????HIV ပိုးရှိသူကို တက်တူးထိုးထားတဲ့အပ်မှာ ပိုးက အချိန်ဘယ်လောက်ကြာကြာ ရှင်သန်နိုင်ပါသလဲ။နောက်လူမထိုးခင် အဲဒီအပ်ကို မီးမြှိုက်ပြီးထိုးရင်ရော ကူးနိုင်ပါသလား။

????သွေးပေနေတဲ့အပ်က HIV ပိုးရှိနေတာဆိုရင် ကူးနိုင်ခြေရှိတယ်ပဲ ပြောရမှာပါ။ ပေနေတဲ့သွေးထဲ ပါဝင်နေတဲ့ ပိုးကောင်ရေပမာဏနဲ့ ထိတွေ့တဲ့မျက်နှာပြင်ပေါ် မူတည်ပြီး တစ်နာရီ နှစ်နာရီမှစ ၂၄ နာရီကျော်အထိ ရှင်သန်နိုင်ခြေ ကွာပါမယ်။

ကြမ်းပြင်၊ စားပွဲ အစရှိတဲ့ နေရာတွေထက်စာရင် ဆေးထိုးအပ်တွေမှာဆို ပိုပြီးကြာကြာ ရှင်သန်နိုင်ပါတယ်။ တစ်ခါသုံးအပ်ကို မမျှဝေဘဲ ထိုးမှသာ ကူးစက်နိုင်ခြေကို မရှိအောင် လျှော့နိုင်မှာပါ။ တက်တူးအပ်တွေမှာလည်း ဆေးထိုးအပ်တွေလို အရွယ်အစား၊ အခေါင်းပေါက် ပါ/မပါ မျိုးစုံရှိနိုင်တဲ့အတွက် ဘယ်လောက်ရာခိုင်နှုန်းရှိတယ်ဆိုပြီး အာမခံပြီး ပြောပြလို့မရပါဘူး။

အပေါ်မှာ ပြောထားသလို ထိုးထားမိတယ်ဆိုရင် risk ရှိနိုင်တဲ့အတွက် ၃ လအကြာမှာတစ်ခါ မဖြစ်မနေ သွေးစစ်ပေးပါ။ HIV တင်မကဘဲ အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုးပါ ပါပါတယ်။ ဘီပိုးစီပိုး ကူးစက်နိုင်ခြေက HIV ပိုးထက် မြင့်နေတာမို့လို့ပါ။

နောက်အခေါက်တွေ တက်တူးထိုးဖို့ကြုံလာရင် ထိုးပေးမယ့် တက်တူးဆရာကို အားမနာတမ်း တစ်ခါသုံး အပ်ပဲ သုံး/မသုံး မေးဖို့၊ အပ်ဖောက်တဲ့အချိန်ကအစ ကိုယ်မျက်စိရှေ့မှာဖြစ်ဖို့၊ ဆေးရည်ခွက်ကိုလည်း ကိုယ်တစ်ယောက်ထဲသုံးတဲ့ ခွက်အသစ်လေးဖြစ်ဖို့ စတာတွေပါ လိုပါတယ်။

❤️❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here