Kidney Disease(ကျောက်ကပ်ရောဂါ)(December, 2022)

Kidney Disease (ကျောက်ကပ်ရောဂါ)

ကျောက်ကပ်ရောဂါဟာ အဖြစ်များပါတယ်။ အဓိကအားဖြင့်တော့ ဆီးချိုသေချာမထိန်းတဲ့သူတွေနဲ့ သွေးတိုးရှိတဲ့သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။

ကျောက်ကပ်ရောဂါဖြစ်စေတဲ့ အခြေခံအကြောင်းရင်းတွေကတော့…

–ကျောက်ကပ်ရဲ့ အခြေခံယူနစ်လေးတွေ ဖြစ်တဲ့ nephron တွေ ရောင်တာ (glomerulonephritis)

–ကျောက်ကပ်မှာ အရည်အိတ်တွေ ဖြစ်လာတာ (polycystic kidney disease)

–ဆီးအိမ်ကနေ ကျောက်ကပ်ကို ဆီးနောက်ပြန်သွားလို့ ဖြစ်တဲ့ (reflux kidney disease)

–တချို့သော ဆေးဝါးတွေနဲ့

–ကျောက်ကပ်ကို သွေးတွေပို့ပေးတဲ့ သွေးကြောကျဥ်းတာ (renal artery stenosis) ကြောင့်လည်း ဖြစ်တတ်ပါတယ်။
..
..

ပုံမှန်ဆိုရင်ကျောက်ကပ်က ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ပေးလဲ ?

ပုံမှန်အားဖြင့် ကျောက်ကပ်ဟာ…

– သွေးဖိအား ( blood pressure )ကို ထိန်းညှိပေးတယ်

– ခန္ဓာကိုယ်အတွင်းက ရေပမာဏ ၊ sodium, potassium တို့လို ဓာတ်ဆားတွေရဲ့ ပမာဏကို ထိန်းညှိပေးတယ်

– သွေးအားနည်းရောဂါကိုလည်း ကာကွယ်ပေးပါတယ်
..
..

ကျောက်ကပ်ပျက်စီးတယ်ဆိုတာ ဘာလဲ?

ကျောက်ကပ်ဟာ ချို့ယွင်းချက် တစ်ခုခုကြောင့် သူ့ရဲ့ အလုပ်တွေ မလုပ်နိုင်တော့တာကို kidney failure လို့ ခေါ်ပါတယ်။

kidney failure မှာ ပုံစံ (၃) မျိုး ရှိပါတယ်။

– Acute failure ( ကျောက်ကပ်ဟာ ရုတ်တရက် အချိန်တိုအတွင်းမှာပဲ ပျက်စီးသွားတာ )

– Chronic failure ( တဖြည်းဖြည်းနဲ့ ပျက်စီးပြီး နှစ်ကြာလာတဲ့အခါ အလုပ်မလုပ်နိုင်တော့တာ )

– End-stage failure ( ကျောက်ကပ်အလုပ်ကို စက်ပစ္စည်းအကူညီနဲ့ လုပ်ရတဲ့အထိ ပျက်စီးသွားတာ )

အများအားဖြင့်တော့ ကျောက်ကပ်ပျက်စီးမှုတော်တော်များများဟာ တဖြည်းဖြည်းနဲ့ အချိန်ကြာမှ ဖြစ်တတ်တဲ့ Chronic failure အမျိုးအစား များပါတယ်။

ဒီလိုတဖြေးဖြေးနဲ့ပျက်စီးသွားတဲ့ အခြေအနေကို Chronic Kidney Disease ( CKD )လို့လည်း ခေါ်ပါသေးတယ်။ CKD ဖြစ်နေတဲ့သူတွေဟာ ဖြစ်နေမှန်း မသိတာတွေလည်း ရှိနိုင်ပါတယ်။

CKDမှာ ကျောက်ကပ်တွေ တဖြေးဖြေးပျက်စီးပြီး သွေးထဲက အညစ်အကြေးတွေကို ထိထိရောက်ရောက် မစွန့်ပစ်နိုင်ဘဲ ခန္ဓာကိုယ်မှာ အဆိပ်အတောက်၊ အညစ်အကြေး​တွေ ပုံလာပါတယ်။

CKD ဟာ အဆင့် (၅) ဆင့်ရှိပါတယ်။ အဆင့် (၄) နဲ့ (၅) ဟာ အန္တရာယ်များပြီး အထူးဂရုစိုက်ဖို့ လိုပါတယ်။

