ဟော်မုန်းနှင့်သက်ဆိုင်သောရောဂါပြဿနာများ

ဆီးချိုရောဂါနှင့် ခြေထောက်ကျန်းမာရေး (December,2023)

0
သင့်မှာ ဆီးချိုရောဂါရှိလာပြီဆိုရင် မိမိကိုယ်ကို အရင်ကနဲ့မတူဘဲ ပြုပြင်စီစဉ်ရတာတွေ များစွာရှိပါတယ်။ ဆီးချိုစစ်ကြည့်ရတာ၊ ဆေးတွေ နေ့စဉ်မပြတ်သောက်ရတာ၊ လေ့ကျင့်ခန်းလုပ်ဖို့၊ မတည့်တဲ့ အစားအသောက်တွေ မစားမိဖို့၊ ရက်ချိန်းမှန်မှန်ပြဖို့ စသည်ဖြင့် စီမံရမှာတွေ များနေမှာပါ။ ဒီလို စီမံရတာတွေထဲမှာ လူအတော်များများက ခြေထောက်ကိုဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ဒီနေ့မှာတော့ ဆီးချို‌နှီးနွယ် ခြေထောက်ရောဂါအကြောင်း...

“ ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ခြင်း (သို့မဟုတ်) ဆီးချိုနှီးနွယ် အာရုံကြောရောဂါ” (December,2023)

0
ဆီးချိုရောဂါဟာ သင့်ရဲ့အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေရဲ့ ထက်ဝက်ခန့်ဟာ အာရုံကြောထိခိုက်မှု ရှိတတ်ကြပြီး၊ ဒီလိုမျိုး ဆီးချိုကြောင့် အာရုံကြောထိခိုက်ခြင်းဟာ ခြေထောက်နဲ့ လက်တွေမှာသာမက ကိုယ်တွင်းအင်္ဂါတွေနဲ့ ကြွက်သားတွေမှာပါ ထိခိုက်နိုင်ပါတယ်။ ဒီအတွက် သိမှတ်ထားသင့်တဲ့ ဆီးချိုနှီးနွယ် အာရုံကြောရောဂါ အမျိုးအစားတွေကတော့... (၁) ဆီးချိုကြောင့် အစွန်အဖျား သိမှုအာရုံကြောများ ထိခိုက်ခြင်း (Symmetric...

ဆီးချိုနှင့် အာဟာရမှုန့်များ (December,2023)

0
ဒီတစ်ပတ်မှာတော့ လူနာတွေ အမေးများကြတဲ့ ဆီးချိုနို့မှုန့်နဲ့ အခြားဆက်စပ်အကြောင်းအရာလေးတွေကို ရှင်းပြသွားပါမယ်နော်။ လူနာတချို့ မေးကြပုံက ဒီလို... ဒီနို့မှုန့်ကို လိုင်းပေါ်မှာ ကြော်ငြာတာ တွေ့တယ်ပေါ့… သူများတွေ ၀ယ်သောက်တာလည်း ကောင်းတယ်ပြောတယ်။ အသိလူရင်းတွေတောင် နို့မှုန့်သောက်ပြီး ဆီးချိုဆေးမသောက်ဘဲ ဆီးချိုကျပြီး ကောင်းသွားတာဆိုပြီး... ဆီးချိုသွေးချိုသက်သာနိုး မျှော်လင့်ချက်လေးတွေနဲ့ပေါ့။ ကဲ….. ဆီးချိုသွေးချိုဆိုတဲ့အကြောင်းကတော့ မကြားချင်မှအဆုံး သိကြပြီးသားဆိုတော့ အသေးစိတ်မပြောလိုပေမယ့်...

ဆီးချိုရောဂါ၏ အရေးပေါ် ကျန်းမာရေးပြဿနာများ (November,2023)

0
ဆီးချိုရောဂါဟာ ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေတာ လူတိုင်းအသိပါပဲ။ နာတာရှည်ရောဂါဖြစ်တာကြောင့် ရေရှည်ကျန်းမာရေးဆိုးကျိုးများ ဖြစ်သလို အသက်အန္တရာယ်ရှိတဲ့ အရေးပေါ် ဆိုးကျိုးများလည်း ဖြစ်နိုင်ပါတယ်။ ဒီအထဲကမှ ဆီးချိုကြောင့် ဖြစ်ရတဲ့ အရေးပေါ် ကျန်းမာရေးပြဿနာများကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ . ‌ဆီးချိုရဲ့ အရေးပေါ် ရေတိုကျန်းမာရေးပြဿနာများကတော့ (၁) သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း (၂) သွေးတွင်းသကြားဓာတ်များပြီး သွေးတွင်းအက်ဆစ်ဓာတ်များခြင်း (Diabetic...

