သွေးရောဂါပြဿနာများ
သွေးတိတ်စေတဲ့ သွေးဆဲလ် (Platelets) တွေ ဖျက်စီးခံရတဲ့အခါ “ Immune Thrombocytopenic Purpura (ITP)” ...
*** သွေးတိတ်စေတဲ့ သွေးဆဲလ် (Platelets) တွေ ဖျက်စီးခံရတဲ့အခါ ***
???? ရိုးတွင်းချဥ်ဆီကနေ ထုတ်ပေးတဲ့ ကျွန်တော်တို့ရဲ့သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားလေးတွေ ပါဝင်ပါတယ်။
ခန္ဓာကိုယ်မှာ အကြောင်းတစ်ခုခုကြောင့် သွေးထွက်တဲ့အခါ Platelets လို့ခေါ်တဲ့ သွေးဥမွှားလေးတွေက သွေးတိတ်စေဖို့ လုပ်ဆောင်ပေးပါတယ်။
ဒီနေ့မှာတော့ ကလေးတွေမှာအဖြစ်များတဲ့ ကိုယ်ခံအားစနစ်မမှန်ခြင်းကြာင့် သွေးဥမွှားများ...
သွေးခဲနှုန်း စစ်ဆေးခြင်း D-dimer Test (November,2023)
သွေးခဲနှုန်း စစ်ဆေးခြင်း (D-dimer test)
သွေးခဲနှုန်း စစ်ဆေးခြင်း (D-dimer test) ဟာ သွေးခဲခြင်းဆိုင်ရာ ပြဿနာတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက် ကူညီပေးပါတယ်။
သွေးခဲခြင်းဆိုတာ သွေးကြောတွေ ထိခိုက်ဒဏ်ရာရတဲ့အခါ သွေးအလွန်အကျွံ မဆုံးရှုံးစေဖို့ ကူညီပေးတဲ့ အရေးကြီးလုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့နေရာမှာ ပရိုတင်းတွေ ပေါင်းစည်းလိုက်ပြီး သွေးခဲတွေ ဖြစ်ပေါ်လာပါတယ်။...
သွေးခဲခြင်းနှင့် သွေးထွက်ခြင်းဆိုင်ရာ ပြဿနာ Disseminated Intravascular Coagulation (DIC) (November,2023)
သွေးခဲခြင်းနှင့် သွေးထွက်ခြင်းဆိုင်ရာ ပြဿနာ ( DIC )
Disseminated intravascular coagulation (DIC) ဆိုတာ သွေးခဲခြင်းနှင့် သွေးထွက်ခြင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်တဲ့ ပြင်းထန်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ပိုးဝင်ခြင်းနဲ့ ကင်ဆာ စတဲ့ အရင်းခံကျန်းမာရေးအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။
DIC မှာ အဆင့်နှစ်ဆင့် ပါရှိပါတယ်။ ပထမအဆင့်က...
သွေးဆိပ်တက်ခြင်းအကြောင်း Septicemia (October,2023)
သွေးဆိပ်တက်ခြင်းအကြောင်း
သွေးဆိပ်တက်ခြင်း (Septicemia) ဆိုတာဟာ သွေးထဲမှာ ဘက်တီးရီးယားပိုးမွှားတွေ အလွန်ပျံ့နှံ့နေတဲ့ အခြေအနေကို ခေါ်တာပါ။
ခန္ဓာကိုယ်ရဲ့ ဘယ်အင်္ဂါအစိတ်အပိုင်းကနေမဆို ပျံ့နှံ့လာတဲ့ ပိုးတွေဟာ သွေးထဲကိုရောက်လာရင် သွေးဆိပ်တက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ များသောအားဖြင့် အဆုတ်၊ ဆီးလမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ကျောက်ကပ် စတဲ့နေရာတွေမှာ ပိုးဝင်တဲ့အခါ အကျိုးဆက်အနေနဲ့ သွေးဆိပ်တက်ခြင်းကို...
ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါ Anaemia in Pregency
“ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါ”
ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်တွေဟာ သွေးအားနည်းတတ်လေ့ရှိပါတယ်။ အကြောင်းရင်းကတော့ ကိုယ်ဝန်ဆောင်စဉ် မိခင်အတွက်ရော သန္ဓေသားဖွံ့ဖြိုးမှုအတွက်ပါ သွေးနီဥနဲ့ ဆဲလ်တွေ ပိုထုတ်ရလို့ ဖြစ်ပါတယ်။
ဒီလိုအချိန် သွေးနီဥတွေ လုံလောက်စွာ ထုတ်လုပ်ဖို့ အာဟာရဓာတ်တွေ လုံလောက်မှုမရှိတဲ့အခါ (သို့) ခန္ဓာကိုယ်မှ ဆုံးရှုံးလိုက်ရတဲ့အခါမျိုးမှာ သွေးအားနည်းရောဂါ ခံစားရနိုင်ပါတယ်။
..
..
❕သွေးအားနည်းရောဂါ အမျိုးအစားများ
သွေးအားနည်းရောဂါ ဖြစ်စေတဲ့...
မြွေကိုက်ခံရခြင်း “ Snake Bite” (May 2023)
ဒီရက်ပိုင်း မြွေကိုက်ခံရတဲ့လူနာတွေ ခပ်စိပ်စိပ်တွေ့နေရလို့.....မြွေအကြောင်း အခြေခံဗဟုသုတတွေနဲ့ မြွေကိုက်ခံရခြင်းနဲ့ ပတ်သတ်တဲ့အကြောင်းတွေကို မျှဝေပါရစေ.......
မြန်မာနိုင်ငံမှာရှိတဲ့ အဆိပ်ရှိ (အဆိပ်ပြင်း) မြွေတွေကို Elapidae နဲ့ Viperidae ဆိုပြီး အဓိကအုပ်စု (၂) ခု ခွဲခြားထားပြီး၊ အတန်အသင့် အဆိပ်ရှိတဲ့မြွေတွေကတော့ Colubridae ဆိုတဲ့ တတိယအုပ်စုထဲမှာ ပါဝင်ပါတယ်။
ဒီလို...
သွေးနီဥဆဲလ်များ ပျက်စီးစေသည့် Thalassemia ရောဂါ (March, 2023)
" သွေးအားနည်းရောဂါတစ်မျိုး (သို့မဟုတ်) သွေးနီဥဆဲလ်များ ပျက်စီးစေသည့် Thalassemia ရောဂါ "
သလာဆီးမီးယား (Thalassemia) ဆိုတာ မျိုးရိုးလိုက်တတ်တဲ့ မွေးရာပါ သွေးရောဂါတစ်မျိုး ဖြစ်ပါတယ်။ Thalassemia ဟာ သွေးနီဥတွေ အောက်ဆီဂျင် သယ်ဆောင်ဖို့ လိုအပ်တဲ့ Hemoglobin ကို နည်းစေ/ပျက်စီးစေတာကြောင့် သွေးအားနည်းရောဂါလို့လည်း...
ကိုယ်ဝန်ဆောင်ချိန် သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်း Anaemia in Pregnancy (February, 2023)
မေမေများ သိကောင်းစရာ ကိုယ်ဝန်ဆောင်ချိန် သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်း
အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်နေစဥ်ကာလက အပင်ပန်းဆုံးကာလပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိကိုယ်ကို ဂရုစိုက်ရတဲ့အပြင် လူ့ဘဝထဲကို ရောက်မလာသေးတဲ့ ကိုယ့်ရဲ့ သားသမီးရတနာလေးအတွက်ပါ အထူးသတိထားနေထိုင်ရလို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်နေစဥ်ကာလမှာတော့ သတိထားရမယ့် ရောဂါတွေထဲက တစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းရောဂါနဲ့...
သွေးအကျိတ်ကင်ဆာ (ခေါ်) ပြန်ရည်ကျိတ်ကင်ဆာ ( Lymphoma)
သွေးအကျိတ်ကင်ဆာ (ခေါ်) ပြန်ရည်ကျိတ်ကင်ဆာ ( Lymphoma)
သွေးအကျိတ်ကင်ဆာကို ပြန်ရည်ကျိတ်ကင်ဆာလို့လည်းခေါ်ပြီး ဆေးပညာအခေါ်အဝေါ်အရတော့ Lymphoma လို့ ခေါ်ပါတယ်။ သွေးကင်ဆာရောဂါအားလုံးမှာ အဖြစ်အများဆုံးလို့ ဆိုလို့ရပါတယ်။ ပြန်ရည်ကျိတ်ကင်ဆာ ဖြစ်ခဲ့ရင် သွေးဖြူဥတစ်မျိုးဖြစ်တဲ့ lymphocyte တွေဟာ အထိန်းအချုပ်မရှိ ပွားများလာပြီး ခန္တာကိုယ်တစ်ခုလုံးမှာရှိတဲ့ ပြန်ရည်ကျိတ်တွေ ကြီးထွားရောင်ရမ်းလာကြပါတယ်။
ပြန်ရည်ကြောစနစ်...