CKD အဆင့် ( ၁၊ ၂၊ ၃ ) မှာ ရောဂါလက္ခဏာမရှိတတ်ပါဘူး။

CKD အဆင့် ( ၄ နဲ့ ၅ ) မှာတော့

– မအီမသာ ဖြစ်တာ
– မောပန်းတာ၊ ထိုင်းမှိုင်းတာ
– စားချင်စိတ်မရှိတာ
– ပျို့တာ၊ အန်တာ
– ကြွက်တက်တာ
– အရေပြားခြောက်တာ၊ ယားတာတွေ ဖြစ်တတ်ပါတယ်။

CKD ဖြစ်စေနိုင်တဲ့ အခြေအနေတွေကတော့…

–ဆီးချို
–သွေးတိုး
–အဝလွန်
–မိသားစုဝင်​တွေမှာ ကျောက်ကပ်ရောဂါ ရှိတာ
–အသက်ကြီးလာတာ (အိုလာတာ)
– aboriginal or Torres strait islander descent ( သြစတေးလျ ရှေးလူမျိုးတွေမှာ)
–ဆေးလိပ်သောက်တာ
–မူးယစ်ဆေးဝါး အလွန်အကျူးသုံးတာဟာ CKD ဖြစ်နိုင်ခြေ များစေပါတယ်။
..
..

” CKD ရဲ့ နောက်ဆက်တွဲပြဿနာများ “

ပုံမှန်ဆို ဆီးကတစ်ဆင့် စွန့်ပစ်ရမယ့် urea နဲ့ potassium လို ဓာတုပစ္စည်းတွေဟာ သွေးထဲမှာပုံလာတဲ့အတွက် ကျောက်ကပ်တွေဟာ ဆီးထဲမှာပါသွားရမယ့် ရေပမာဏကို ထိန်းညှိဘို့ ခက်ခဲလာပါတယ်။

အစပိုင်းမှာတော့ သွေးအားနည်းတာ (anemia)၊ သွေးတိုးတာ ( high blood pressure) တို့ ဖြစ်တတ်ပါတယ်။

ရေရှည်မှာတော့ အထက်ကပြောခဲ့တဲ့အတိုင်း ကျောက်ကပ်လုံးဝ အလုပ်မလုပ်နိုင်တော့တဲ့အခြေအနေ End-stage failure ဖြစ်သွားပါမယ်။

*** မှတ်သားဖွယ်တစ်ခုကတော့ သွေးတိုးကြောင့် CKD ဖြစ်နိုင်သလို CKD ကြောင့်လည်း သွေးတိုးနိုင်တယ်ဆိုတာပါပဲ ***
..
..

ဘယ်အခါ CKD လို့ ရောဂါနာမည် တပ်မလဲ?

သွေးနဲ့ ဆီးထဲမှာရှိတဲ့ creatinine နဲ့ albumin ပမာဏတွေက ကျောက်ကပ်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို ညွှန်းပြနိုင်ပါတယ်။

သွေးစစ်တဲ့ အခါမှာ eGFR ( estimated glomerular filtration rate) ကို သုံးလေ့ရှိပါတယ်။

ပုံမှန်ဆို eGFR 90 အထက်ရှိပါတယ်။

eGFR 30 အောက်ရောက်နေရင် ရောဂါပြင်းထန်နေပီး 15 အောက် ရောက်ရင်တော့ end-stage failure ဖြစ်ပါတယ်။

CKD ဘယ်လို ကုမလဲ?

(Early-stage CKG) CKD အစောပိုင်း အဆင့်တွေမှာ

– အစားအစာ သတိထားရပါမယ် အသား၊ အဆီ၊ ဆား ( sodium၊ potassium ) လျော့စားရပါမယ်။

– ဆေးဝါးတွေကို သတိထားပြီး သောက်ရပါမယ်။

– ရေ အလုံအလောက် သောက်ရပါမယ်။ ( fluid in- fluid out မှတ်ထားသင့်ပါတယ် )

– ဆေးလိပ်မသောက်ရပါ

– ပုံမှန် လေ့ကျင့်ခန်း လုပ်ရပါမယ်

– ဆေးအနေနဲ့ CKD အစောပိုင်း အဆင့်​တွေမှာ ACE inhibitor ကို သုံးကြပါတယ်။ ACE inhibitor က blood pressure ကိုလည်း ကျစေပါတယ်။
..