ကိုယ်ဝန်ဆောင်ခြင်းနှင့် ဆီးချိုရောဂါ Diabetes & Pregnancy (October,2023)

0
ကိုယ်ဝန်ဆောင်ခြင်းနှင့် ဆီးချိုရောဂါ အမျိုးသမီးများဟာ ကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ်များစွာ ‌ဖြစ်ပေါ်ပါတယ်။ ဒီအပြောင်းအလဲတွေထဲ သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်းဆိုင်ရာ အပြောင်းအလဲသည်လည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ အချို့အမျိုးသမီးများဟာ နဂိုက ဆီးချိုရောဂါအခံမရှိပါဘဲ ကိုယ်ဝန်ဆောင်ချိန်ရောက်မှ သွေးတွင်းသကြားဓာတ်များခြင်း ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအကြောင်းကို ဖတ်ကြည့်လိုက်ရအောင်နော်။ ... ... ကိုယ်ဝန်ဆောင်ခြင်းဟာ ဆီးချိုရောဂါအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိစေလဲ အမျိုးသမီးတစ်ဦး...

သွေးတွင်းသကြားဓာတ်နည်းခြင်း Hypoglycaemia (October,2023)

0
သွေးတွင်းသကြားဓာတ်နည်းခြင်း (Hypoglycaemia) သွေးတွင်းသကြားဓာတ်နည်းခြင်းကို Hypoglycaemia (Hypo - ဟိုက်ပို) လို့ ခေါ်ကြပါတယ်။ သွေးတွင်းသကြားဓာတ်နည်းခြင်းဟာ သင့်ကို မူးဝေကာ နေလို့မကောင်းဖြစ်စေပြီး အလုပ်လုပ်ခြင်း၊ ကားမောင်းခြင်း စတာတွေကို အနှောက်အယှက် ပေးနိုင်ပါတယ်။ ဒီပြဿနာ​ကို ဆိုးရွားစွာ မခံစားရအောင်၊ သကြားဓာတ်နည်းခြင်း မဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေ...

အမျိုးအစား (၂) ဆီးချိုရောဂါကို လေ့ကျင့်ခန်းဖြင့် ထိန်းညှိခြင်း Type 2 Diabetes Mellitus & Exercise(October,2023)

0
အမျိုးအစား (၂) ဆီးချိုရောဂါကို လေ့ကျင့်ခန်းဖြင့် ထိန်းညှိခြင်း တကယ်လို့ သင်ဟာ အမျိုးအစား (၂) ဆီးချိုရောဂါရှိနေပြီလို့ စစ်ဆေးတွေ့ရှိတဲ့အခါ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေကို ခံစားရနိုင်ပါတယ်။ ရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်မယ်ဆိုတာလည်း ခန့်မှန်းမရပါဘူး။အချို့သူများ ကြုံတွေ့ရမယ့် ကုသမှုများမှာ ရောဂါစရှိမှန်းသိတဲ့ လူနာများကို ဆေးစာပဲရေးပေးပြီး ဘာမှမရှင်းပြ‌တာတွေလည်း ဖြစ်နိုင်ပါတယ်။...

အမျိုးအစား (၁) ဆီးချိုရောဂါ Type 1 Diabetes Mellitus (October,2023)

0
အမျိုးအစား (၁) ဆီးချိုရောဂါ (Type 1 Diabetes Mellitus) အမျိုးအစား (၁) ဆီးချိုရောဂါဆိုတာ မုန့်ချိုအိတ် (ပန်ကရိယ) ကနေ အင်ဆူလင် လုံလုံလောက်လောက် ထုတ်မပေးနိုင်တဲ့ (သို့) လုံးဝမထုတ်တဲ့ အခြေ‌အနေကြောင့် သွေးတွင်းသကြားဓာတ် များရတဲ့‌ရောဂါပါ။ အမျိုးအစား (၁) ဆီးချိုကို အရင်က Insulin dependent...

ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ (September,2023)

0
"ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ" ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ထိတတ်တယ်ဆိုတာ လူတိုင်းနီးပါး ကြားဖူးကြပါလိမ့်မယ်။ ဒီနေ့မှာတော့ ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာလေးတွေနဲ့ ကာကွယ်ကုသနည်းများကို မျှဝေချင်ပါတယ်။ ကျောက်ကပ်တွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါ။ သူတို့ရဲ့ အဓိက လုပ်ငန်းဆောင်တာတွေကတော့ ခန္ဓာကိုယ်ရဲ့ ဆီးဖြစ်မယ့် အရည်တွေထဲက လိုတာတွေကို စစ်ယူပြီး...

အကြိုဆီးချိုအဆင့် Prediabetes

0
အကြိုဆီးချိုအဆင့် (Prediabetes) အကြိုဆီးချိုကို ကနဦးအဆင့်ဆီးချိုလို့လည်း မြန်မာဘာသာပြန်ပြီး ခေါ်ဆိုကြပါတယ်။ အကြိုဆီးချိုဆိုတာဟာ သွေးထဲမှာ သကြားဓာတ်ပမာဏ သာမန်ထက်များပြားပေမယ့်လည်း ဆီးချိုဖြစ်တဲ့အဆင့်ပမာဏအထိ မရောက်သေးတဲ့ ပုံမှန်နဲ့ ဆီးချိုအဆင့်ကြားက အခြေအနေဖြစ်ပါတယ်။ .. .. ????အကြိုဆီးချိုက အရေးကြီးသလား • အကြိုဆီးချိုပါ… ဆီးချို ရောဂါ မဖြစ်သေးပါဘူးဆိုပြီး မပေါ့သင့်ပါ။ အရေးကြီးပါတယ်။ • အကြိုဆီးချိုဟာ မသိလို့ မဆင်မခြင်နေရင် ၅...

သင့်မှာ အကြိုဆီးချိုအဆင့် ဖြစ်နိုင်‌ခြေ ရှိနေလား Prediabetes Risk Test

0
သင့်မှာ အကြိုဆီးချိုအဆင့် ဖြစ်နိုင်‌ခြေ ရှိနေလား (Prediabetes Risk Test) ဆီးချိုရောဂါဟာ ကုသထိန်းညှိလို့ရတဲ့ ရောဂါဖြစ်ပေမယ့် ကောင်းစွာဂရုမပြုဘဲ နေမိရင် ဆီးချိုနှီးနွယ် နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများစွာကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ပမာဏ ပုံမှန်ထက်မြင့်မားနေပေမယ့် ဆီးချိုဖြစ်နိုင်တဲ့ ပမာဏအထိ မရောက်သေးတဲ့ စပ်ကြားအချိန်ကို အကြိုဆီးချိုအဆင့်လို့ ခေါ်ပါတယ်။ အကြိုဆီးချိုရှိသူ ၉၀ ရာခိုင်နှုန်းကျော်ဟာ...

သွေးချို အတက်/အကျ မတည်မငြိမ်ဖြစ်စေတဲ့ အချက် (၁၀) ချက်

0
ဆီးချိုသွေးချိုဖြစ်ရင် သွေးတွင်းဂလူးကို့စ် တက်ခြင်း/ကျခြင်း မငြိမ်ဖြစ်တတ်ကြပါတယ်။ ဒီတစ်ပတ်မှာတော့ သွေးတွင်းဂလူးကို့စ် (လက်ထိပ်ဖောက်တဲ့အဖြေ) အပေါ် သက်ရောက်မှုရှိပြီး သွေးချို အတက်/အကျဖြစ်စေတဲ့ အချက် (၁၀) ချက်ကို ပြောပြပေးသွားမှာပါ။ .. .. ၁။ အစားအစာ အစားအစာထဲမှာ သွေးချိုကို အဓိကတက်စေတာကတော့ ကာဗိုဟိုက်ဒရိတ်ပေါ့။ ဒါပေမယ့်လည်း အစာခြေဖျက်မှုနှေးစေတဲ့ အမျှင်ဓာတ်ပါတဲ့ ကစီဓာတ်အစားအစာတွေစားရင်တော့ သွေးချိုကို အတက်နှေးစေ၊...

