Kissing Disease 

မြန်မာလိုဆို အနမ်းရောဂါဆိုတော့ တခြားမတွေးပါနဲ့နော်။ သူရဲ့မြန်မာလို တကယ်အတိအကျက အကျိတ်ရောင်အဖျားရောဂါ (Glandular Fever) ပါ။

ဘယ်သူတွေမှာ အတွေ့များလဲ ❓❓❓

အသက်အားဖြင့် အသက် (၁၅-၂၄) နှစ်ကြား တွေ့ရပါတယ်။

ရောဂါလက္ခဏာတွေက ❓❓❓

အဓိကလာမယ့် လက္ခဏာ (၃) ခုက 

(၁) ကိုယ်ပူပြီး ဖျားမယ်
(၂) အာသီးရောင်မယ်၊ အာသီးနား အဖြူဖတ်တွေကပ်နေသလိုတွေ့မယ်
(၃) လည်ပင်းနားတစ်ဝိုက် အကျိတ်ရောင်မယ် နာမယ် စတာတွေဖြစ်တတ်ပါတယ်။

တစ်ခါတစ်ရံ ချိုင်းကြားနဲ့ ပေါင်ခြံမှာလည်း အကျိတ်ထွက်တတ်ပါတယ်ရှင်။

ဒါအပြင် လူနာက နုံးမယ်၊ အစားပျက်မယ်၊ ပင်ပန်း နွမ်းနယ်မယ်။ တစ်ခါတစ်ရံ လည်ချောင်းနာလို့ Amoxicillin လို ပိုးသတ်ဆေးသောက်ပြီးမှ အနီကွက်အပြင်လိုက် အရေပြားမှာ ပေါ်တတ်ပါသေးတယ်။ အသည်းနဲ့ဘေလုံးလည်း ကြီးတတ်ပါသေးတယ်။

ရောဂါက ဘယ်လောက်ကြာတတ်လဲ၊ ကုသမှုကရော❓❓❓

ရောဂါလက္ခဏာတွေက ကြောက်ဖို့ကောင်းပြီး (၂-၄) ပတ် ကြာတတ်တာမို့ လူနာတွေက အရမ်းစိုးရိမ်ကြပေမယ့် ဒီရောဂါရဲ့ ၉၀% က Epstein Barr Virus ရယ် တခြား Virus တွေကြောင့် အဓိကဖြစ်တာကြောင့် ပိုးသတ်ဆေးမလိုအပ်ပါဘူး။

သူရဲ့ ကုသမှုက 

  • အနားယူတာ
  • အရည်များများသောက်တာ
  • အာဟာရမျှတစွာစားတာ
  • ဖျားရင် ကိုယ်လက်နာကျင်ရင် Paracetamol သို့ အကိုက်ခဲပျောက်ဆေးသောက်ရင် လုံလောက်ပါပြီ။

အပိုအနေနဲ့ (၄) ပတ်အတွင်း အလေးအပင်မတာ၊ အားကစားပြင်းပြင်းထန်ထန်လုပ်တာ ရှောင်ရပါမယ်ရှင်။ ဘေလုံးကြီးနေတတ်တာမို့ ထိခိုက်မိပြီး ဘေလုံး ကွဲထွက်တတ်လို့ပါ။

ဘယ်လိုကူးစက်တတ်လဲ❓❓❓

အဓိကက သွားရည် (Saliva) မှတစ်ဆင့် ကူးစက်တတ်တာမို့ ဇွန်းတစ်ချောင်းတည်း စားမိတာမျိုး၊ အနမ်းပေးတာမျိုးကနေ ကူးစက်တတ်ပါတယ်။ သွေးသွင်းခြင်းလိုမျိုးကနေလည်း ကူးတတ်ပါတယ်။

ဒါကြောင့် ရောဂါရှိသူက လက်ကို သေချာပုံမှန်ဆေးပါ။ မိမိစားသောက်ထားတဲ့ ပန်းကန်ခွက်ယောက် အသုံးအဆောင်တွေကို သေချာစည်းကမ်းတကျ ပြန်ဆေးရပါမယ်။

လူနာက ရောဂါသက်သာတဲ့အခါ အလုပ် သို့ ကျောင်းကို သွားလို့ရပါတယ်။ လေမှတစ်ဆင့် ကူးစက်တာမျိုး မရှိပါဘူးရှင်။

ဆရာဝန်ဆီ ဘယ်ချိန်ပြရမလဲ❓❓❓

တခြားရောဂါလက္ခဏာအများစုနဲ့ ဆင်တတ်တာမို့ ဆရာဝန်ဆီသွားရောက်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ရပါမယ်နော်။

ဒီရောဂါကိုယ်တိုင်ကလည်း နောက်ဆက်တွဲဆိုးကျိုး တွေဖြစ်တဲ့ အသည်းရောင်ခြင်း၊ နှလုံးရောင်ခြင်း၊ ကျောက်ကပ်ပျက်တတ်ခြင်း၊ သွေးတိတ်စေသောဓာတ်နည်းစေခြင်း စတာတွေရှိတတ်တာမို့ သက်ဆိုင်ရာဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

သူရဲ့ အဖြစ်များဆုံး နောက်ဆက်တွဲဆိုးကျိုးက ဖျားနာပြီးနောက် အချိန်အတော်ကြာအထိ ပင်ပန်းလွယ်တတ်တာပါ။

ဒါပေမယ့် ဒါတွေဖတ်လိုက်လို့တော့ လူနာအနေနဲ့ တအားမလန့်သွားပါနဲ့နော်။

Kissing Disease ခေါ် အကျိတ်ရောင်ရောဂါဟာ (၂-၄) ပတ်တွင်း ပြန်သက်သာကြတာပိုများပြီး အသက်ဆုံးရှုံးနှုန်း နည်းတဲ့ရောဂါ ဖြစ်ပါတယ်။

အားလုံးဘဲ ကျန်းမာကြပါစေရှင်…။

Dr Cool
Telekyanmar

Ref: 📚
https:// www. nhs. uk / conditions/glandular-fever/

https:// www. healthdirect. gov. au / amp/article/glandular-fever#diagnosis

https:// emedicine. medscape. com / article/784513-overview?form=fpf#a4

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here