တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းမှာ ခွဲစိတ်လူနာတွေကို ကြည့်ရှုပေးတဲ့အခါ လာပြတာအများဆုံးက လိပ်ခေါင်းပါ။ လိပ်ခေါင်းနဲ့အတူ စအိုကွဲနာ၊ ဂရင်ဂျီနာတွေလည်း အပြများပါတယ်။ ခုကတော့ လိပ်ခေါင်းအကြောင်းလေး ဆွေးနွေးပေးချင်လို့ပါ။
..
..
လိပ်ခေါင်းရောဂါက ၀မ်းချုပ်တတ်သူ၊ ၀မ်းမာ ၀မ်းညှစ်တတ်သူတွေမှာ အဖြစ်များပါတယ်။ တချို့လည်း ၀မ်းမချုပ်ဘဲ ဖြစ်တတ်ပါတယ်။
???? နံပါတ် (၁) အနေနဲ့ကတော့….
လိပ်ခေါင်းလားဆိုတာသေချာဖို့ ဆရာ၀န်နဲ့ပြသဖို့ လိုပါတယ်။ လိပ်ခေါင်းအများစုက မနာပါဘူး။ ဒါပေမယ့် သွေးခြေဥရင်၊ အပြင်ထွက်ပြီးပြန်မ၀င်ဘဲ ရောင်ရင်တော့ လိပ်ခေါင်းလည်း နာတတ်ပါတယ်။ လိပ်ခေါင်းခံစားရပုံ အသေးစိတ်နဲ့ ကုထုံးတွေကိုတော့ အရင်ကဖော်ပြခဲ့ပြီးဖြစ်လို့ အပြာရောင်ဖြစ်နေတဲ့စာသားလေးကို နှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
???? နံပါတ် (၂) ကတော့….
ခွဲရမှာ မခွဲဖြစ်သေးရင် လတ်တလောအနေအထားကို ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း ကုသမှုခံယူပြီး နောက်တစ်ခေါက် ခုလို (သွေးထွက်/ရောင်တာ) ထပ်မဖြစ်အောင် အနေအထိုင်အစားအသောက် ဆင်ခြင်ဖို့ လိုပါတယ်။
၀မ်းမချုပ်၊ ၀မ်းမမာ၊ ၀မ်းမညှစ်ရအောင် ဂရုစိုက်ပါ။ အိမ်သာတက်ချင်ရင် အချိန်မရွှေ့ဘဲ အိမ်သာကို အချိန်ပေးတက်ပါ။ ရေများများသောက်ပါ။ အသီးအရွက် များများစားပါ။ ဒိန်ချဉ် တစ်ပတ် နှစ်ကြိမ်လောက်သောက်ပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေး တစ်နေ့ ၁၅-၃၀ မိနစ် ပုံမှန်လုပ်ပေးပါ။ ၀မ်ပျော့ဆေးကို စွဲမသောက်ဘဲ ကိုယ်ချုပ်တော့မယ်ထင်ရင် ကြိုသောက်စေချင်ပါတယ်။
???? နံပါတ်(၃)အနေနဲ့ ….
အပေါ်ကပြောသလိုပဲ ထိန်းမယ်လေ မခွဲသေးဘူးဆိုပြီး ကမ္ဘာလိပ်၊ ဆင်လိပ်ဖြစ်မှ ခွဲရင်တော့ စအိုကျဉ်းတတ်ပါတယ်နော် ????
အဲတော့မှ ခွဲစိတ်ဆရာ၀န်ကြောင့်လို့ မပြောကြပါနဲ့ ????
???? နံပါတ်(၄)….
ခွဲစိတ်ပြီးရင် ဂရုစိုက်စောင့်ရှောက်ဖို့ကတော့ ခွဲစိတ်ဆရာ၀န်က မှာပေးပါလိမ့်မယ်။ ခွဲအပြီး ဆားရည်ထိုင်ခိုင်းတဲ့ ဆရာ၀န်ရှိသလို၊ ဆားရည်မထိုင်ခိုင်းတဲ့ ဆရာ၀န်လည်း ရှိပါတယ်။ လိုအပ်သလို ညွှန်ပါလိမ့်မယ်။ သေချာတာကတော့ အနာလေးကိုတော့ ဖိထိုင်ပေးကြပါ။ ခွဲစိတ်ထားတော့ ခွဲထားတဲ့နေရာလေးက ဒဏ်လေးရှိတော့ ရောင်ပြီးတင်းပြီး နာတတ်ပါတယ်။
အကိုက်အခဲပျောက်ဆေးတွေလည်း ပေးထားသလို လူနာဘက်ကလည်း ခွဲထားတဲ့နေရာလေးကို ဖိမိအောင် ထမီခေါက်၊ ပုဆိုးခေါက်ခုပြီး သေချာဖိထိုင်ပေးရမှာပါ။
???? နံပါတ်(၅)….
ခွဲပြီးချိန်မှာလည်း နောက်ထပ်လိပ်ခေါင်းတွေ ကျန်တဲ့နေရာတွေမှာထပ်မဖြစ်ဖို့ အပေါ်မှာ ညွှန်ထားသလို….
• အနေအထိုင်အစားအသောက် ဆင်ခြင်ဖို့ လိုပါတယ်။
• ၀မ်းမချုပ်၊ ၀မ်းမမာ၊ ၀မ်းမညှစ်ရအောင် ဂရုစိုက်ပါ။
• အိမ်သာတက်ချင်ရင် အချိန်မရွှေ့ဘဲ အိမ်သာကို အချိန်ပေးတက်ပါ။
• ရေများများသောက်ပါ။
• အသီးအရွက် များများစားပါ။
• ဒိန်ချဉ် တစ်ပတ် နှစ်ကြိမ်လောက်သောက်ပါ။
• ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေး တစ်နေ့ ၁၅-၃၀ မိနစ် ပုံမှန်လုပ်ပေးပါ။
• ၀မ်ပျော့ဆေးကို စွဲမသောက်ဘဲ ကိုယ်ချုပ်တော့မယ်ထင်ရင်တော့ ကြိုသောက်စေချင်ပါတယ်။
.
.
အချုပ်ဆိုရရင်တော့ လိပ်ခေါင်းက တစ်ခါတစ်ခါအတော်ပြဿနာပေးတတ်ပါတယ်။
မပေးစေချင်ရင် မခွဲချင်ရင် လိပ်ခေါင်းမဖြစ်ခင်ကတည်းက (သို့မဟုတ်) ရောဂါနုစဉ်ကတည်းက ဆင်ခြင်ပါ။
ခွဲဖို့ ရှောင်မရတဲ့ အချိန်ရောက်ရင်လည်း ခွဲစိတ်လိုက်ခြင်းဖြင့် နောက်ဆက်တွဲ မလိုလားအပ်တဲ့ပြဿနာတွေကို မဖြစ်စေပါနဲ့လို့ အကြံပြုလိုက်ရပါတယ်…
.
ခွဲစိတ်အထူးကု ဆရာ၀န်တစ်ဦး
Telekyanmar
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.