Steroid ရဲ့ အသုံးလည်းဝင်သလို ဘေးလည်းဖြစ်စေတဲ့ အကျိုးဆက်တွေ (April 2023)

0
"ဝလည်းဝ ကြွလည်းကြွတဲ့...ဘက်စုံသုံးဆေးတော်ကြီး Steroid ရဲ့ အသုံးလည်းဝင်သလို ဘေးလည်းဖြစ်စေတဲ့ အကျိုးဆက်တွေ" .. စတီးရွိုက်ဆေးအမျိုးအစားပေါင်း များစွာထဲကမှ Cortico-steroid လို့ခေါ်ပြီး အသုံးများနေတဲ့ အမျိုးအစားတွေအနေနဲ့ ကော်တီစုန်း (Cortisone) ၊ ဟိုက်ဒရိုကော်တီစုန်း (Hydrocortisone) ၊ ပရပ်နီဆိုလုံး (Prednisolone) စတဲ့အမျိုးအစားတွေက လူသိများကြပါတယ်။ ဒီစတီးရွိုက်ဆေးတွေကို သာမာန် စပ်ဆေးဆိုင်တွေနဲ့...

အမျိုးသားတွေရော သွေးဆုံးနိုင်သလား “ Male Menopause or Andropause” (April 2023)

0
အမျိုးသားတွေရော သွေးဆုံးနိုင်သလား (Male menopause or Andropause) အမျိုးသမီးတွေ အသက်အရွယ်ကြီးလာတဲ့အခါ သွေးဆုံးတာကိုတော့ လူတိုင်းသိကြပေမယ့် အမျိုးသားတွေ သွေးဆုံးတယ်ဆိုတာကိုတော့ ကြားဖူးသူ ရှားပါလိမ့်မယ်။ တကယ်တော့ အမျိုးသားတွေလည်း သွေးဆုံးတတ်ပါတယ်။ အဲ့ဒါကို Male menopause or Andropause လို့ ခေါ်ကြပါတယ်။ အမျိုးသားတွေမှာလည်း...

စတီးရွိုက် (steriod) ဆေးများအကြောင်း Corticosteroids (March, 2023)

0
" လူအများအကျွမ်းတဝင်ရှိသော စတီးရွိုက် (steriod) ဆေးများအကြောင်း " စတီးရွိုက်ဆေးတွေ (Corticosteroids) ကို အရောင်ကျဆေးအနေနဲ့ အသုံးများပြီး အဆစ်မြစ်ရောင်ရောဂါများနဲ့ လေးဘက်နာရောဂါတွေမှာ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးရတဲ့ဆေးတွေအဖြစ် အသိများပါတယ်။  ကော်တီကိုစတီးရွိုက် (Corticosteroid) ဆိုတာဘာလဲ ? ကော်တီကိုစတီးရွိုက်ဆေးတွေဟာ ခန္ဓာကိုယ်ရဲ့ adrenal gland က ထုတ်ပေးတဲ့ ကော်တီဇောဟော်မုန်း...

ကောတီဆောဟော်မုန်း (Cortisol) တွေလိုတာထက် ပိုများလာတဲ့အခါ “ Cushing Syndrome” (February, 2023)

0
" Cushing Syndrome "  Cushing Syndrome ဆိုတာ….. ခန္ဓာကိုယ်မှာ ကောတီဆောဟော်မုန်း (Cortisol) တွေလိုတာထက် ပိုများလာတဲ့အခါ Cushing Syndrome ဆိုတဲ့ ကော်တီဆောများတာရဲ့ နောက်ဆက်တွဲရောဂါ ဖြစ်လာတတ်ပါတယ်။ ကော်တီဆောဟော်မုန်းဆိုတာ ပုံမှန်အားဖြင့် လူတွေရဲ့ ခန္ဓာကိုယ်မှာ သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင်၊ ရောင်ရမ်းတာတွေ သက်သာအောင်၊ နှလုံးနဲ့သွေးကြောတွေ...

