ဘ၀မှာ‌ နေမပျော်ဘူး၊ ဘ၀က အဓိပ္ပါယ်မရှိဘူး၊ ကိုယ့်ကိုကိုယ် အသုံးမကျဘူးလို့ ယူဆနေရပါလား…

အသက်ရှူမ၀၊ ကတုန်ကယင်ဖြစ်ပြီး စိုးရိမ်စိတ်တွေ ကြီးစိုးနေသလို ခံစားနေရပြီလား…

စိတ်အနှောင့်အယှက်ဖြစ်လွယ်၊ ရတက်မအေးနိုင်ဘဲ စိတ်ပေါ့ပေါ့ပါးပါးနေဖို့ ခက်ခဲနေတာ သတိထားမိနေလား…

ဒီခေတ်ဒီအခါမှာ လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ကျန်းမာရေး အားနည်းလာကြပါတယ်။

စိုးရိမ်စိတ်များခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်း စသဖြင့် အဆင့်ဆင့်ခံစားလာကြရပြီး မိမိတို့ရဲ့ စိတ်အခြေအနေတွေကို မသုံးသပ်၊ မဆန်းစစ်ဘဲထားရင် အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ဒီလိုခံစားနေရလို့လည်း မကြောက်ပါနဲ့၊ စိတ်မပျက်ပါနဲ့…

စောစောစီးစီး သတိထားမိတဲ့အခါ လိုအပ်သလို မိမိတို့ရဲ့ရင်းနှီးချစ်ခင်ရသူ (သို့) တိုင်ပင်ဖော်ဆွေးနွေးဖက် (သို့) စိတ်ကျန်းမာရေးဆရာဝန်များနဲ့ မျှဝေဆွေးနွေးလိုက်ရင် သက်သာလျော့ပါးနိုင်သလို၊ အချို့တွေသာ ဆေးသောက်ဖို့လိုအပ်တာ ဖြစ်ပါတယ်။

ဒါကြောင့်..

မိမိတို့ရဲ့ စိတ်အခြေအနေကို စောစောသိဖို့ အောက်မှာပေးထားတဲ့ link လေးထဲက မေးခွန်းလေးတွေဖြေပြီး အမှတ်တွေပေါင်းလို့ ဆန်းစစ်ကြည့်လိုက်ပါ။????????????

https://ee.humanitarianresponse.info/x/MoJ1T6RA

အဖြေတွေ ရလာတဲ့အခါ အပျော့စားလေးကစပြီး ဂရုစိုက်ကြစို့နော်။

မိမိတို့ ရင်းနှီးချစ်ခင်ရသူတွေနဲ့ စကားပြောခြင်းကနေ စလိုက်ပါ။

စိတ်ဖိစီးမှု အပြင်းစားခံစားနေရရင်လည်း တတ်ကျွမ်းတဲ့သူနဲ့ တိုင်ပင်ပါနော်။

ဘယ်လိုတိုင်ပင်ရမလဲ မသိရင် တယ်လီကျန်းမာ facebook messenger ကိုသာ ကြွခဲ့ပါ….အဆင်ပြေအောင်စီစဉ်ပေးပါ့မယ်။

တယ်လီကျန်းမာမှာ counselor ရော၊ စိတ်ကျန်းမာရေးအထူးကုဆရာ၀န်တွေရော ရှိနေပါတယ် ????????????

ဒါကြောင့် စိတ်သာရှင်စော ဘုရားဟောဆိုသလိုပဲ မိမိစိတ်ကို သေချာသိပြီး သေချာကိုင်တွယ်နိုင်ခြင်းဖြင့် စိတ်ကျန်းမာပျော်ရွှင်နိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်… ????????????

.

စိတ်ကျန်းမာရေးဆရာ၀န်တစ်ဦး

Telekyanmar

❤️❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here