“ ပုရစ်ကြော်ရဲ့အာဟာရ”

————————————

ပုရစ်ကြော် (Fried Crickets) ဟာ အရှေ့တောင်အာရှတစ်ခွင်မှာ နာမည်ကြီးတဲ့ Street Food ခေါ် လမ်းဘေးအစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ ခုလို မိုးဦးကျပြီ၊ မိုးဝင်ပြီဆိုရင် ပုရစ်သံတညံညံကြားရသလို ပုရစ်ကြော်ရောင်းတဲ့ဆိုင်တွေလည်း တစ်စတစ်စပိုများလာကြပါတယ်။

တကယ်တော့ ပုရစ်ဆိုတာ နှယ်နှယ်ရရမဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေမှာ စပြီးစားကြရာကနေ ခုဆို မြောက်အမေရိကနဲ့ဥရောပနိုင်ငံတွေမှာပါ ပုရစ်မွေးမြူရေးခြံတွေတည်ဆောက်ပြီး ကျယ်ကျယ်ပြန့်ပြန့် စားသုံးလာကြပြီ။ ပုရစ်ကို ကြော်ချက်ရုံသာမက Superfood supplement ရယ်ဆိုပြီး ပုရစ်အခြေခံဂျုံမှုန့်တောင် ထုတ်လုပ်ထားပါသေးတယ်။ နောက်ပိုင်းမှာ Protein Bar တွေတောင်ထုတ်ဖို့ ကြံစည်နေကြပါသေးတယ်။

ပုရစ်ကို ဒီလောက်ထိသည်းသည်းလှုပ်စားကြတဲ့ အဓိကအကြောင်းရင်းက အသားဓာတ်ကြွယ်ဝမှုပဲ ဖြစ်ပါတယ်။ ပုရစ်တစ်ကောင်လုံးရဲ့ (၆၅- ၆၉) % ဟာ အသားဓာတ်တွေ ဖြစ်ပါတယ်။ ကြက်ရင်အုံမှာ(၃၂)% ၊ အမဲသားမှာ (၃၁) % နဲ့ အသားဓာတ်ကိုယ်စီပါဝင်ကြလေတော့ ယှဉ်ကြည့်မယ်ဆို ပုရစ်ရဲ့အသားဓာတ်ပါဝင်မှုက သိသိသာသာကို များနေတာပါ။

ဒီလို အသားဓာတ်ရဖို့ မွေးမြူရာမှာလည်း ပုရစ်မွေးတာက အခြားတိရစ္ဆာန်တွေကိုမွေးတာထက် သဘာဝပတ်ဝန်းကျင်ကိုပိုပြီး ထိန်းသိမ်းရာရောက်သလို အကုန်အကျလည်း သက်သာပါတယ်။ ပုရစ်တွေက အခြားတိရစ္ဆာန်တွေနဲ့စာရင် နည်းနည်းပဲစားပြီး အသားဓာတ်များများထွက်ပါတယ်။ အမဲသားတစ်ပေါင်အတွက် အစာ (၂၅) ပေါင်တောင်ကျွေးရပေမဲ့ ပုရစ်တစ်ပေါင်အတွက် အစာ (၂) ပေါင်အောက်သာလိုပါတယ်။ ကြီးထွားနှုန်းလည်း ပိုမြန်ပြီး (၇) ပတ်လောက်ဆို ဥကနေအကောင်ပေါက်နေပါပြီ။

ပုရစ်မှာထူးခြားတဲ့အချက်တစ်ခုက သူ့ခန္ဓာကိုယ်မှာ နာကျင်မှုကိုခံစားနိုင်တဲ့ Pain Receptors မရှိသလောက်ပါပဲ။ လုံးဝမရှိဘူးလို့လည်း ပညာရှင်တွေက လေ့လာတွေ့ရှိထားပါတယ်။

ပုရစ်မှာအသားဓာတ်အပြင် အခြားအာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေလို့ Superfood လို့တောင်တင်စားထားပါတယ်။

• ပုရစ် (၁၀၀) ဂရမ်မှာ သံဓာတ် (၁၆၈) မီလီဂရမ်ပါဝင်ပါတယ်။

• ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ဗီတာမင်တစ်မျိုးဖြစ်တဲ့ ဗီတာမင် B12 ပါဝင်မှုက အမဲသားမှာပါတာထက်ပိုများပါတယ်။

• နို့ထက်လည်း ကယ်လ်စီယမ်ပိုများများရရှိနိုင်ပါတယ်။

• အဆီများတဲ့ငါးတွေမှာ တွေ့ရတဲ့ Omega (3) ဟာ ပုရစ်မှာပါဝင်နေပါသေးတယ်။

..

..

????ပုရစ်ရဲ့ကျန်းမာရေးကောင်းကျိုးတွေကရော ဘာတွေဖြစ်မလဲ ?

• Omega (3) ကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ အဆစ်ရောင်နာတွေကနေ ကာကွယ်ပေးနိုင်ပြီး မှတ်ဉာဏ်စွမ်းအားကို ကောင်းစေပါတယ်။

• Antioxidant ကြောင့် အဆိပ်အတောက်အကြွင်းအကျန်များကို ဖြေလျှော့ပေးပါတယ်။

• မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်ကြွယ်ဝပြီး prebiotic အာနိသင်ကြောင့် အူလမ်းကြောင်းမှာကောင်းမွန်တဲ့ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပါတယ်။

• အသားဓာတ်များပြားမှုကြောင့် ကြွက်သားတွေတည်ဆောက်ဖို့ အမှန်တကယ်အထောက်အကူပြုပေးပါတယ်။

..

..

????ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေရော ရှိနိုင်မလား ?

တည့်တဲ့သူတွေအဖို့ ကောင်းကျိုးတွေပေးနိုင်ပေမဲ့ အချို့တွေမှာ ပုရစ်နဲ့ဓာတ်မတည့်တာတွေ ရှိနိုင်ပါတယ်။ နောက်ပြီး ရောဂါပိုးမွှားအနည်းလောက်ကို သယ်ယူတတ်တာလည်းတွေ့ရလို့ ပုရစ်ကို သေချာကြော်ချက်သင့်ပါတယ်။

ပုရစ်ကို ပိုးသတ်ဆေးနဲ့သတ်ပြီး ကြော်ရောင်းတာမျိုးတွေလည်းရှိနိုင်လို့ မိမိဝယ်ယူတဲ့နေရာရဲ့ စိတ်ချရမှုကိုလည်း ထည့်သွင်းစဥ်းစားရပါမယ်။

အရေးအကြီးဆုံးကတော့ ပုရစ်ကြော်မှာ ကြော်မယ့်ဆီက သန့်ရှင်းဖို့ပဲဖြစ်ပါတယ်။ အထပ်ထပ်အခါခါပြန်ကြော်ထားပြီး အရောင်ရင့်နေတဲ့ဆီကိုမြင်ရရင်တော့ အဲဒီပုရစ်ကြော်ဆိုင်ကို ဝေးဝေးကရှောင်ဖို့ သတိပေးပါရစေ။

Reference : ????

https://proteinrebel.com/…/why-bother-with-cricket…/…

https://exoprotein.com/…/why-crickets-are-the-future-of…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here