” အိပ်စက်ခြင်းကို ကူညီပေးမယ့် Melatonin ဟော်မုန်းအကြောင်း “

0
" အိပ်စက်ခြင်းကို ကူညီပေးမယ့် Melatonin ဟော်မုန်းအကြောင်း " မယ်လတိုနင် (Melatonin) ဆိုတာ... မယ်လတိုနင် (Melatonin) ဆိုတာ ဦးနှောက်ရဲ့အလယ်ပိုင်းမှာရှိတဲ့ ဂလင်းတစ်ခုကနေ ဘဘာဝအတိုင်းထုတ်ပေးနိုင်ပြီး အိပ်ပျော်စေတဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ မယ်လတိုနင်ဟာ လူတစ်ယောက်ကို အိပ်စက်ချိန်နဲ့ နိုးထချိန်မှန်အောင်လုပ်ပေးတဲ့ ဟော်မုန်းလို့ ပြောရင်လည်း မမှားပါဘူး။ နေဝင်လေလေ...

အမျိုးသားများတွင်ရင်သားကြီးခြင်း ( Gynaecomastia )

0
♦️ဘယ်လိုတွေ့ရလေ့ရှိသလဲ ? လူငယ်တွေနဲ့ အသက်လတ်အရွယ်အမျိုးသားတွေမှာ (ပုံမှန်အမျိုးသားတစ်ယောက်မှာမြင်နေကျ ရင်သားနဲ့မတူဘဲ) ရင်သားတစ်ရှူးတွေ ဆူထွက်လာတာကိုမြင်ရတာပါ။ ဝလို့အဆီတွေများပြီးစုနေရင်တော့ ရင်သားကြီးတယ်မခေါ်ပါဘူး။ တကယ်ရင်သားကြီးလာတာက ဟော်မုန်းဓာတ်တွေမညီမျှလို့ ဖြစ်လာတာပါ။ * ယောကျာ်းတွေမှာ ပုံမှန်လည်းရင်သားရှိပေမယ့် မိန်းကလေးတွေနဲ့တော့ မတူပါဘူး။ ရင်သားတစ်ရှူးအနည်းငယ်သာ ပါပါတယ် * ♦️ဟော်မုန်းဓာတ်တွေဆိုတာ ဘာလဲ ? အမျိုးသားရော အမျိုးသမီးရောမှာ ကျားဟော်မုန်း(testosterone)နဲ့ မဟော်မုန်း(estrogen)...

Hirsutism (သို့မဟုတ်) သဘာဝက လက်ဆောင်ပေးသော ဝေဒနာ(November, 2022)

0
" Hirsutism (သို့မဟုတ်) သဘာဝက လက်ဆောင်ပေးသော ဝေဒနာ " ရတာမလို လိုတာမရတဲ့.... အမွေးအမျှင်ထူတဲ့ အမျိုးသားတွေက အမွေးထူတာမကြိုက်ကြဘူး... ဟော... အမွေးအမျှင်သိပ်မရှိလှတဲ့အမျိုးသားတွေကျပြန်တော့လည်း ပသိုင်းမွေး၊ မုတ်ဆိတ်မွေးပေါက်ချင်လွန်းလို့ ဆေးလိမ်းဆေးသောက်လုပ်လိုက်ကြရတာ... ဒီလိုဆိုပေမယ့် အမျိုးသမီးထုထဲမယ်တော့ မလိုအပ်တဲ့နေရာတွေမှာ အမွေးအမျှင် ထူထဲတာကို နှစ်သက် မယ့်သူမရှိလောက်ဘူး ထင်တယ်နော်.... Hirsutism ဆိုတာ အမွေးအမျှင်ထူတာကို...

Diabetic Retinopathy(ဆီးချိုကြောင့် အမြင်အာရုံပျက်စီးခြင်း) (November, 2022)

0
ဆီးချိုကြောင့် အမြင်အာရုံပျက်စီးခြင်း (Diabetic Retinopathy) Diabetic Retinopathy ဆိုတာ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် မြင်လွှာယိုယွင်းပျက်စီးလာခြင်းဖြစ်ပါတယ်။ မျက်လုံးထဲက ပုံရိပ်မြင်အောင်လုပ်ပေးတဲ့မြင်လွှာရဲ့ အလင်းအာရုံခံတစ်သျှူးတွေရဲ့ သွေးကြောလေးတွေ ပျက်စီးသွားလို့ဖြစ်ပါတယ်။ ဆီးချိုအမျိုးအစား Type 1 ရော Type 2 ရောမှာဖြစ်နိုင်ပြီး ဆီးချိုရောဂါရှိတာကြာနေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ကောင်းကောင်းမထိန်းထားနိုင်ဘူးဆိုရင် ဒီပြဿနာကို...