(End-stage CKD) CKD ပိုဆိုးလာတဲ့အခါ

– dialysis (ကျောက်ကပ်ဆေးတာ)

– transplantation (ကျောက်ကပ် အစားထိုးတာ)တွေ လုပ်လို့ ရပါတယ်။
..

Dialysis ( ကျောက်ကပ်ဆေးခြင်း )

Dialysis ဟာ ကျောက်ကပ်တွေ ပျက်စီးသွားတဲ့အခါ သွေးထဲမှာ ပုံလာတဲ့ အညစ်အကြေးတေကို ဖယ်ရှားပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

Dialysis လုပ်တဲ့ အဓိကနည်း (၂) ခု ရှိပါတယ်။

• Haemodialysis

ကျောက်ကပ်ရဲ့ အလုပ်တွေကို လုပ်ပေးနိုင်တဲ့ စက်တစ်မျိုးကို အသုံးပြုကြပါတယ်။ ခန္ဓာကိုယ်မှ သွေးတွေကို စုပ်ယူပြီး ဒီစက်ကနေတစ်ဆင့် အညစ်အကြေးတွေကို စစ်ချလိုက်ပါတယ်။ ဒီ့နောက် သန့်စင်ပြီးသားသွေးတွေကို ဖယ်ရှားခဲ့တဲ့နှုန်းအတိုင်း ခန္ဓာကိုယ်ထဲ ပြန်စီးဝင်စေပါတယ်။

Haemodialysis တစ်ခါလုပ်ရင် (၄)နာရီကနေ (၆)နာရီ ကြာတတ်ပြီး တစ်ပတ် (၃ )ကြိမ်ခန့် လုပ်လေ့ရှိပါတယ်။
( Nocturnal dialysis လို့ခေါ်တဲ့ အိပ်နေစဥ် ညတွင်းချင်း လုပ်တဲ့ dialysis မျိုးလဲ ရှိပါတယ် )

• Peritoneal dialysis

Peritoneal dialysis ဆိုတာဟာ ဗိုက်ရဲ့ဝမ်းခေါင်း ( peritoneal cavity ) ထဲ သန့်စင်စေတဲ့အရည်ထိုးသွင်းကာ အသုံးပြုပြီးသားအရည်ကို စုပ်ထုတ်ပြီး အရည်ကို လဲလှယ်ရတာပါ။ ပိုးကင်းစင်တဲ့နေရာဖြစ်ရင် peritoneal dialysis ကို အိမ်မှာလည်း လုပ်နိုင်ပါတယ်။

Peritoneal dialysisမှာ (၂) မျိုး ထပ်ရှိပါတယ်။

– Continuous Ambulatory Peritoneal Dialysis (CAPD)
တစ်ခါပြုလုပ်ရင် မိနစ် (၃၀) ခန့်ကြာပြီး တစ်ရက် (၄) ကြိမ် လုပ်ရပါတယ်။

– Automated Peritoneal Dialysis (APD)
အိပ်နေစဥ် အရည်များကို လဲလှယ်ပေးတဲ့စက် cycler ကို အသုံးပြုရပါတယ်။
..
..

Kidney Transplantation ( ကျောက်ကပ်အစားထိုးကုသခြင်း )

( သက်ရှိ သို့ သက်မဲ့ အလှူရှင်မှ ) ကျောက်ကပ်အစားထိုးရင် ပိုပြီးလွတ်လွတ်လပ်လပ်ရှိပေမယ့် လူနာဟာ တစ်သက်လုံး ဂရုတစိုက်နေရမှာဖြစ်ပြီး ခန္ဓာကိုယ်က အစားထိုးထားတဲ့ကျောက်ကပ်ကို ပြန်မတိုက်ခိုက်ဖို့ ဆေးတွေသောက်ဖို့ လိုပါလိမ့်မယ်။

ပျက်စီးသွားတဲ့ ကျောက်ကပ်ဟာ ခန္ဓာကိုယ်ထဲမှာပဲ ကျန်ရစ်ခဲ့ပေမယ့် အန္တရာယ်မပြုပါဘူး။

Reference: ????
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.298

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#CKD#ကျောက်ကပ်ရောဂါ
#kidneydisease

Ministry of Health,

National Unity Government.

Published on: 18 December 2022
Last Updated: 18 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ

သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ...

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum

Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...