” သွေးကျိတ် (သို့မဟုတ်) ပြန်ရည်ကြောအကျတ်များ ကြီးလာခြင်း (Lymph Gland Enlargement ) “
" သွေးကျိတ် (သို့မဟုတ်) ပြန်ရည်ကြောအကျိတ်များ ကြီးလာခြင်း (Lymph Gland Enlargement ) "
ပြန်ရည်ဂလင်း (lymph gland) (သို့မဟုတ်) ပြန်ရည်ကြောအကျိတ် (lymph node) တွေဟာ ခန္ဓာကိုယ်အနှံ့အပြားမှာ အတွဲလိုက်၊ အုပ်စုလိုက် ရှိတတ်ပါတယ်။ ပြန်ရည်ဂလင်းတွေကို သားငံရည်ပြန်ပြွန်ကြော(Lymphatic Channel)...
သွေးကျဲဆေးများအကြောင်း သိကောင်းစရာ
????သွေးပျစ်ခြင်းအကြောင်း ဗဟုသုတတွေ မျှဝေပေးပြီးပြီဆိုတော့ သွေးကျဲဆေးအကြောင်းပြောပြပါမယ်။ ခန္ဓာကိုယ်သွေးကြောမျှင်လေးတွေမှာ သွေးခဲပိတ်ခြင်းကို ကာကွယ်ဖို့အတွက် သွေးကျဲဆေးသောက်ရပါတယ်။ သွေးကျဲဆေးကို ပါးစပ်ကနေသောက်သုံးနိုင်သလို အကြောဆေးသွင်းလို့လည်းရပါတယ်။ အထူးသဖြင့် နှလုံးရောဂါရှိသူတွေမှာ သွေးကျဲဆေးကို သောက်သုံးရပါတယ်။
..
..
????သွေးကျဲဆေးအမျိုးအစား (၂)မျိုး ရှိပါတယ်။
(၁) Antiplatelet drugs - Platelets လို့ခေါ်တဲ့ သွေးဆဲလ်ငယ်လေးများ တစ်ခုနဲ့တစ်ခုပူးမိပြီး...
Thick Blood/ Hypercoagulability(သွေးပျစ်ခြင်း) ( November, 2022)
သွေးပျစ်ခြင်း ( Thick Blood/ Hypercoagulability )
????သွေးပျစ်ခြင်းဆိုတာ ဘာလဲ ?
သွေးဟာ ဆဲလ်၊ ပရိုတင်းနှင့် သွေးခဲစေတဲ့အရာဝတ္ထုတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ ခန္ဓာကိုယ်မှာလည်ပတ်နေတဲ့သွေးဆဲလ်တွေ များလာတဲ့အခါ၊ သွေးခဲခြင်းကိုအကျိုးသက်ရောက်မှုရှိတဲ့ ရောဂါတွေဖြစ်တဲ့အခါနဲ့ သွေးခဲစေတဲ့ပရိုတင်းတွေ များလာတဲ့အခါမျိုးမှာ သွေးပျစ်လာပါတယ်။
????သွေးပျစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ ?
သွေးပျစ်ခြင်းဟာ မွေးရာပါရောဂါဖြစ်နိုင်သလို အသက်ကြီးမှ...