Feel-good hormones (စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်း) (October, 2022)

0
စိတ်တွေပင်ပန်းလွန်းလို့ ဟင်းတွေချက်၊အခန်းသန့်ရှင်းရေးလုပ်ပစ်လိုက်မှပဲ နေသာထိုင်သာရှိသွားတာမျိုး…သီချင်းတွေနားထောင်ပြီးအော်ဆိုပစ်၊ချစ်ခင်ရသူတွေနဲ့စကားတွေပြောပြီး စိတ်ကလေးပြန်အဆင်ပြေသွားတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ ဒီအပြုအမူလေးတွေ နောက်ကွယ်က အကြောင်းရင်းကတော့ ကျွန်တော်တို့စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်းလေးတွေ ထွက်လာလို့ပဲဖြစ်ပါတယ်။ ဟော်မုန်းဆိုတာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ဂလင်းတွေကနေ သွေးကြောထဲကိုထုတ်လွှတ်ပေးလိုက်တဲ့ ဓာတုအချက်ပြသတင်းပို့သူ (chemical messenger )လို့တင်စားချင်ပါတယ်။သွေးကြောထဲမှတစ်ဆင့် ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်း၊တစ်ရှူးတွေဆီ ရောက်တဲ့အခါ သက်ဆိုင်ရာလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့ အချက်ပြပါတယ်။ လူသားတွေရဲ့ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ ဟော်မုန်းအမျိုးအစားများစွာရှိတဲ့အထဲမှာ...

သိုင်းရွိုက်ဟော်မုန်းရောဂါများ Hypothyroidism and Hyperthyroidism (October, 2022)

0
“ သိုင်းရွိုက်ဟော်မုန်းရောဂါများ ( Hypothyroidism and Hyperthyroidism ) ” အရှေ့တစ်ပတ်က လည်ပင်းကြီးရောဂါ ( Goitre ) အကြောင်း ပြောပြပြီးပြီဆိုတော့ ခုက သိုင်းရွိုက်ဟော်မုန်းရောဂါတွေအကြောင်း ပြောပြပါမယ်။ သိုင်းရွိုက်ဂလင်းဆိုတာ ဘာလဲက ပြန်စလိုက်ရအောင် ….. သိုင်းရွိုက်ဆိုတာ လည်ပင်းရှေ့တည့်တည့် အောက်ခြေနားလောက်မှာရှိတဲ့ လိပ်ပြာပုံစံ gland...

လည်ပင်းကြီးရောဂါ Goitre (October, 2022)

0
လည်ပင်းကြီးရောဂါ ( Goitre ) လည်ပင်းကြီးရောဂါဟာ သိုင်းရွိုက်ဂလင်း ပုံမှန်မဟုတ်ဘဲ ကြီးထွားလာတဲ့အခြေအနေတစ်ခုပါ။ သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးတာဖြစ်နိုင်သလို တစ်စိတ်တစ်ပိုင်းပဲ ကြီးတာလည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းဆိုတာက လည်ပင်းအောက်နားက လေပြွန်ရှေ့မှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းပဲ ဖြစ်ပါတယ်။ ????လည်ပင်းကြီးရောဂါ အမျိုးအစားတွေကတော့ ….(၁) Diffuse smooth goitre ဒီအမျိုးအစားမှာတော့ သိုင်းရွိုက်ဂလင်းတစ်ခုလုံး...

ဆီးချိုသွေးချိုနဲ့ ပတ်သက်ပြီး လွဲမှားသောအယူအဆများ Misconceptions about Diabetes ( August, 2022 )

0
ဆီးချိုသွေးချိုနဲ့ ပတ်သက်ပြီး လွဲမှားသောအယူအဆများ ( Misconceptions about Diabetes ) သွေးချိုဆီးချိုရောဂါဟာ လူနာကို မသန်စွမ်းဖြစ်စေနိုင်ပြီး ဆေးကုသစရိတ်လည်းကြီးမားတဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ သွေးချို ဆီးချိုရောဂါဟာ အယူအဆမှားရင် လုပ်ဆောင်ချက်လည်း မှားနိုင်တာမို့ အယူအဆ အမှန်ကိုသိရှိဖို့လိုပါတယ် ။ ❎ အမှား (၁) - သွေးချို...

