ဓားသွားထက် ပျားရည်စက်လို ခုံမင်နေတယ်…♫♪♪
????ဒီနေ့မှာတော့ ဓားသွားထက်က ပျားရည်စက်လေးက ဘာလို့ ခုံမင်စရာကောင်းနေလဲဆိုတာ ပြောပြသွားပါမယ်။
…
…
????ပျားကောင်လေးတွေ ပန်းဝတ်ရည်စုဆောင်းရာကနေ ရလာတဲ့ ပျားရည် (၁) ဇွန်းမှာ…
* ကယ်လ်လိုရီ (၆၁) ယူနစ်
* ကာဗိုဟိုက်ဒရိတ် (၁၇) ဂရမ်
* ကော့ပါး (၁%)
* သတ္တုဓာတ်နဲ့
* ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။
…
…
????ပျားရည်ရဲ့ အာနိသင်များ
⦿ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။
Flavonoids/ phenolic acids စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေ ပါဝင်နှုန်းမြင့်မားတဲ့အတွက် ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းကနေ ကာကွယ်ပေးပြီး ကင်ဆာနဲ့ တခြားနာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
.
⦿ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။
ပျားကောင်လေးတွေက ထုတ်ပေးတဲ့ ပစ္စည်းတစ်မျိုးဖြစ်တဲ့ Resin က သွေးတွင်းအဆီဓာတ်ကို ကျစေပြီး နှလုံးခုန်နှုန်းကို ပုံမှန်ထိန်းညှိပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ပျားရည်မှာပါဝင်တဲ့ polyphenols လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
.
⦿ အနာကျက်မြန်စေပါတယ်။
ရှေးယခင်ကာလတွေကတည်းက ပျားရည်ဟာ အနာကျက်စေတဲ့ ဆေးတစ်လက်ပါပဲ။ အရေပြားတစ်ရှူးတွေကို ပြန်လည်ကျန်းမာစေတဲ့အတွက် အနာကျက်မြန်စေသလို အနာပိုးဝင်ကူးစက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
.
⦿ အအေးမိ လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။
လည်ချောင်းနာ အသံဝင်တဲ့အခါ ရေနွေးပူပူထဲကို ပျားရည်နဲ့ သံပုရာရည် ညှစ်ထည့်ပြီးသောက်တာဟာ လူသိများတဲ့ အိမ်တွင်းကုထုံးတစ်ခုပဲ ဖြစ်ပါတယ်။
.
❗သတိပြုရန်
????ပိုးမသန့်စင်ရသေးတဲ့ ပျားရည်မှာ အစာအဆိပ်သင့်စေနိုင်တဲ့ Clostridium botulinum ဆိုတဲ့ ရောဂါပိုးပါနိုင်တဲ့အတွက် ကလေးငယ်တွေကို မတိုက်ကျွေးခင် အထူးဂရုစိုက်သင့်ပါတယ်။
????ပျားရည်နဲ့ ဓာတ်မတည့်တာ ဖြစ်ဖူးတယ်ဆိုရင်တော့ မစားသုံးသင့်ပါဘူး။
????ပျားရည်မှာပါဝင်တဲ့ ကစီဓာတ်/အချိုဓာတ် (Fructose) ဟာ ပုံမှန်သကြားထက်စာရင် သွေးချိုဆောင့်တက်နှုန်း အနည်းငယ်နှေးတယ်ဆိုပေမယ့် ပျားရည်/သကြား စတာတွေဟာ ဆီးချိုသွေးချိုကို ပိုဆိုးစေတာ အတူတူပဲမို့ “ တန်ဆေးလွန်ဘေး” ဆိုတဲ့အတိုင်း ဆီးချိုသမားတွေအနေနဲ့ ပမာဏအနည်းငယ်လောက်ကိုပဲ အထူးဂရုပြု စားသုံးသင့်ပါကြောင်း အကြံပြုလိုက်ပါရစေနော်။
????Reference
https: // www . healthline . com /nutrition/benefits-of-honey
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.