Anaemia (သွေးအားနည်းရောဂါ) (November, 2022)
" သွေးအားနည်းရောဂါ Anaemia "
သွေးအားနည်းတယ်ဆိုတာ ခန္ဓာကိုယ်တစ်သျှူးတွေဆီကို လိုအပ်တဲ့အောက်ဆီဂျင်ပမာဏ သယ်ဆောင်ပေးဖို့အတွက် သွေးနီဥလေးတွေ လုံလောက်စွာ မရှိနေခြင်းကြောင့် ဖြစ်ပါတယ်။
သွေးအားနည်းရောဂါအမျိုးပေါင်းများစွာရှိပြီး ရေတိုဖြစ်နိုင်သလို ရေရှည်လည်းဖြစ်နိုင်ပါတယ်။ လူအများစုမှာတော့ သွေးအားနည်းရတဲ့အကြောင်းအရင်း တစ်ခုထက်ပိုရှိတတ်ပါတယ်။
သွေးအားနည်းရတဲ့အကြောင်းအရင်းပေါ်မူတည်ပြီးတော့ ကုသနည်းတွေကွဲပြားကြသလို အာဟာရပြည့်ဝအောင်စားသုံးပြီး ဖြည့်စွက်အားဆေးတွေသောက်သုံးမယ်ဆိုရင်တော့ သွေးအားနည်းခြင်းကို ကာကွယ်နိုင်ပါတယ်။
အဲ့တော့ အဖြစ်များတဲ့ သွေးအားနည်းရောဂါအမျိုးအစားတွေနဲ့ ဘာကြောင့်ဖြစ်ရလဲဆိုတာကို...
သံဓာတ်ချို့တဲ့ခြင်းကြောင့်သွေးအားနည်းခြင်း Patient Education: Iron Deficiency Anemia ( July, 2022)
ဟဲ့...ဟဲ့...လုပ်ကြပါဦး ! "
" ဟာ အမြန် ပွေ့ထူလိုက်လေ "
" မထသေးနဲ့ဦးဟဲ့....အဲ့မှာ နားပစေဦး ၊ ပြီးမှ အိမ်ထဲသွင်း....တစ်ယောက်လောက် ၊ သံပုရာရည်ဖျော်ထားစမ်း မြန် မြန် "
ဆူဆူညံညံအသံများကြောင့် ဦးဘညွန့်တစ်ယောက် အိမ်ရှေ့ထွက်ကြည့်တော့ ခြံထဲမှာ သန်းမြကို လူတွေဝိုင်းပြီး တွဲခေါ်လာတာ တွေ့ရသည်။
"...
G6PD ချို့တဲ့ခြင်းအကြောင်း သိကောင်းစရာ “ G6PD Deficiency” ( June, 2022 )
G6PD ချို့တဲ့ခြင်းအကြောင်း သိကောင်းစရာ (G6PD Deficiency)
❓ G6PD ချို့တဲ့တယ်ဆိုတာ ဘာလဲ
G6PD ဆိုတာ Glucose-6-Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်းတစ်မျိုးပါ။ G6PD အင်ဇိုင်းဟာ ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ သွေးနီဥတွေရဲ့ လုပ်ငန်းဆောင်တာတွေအတွက် လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်တဲ့ဖြစ်စဥ်မှာပါဝင်ပြီး ၊ သွေးနီဥတွေကိုအလွယ်တကူ မပြိုကွဲမပျက်စီးအောင် ကာကွယ်ပေးထားတဲ့...
နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း Epistaxis ( May, 2022 )
နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း
❓ဘာကြောင့် နှာခေါင်းသွေးယို/လျှံကြတာပါလဲ
နှာခေါင်း သွေးယိုခြင်းသည် ထိပ်ကပ်နာရှိသူများတွင် ပိုး၀င်၍သော်လည်းကောင်း၊ နှာခေါင်းခဏခဏနှိုက်ခြင်း ကြောင့်သော်လည်းကောင်း၊ နှပ်ခဏခဏ ညှစ်၍သော်လည်းကောင်း၊ အပူအအေးပြောင်းလဲလျင်သော်လည်းကောင်း၊ သွေးတိုးလျင်သော်လည်းကောင်း၊ နှာခေါင်းတွင်းကင်ဆာအမျိုးမျိုး၊ သွေးကြောထုံးအကြိတ်တို့ကြောင့် ဖြစ်တတ်ပါတယ်။
❓နှာခေါင်းသွေးယို/လျှံရင် အရေးကြီးပါသလား၊ ဘယ်လိုဖြစ်တတ်ပါသလဲ
နှာခေါင်းသွေးယိုခြင်းကို ရုတ်တရက် နှာခေါင်းပေါက်တစ်ဖက်မှ ယိုစီးလာတာကို စခံစားရတတ်ပါတယ်။ နှစ်ဘက်လုံးလဲ ယိုနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်းက တစ်ခါ၊...