“ဆီးချိုခြေထောက်နာရောဂါ” Diabetes Foot ( July, 2022 )

0
သင့်မှာ ဆီးချိုရောဂါရှိတယ်ဆို “ဆီးချိုခြေထောက်နာရောဂါ” မဖြစ်စေရန် ယနေ့မှစ၍ ကာကွယ်ပါ ဆီးချိုရောဂါဟာ ခြေထောက်အာရုံကြောများကို ထိခိုက်ပျက်စီးစေပြီး အပူ၊ အအေး၊ အထိအတွေ့၊နာကျင်မှု ခံစားနိုင်စွမ်းကို လျော့နည်းစေပါတယ်။ ရောဂါပိုးဝင်၍ဖြစ်စေ၊ အခြားအကြောင်းရင်းကြောင့်ဖြစ်စေ ဒဏ်ရာအနာတရဖြစ်လွယ်စေပါတယ်။ ဒါ့ကြောင့် နောက်ဆက်တွဲအနေနဲ့ • ခြေဖဝါးမှာ အသားမာတက်ခြင်း/အသားမာအစိုင်အခဲဖြစ်လာခြင်း• ခြေသည်း ပိုးဝင်ပြီး ရောင်ရမ်းပြည်တည်နာဖြစ်ခြင်း• ခြေသည်း...

ဆီးချိုကို စနစ်တကျဘယ်လိုတိုင်းကြမလဲနှင့် ဆီးချို ဘယ်လိုထိန်းကြမလဲ ( May, 2022 )

0
ဆီးချိုကို စနစ်တကျဘယ်လိုတိုင်းကြမလဲနှင့် ဆီးချို ဘယ်လိုထိန်းကြမလဲ ဆီးချိုဆိုတာ အရှင်းပျောက်ကင်းသွားမှာမဟုတ်တဲ့အတွက်• ဆီးချိုရှိပြီဆိုလိုက်တာနဲ့ ဆီးချိုတိုင်းတဲ့စက်လေးဆောင်ထားသင့်ပါတယ်။• ဆီးချိုကို ပုံမှန်တိုင်းရမယ့်အပြင် အရမ်းတက်သွားတာ ကျသွားတာမျိုးကို အမြန်သိလိုက်မှသာ အသက်အန္တရာယ်ကိုကာကွယ်နိုင်မှာပါ။ ❓ဒါဆိုဆီးချိုကို ဘယ်လိုတိုင်းကြမလဲ ✔️အိမ်မှာပဲ ဆီးချိုကို အစာ သို့မဟုတ် သောက်ဆေးနဲ့ ပုံမှန်ထိန်းထားနိုင်ရင်တော့တစ်ပတ် ကို (၃) ရက်ဖောက်ပေးပါ။- တစ်ရက်ကို...

သတိပြုပါဆီးချိုရောဂါ ( May, 2022 )

0
ဆီးချိုအကြာင်း ကိုယ် ဘယ်လောက်ထိသိပြီလဲ ???? ဆီးချိုရောဂါဆိုတာလူတိုင်းရင်းနှီးပြီးသား၊ ကြားဖူးပြီးသား ဖြစ်ပေမယ့် မိမိတို့ကိုယ်တိုင် မဖြစ်အောင်ကာကွယ်နိုင်ဖို့၊ ထိန်းနိုင်ဖို့က အရေးကြီးဆုံးဖြစ်တာကြောင့် ဆီးချိုအကြောင်း သိထားသင့်သည်များကို အကြမ်းဖျင်းလေးပြောလိုက်ပါတယ်။ ✔️အရင်ဆုံးဆီးချိုက(၂)မျိုးရှိပါတယ်တဲ့???? Type 1-ပထမအမျိုးအစားကတော့ မုန့်ချိုအိတ် (ခေါ်) ပန်ကရိယက အင်ဆူလင် ဟော်မုန်း ကိုမထုတ်ပေးနိုင်လို့ပါ။ Type 2 -ဒုတိယအမျိုးအစားကတော့ ပန်ကရိယ ကထုတ်ပေးလိုက်တဲ့...

ဟော်မုန်းနှင့်သက်ဆိုင်သောရောဂါပြဿနာများ