ထိခိုက်ရှနာ ဒဏ်ရာ၊ ခွဲစိတ်ထားတဲ့ ချုပ်ရိုး စတဲ့နေရာတွေမှာ အနာကျက်လာတဲ့အခါ (အသားတက်လာတဲ့အခါ) ယားယံတာမျိုးကို ခံစားရတတ်ကြပါတယ်။

ဒါဟာ ဘာကြောင့်လဲဆိုရင် အနာကို ခန္ဓာကိုယ်က ပြန်လည်ပြုပြင်တဲ့အချိန် ထွက်ပေါ်လာတဲ့ အချို့သော ဓာတ်ပစ္စည်းတွေကြောင့်ပါ။ Cytokines, histamine စတဲ့ ဓာတ်ပစ္စည်းတွေဟာ အနာရဲ့ဘေးနားမှာရှိတဲ့ အာရုံကြောတွေကို နှိုးဆွမိသွားတာကြောင့် ဦးနှောက် (အသိစိတ်) မှာ ယားယံတယ်လို့ ခံစားရတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ယားလို့ဆိုပြီး အနာကို ကုတ်ဖဲ့ပွတ်သပ်တာမျိုး မလုပ်ရပါဘူးနော်။

ကုတ်တာ ပွတ်တာတွေဟာ အာရုံကြောတွေကို ထပ်မံနှိုးဆွမိသလို ဖြစ်သွားတာကြောင့် ယားယံတာကို ပိုဆိုးစေတဲ့အပြင် အခန့်မသင့်ရင် အနာထဲကို ရောဂါပိုးတွေ ဝင်ရောက်စေပြီး အနာကျက်တာကို ပိုဆိုး/ပိုနှေးစေလို့ပါ။

ယားယံမှုကို သက်သာစေဖို့အတွက်ဆို ရေခဲကပ်ပေးတာမျိုး လုပ်ပေးလို့ရပါတယ်။ အနာနဲ့ ရေခဲ တိုက်ရိုက်မထိတွေ့ရပါ။ ရေခဲကို အဝတ်စ သို့ ပလပ်စတစ် တစ်ခုခုနဲ့အုပ်ပြီးမှ ကပ်ပေးရပါမယ်။

တကယ်လို့ ဒီနည်းလမ်းနဲ့မှ အဆင်မပြေသေးရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပါနော်။ ကိုယ်နဲ့သင့်တော်မယ့် သောက်ဆေး သို့ လိမ်းဆေးကို ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။ မိမိသဘောနဲ့မိမိ အခြားဘာကိုမှ မလုပ်ပါနဲ့။

ကြက်သားစားလို့ အသားတက်တာ၊ အနာကောင်းအောင် ကြက်သားများများစားပေး ဆိုတာမျိုးကလည်း မဟုတ်ပါနော်။ (မဟုတ်ရင် ကမ္ဘာနဲ့တစ်ဝှမ်း နာမည်ကြီးဆေးရုံကြီးတွေက ခွဲစိတ်ပြီးခါစလူနာတွေကို ကြက်သားတွေချည့် လှိမ့်ကျွေးနေတော့မှာပေါ့… စဥ်းစားကြည့်ပါနော်)

အာဟာရပြည့်ဝအောင် အစာအုပ်စုစုံလင်အောင် မျှမျှတတ စားပေးဖို့ပဲ လိုပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေ၊ ထိခိုက်ဒဏ်ရာတွေ ရှိနေခဲ့ရင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့မနေစေဖို့ အရေးကြီးပါတယ်။

ဒီလောက်ဆိုရင်တော့ အနာကျက်တာနဲ့ပတ်သက်ပြီး အခြေခံဗဟုသုတတချို့ကို အထိုက်အလျောက် ခြုံငုံမိစေပြီလို့ ထင်ပါတယ်နော် 😍

အားလုံးပဲ ထိခိုက်ဒဏ်ရာအပေါင်းမှ ကင်းဝေးကြပါစေ…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here