုအပိန့်တွေထွက်မယ်
– ညောင်းညာကိုက်ခဲမယ်
– ခေါင်းကိုက်မယ်
– အကြိတ်တွေထွက်မယ်
– ရုတ်တရက် အားနည်းသွားတာမျိုးတွေ တွေ့ကြုံခံစားရနိုင်ပါတယ်။
ကူးစက်နိုင်ခြေနည်းလမ်းတွေကတော့
– ရောဂါပိုးရှိသူနဲ့ အနီးကပ်အတူနေခဲ့တာ
– နှာချေ ချောင်းဆိုးတာ
– ပိုးရှိသူအသုံးပြုခဲ့တဲ့ပစ္စည်းတွေကတစ်ဆင့် ကူးစက်နိုင်တယ်လို့ WHOက ကြေငြာထားပါတယ်။
ဒါ့ကြောင့် မိဘပြည်သူများအနေနဲ့ မိမိပတ်ဝန်းကျင်မှာ ဖျားနာကိုက်ခဲပြီး အနီစက်နဲ့ အဖုအပိန့်ထွက်သူများရှိလာခဲ့ရင် မပေါ့ဆဘဲ နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းများသို့ ပြသကုသမှု ခံယူနိုင်ကြပါရန်နှင့် မိမိကိုယ်တိုင်လည်း ရောဂါကူးစက်ခြင်းမခံရလေအောင် သတိပြုကာကွယ်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
အသေးစိတ်ဖတ်ရှုရန် >> https://www.who.int/…/disease-outbreak…/item/2022-DON385
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
လှူဒါန်းရန်-
https://moh.nugmyanmar.org/donate/
Ministry of Health,
National Unity Government.