ရာသီလာချိန်ကိုက်ခဲခြင်း

ရာသီလာချိန်ကိုက်ခဲတာဟာ ရောဂါအခံမရှိဘဲ ဖြစ်နိုင်သလို သားအိမ်အတွင်း အလုံးရှိတာမျိုး၊ သားအိမ်တွင်း ပိုးဝင်တာမျိုးကြောင့်လဲဖြစ်တတ်ပါတယ်။

????ရောဂါအခံမရှိဘဲ ဘာကြောင့် ကိုက်ခဲရတာလဲ?

  • Prostaglandins (ပရော်စတာဂလန်ဒင်)လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို သားအိမ်ရဲ့ အတွင်းနံရံက လိုအပ်တာထက်ပိုပြီး ထုတ်တာများလို့ပါ။ အဲဒီ့ဟော်မုန်းရဲ့လုပ်ဆောင်ချက်တစ်မျိုးက သားအိမ်ကြွက်သားတွေကိုညှစ်တာမျိုးဖြစ်စေလို့ပါ။

????ရောဂါလက္ခဏာများတစ်ယောက်နဲ့တစ်ယောက် ခံစားရတာခြင်း မတူနိုင်ပါဘူး။

  • တချို့တွေမှာ ဗိုက်အောက်ပိုင်း ဆီးစပ်လောက်မှာပဲ ကိုက်ခဲတာဖြစ်ပြီး တချို့တွေမှာတော့ ခါးကိုက်တာမျိုး၊ ဆုပ်ဆွဲထားသလိုမျိုးပါ ခံစားရတတ်ပါတယ်။ ပိုပြီးဆိုးဆိုးရွားရွားခံစားရတဲ့သူတွေမှာတော့ ခြေထောက်တွေ၊ ပေါင်တွေပါကိုက်ခဲတာ၊ နာကျင်လွန်းလို့ ပျို့၊ အန်တာမျိုးအထိဖြစ်နိုင်ပါတယ်။
  • ရာသီစက်ဝန်းပထမရက်မှာ အများအားဖြင့်ဖြစ်တတ်ပြီး တချို့တွေမှာ ရာသီမလာမီ ၁၂ နာရီလောက်ထဲက ကြိုပြီးခံစားရတတ်ပါတယ်။ ကိုက်ခဲမှုက ၂၄ နာရီလောက်ကြာတတ်ပြီး ၂ရက်/ ၃ ရက် လောက်အထိကြာတာမျိုးလဲ ဖြစ်တတ်ပါတယ်။

????အန္တရာယ်ရှိလား ?

အများအားဖြင့် ဆေးရုံဆေးခန်းပြဖို့မလိုတဲ့ သာမာန်နာကျင်ကိုက်ခဲမှုလောက်ပါပဲ။

ရောဂါခံတွေဖြစ်တဲ့ သားအိမ်တွင်းပိုးဝင်တာမျိုးလိုပြဿနာတွေရဲ့ ရောဂါလက္ခဏာတွေမရှိရင် စိုးရိမ်စရာမလိုပါဘူး။

????သက်သာအောင်ဘာလုပ်ရမလဲ ?

  • ဆေးဝါးများ-ဗိုက်တာမင် ဘီ ဝမ်း (Vitamin B1) ၁၀၀ mg တစ်နေ့တစ်လုံး သောက်နိုင်ပါတယ်။
  • ရာသီလာချိန်မှာ ကိုက်ခဲနေတာချက်ခြင်းသက်သာဖို့အတွက် ပါရာစီတမော ၅၀၀ mg တစ်နေ့ သုံးကြိမ်/ လေးကြိမ် သောက်ပါ။ အများအားဖြင့် ပါရာစီတမောသောက်ရုံနဲ့ သက်သာပါတယ်။
  • အကယ်၍ ပါရာစီတမောနဲ့မသက်သာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တခြားအကိုက်အခဲပျောက်ဆေး၊ prostaglandin ဟော်မုန်းရဲ့ အာနိသင်ကို ဖျက်ဆီးနိုင်တဲ့ ဆေးမျိုးတွေ ဆရာဝန်က ပေးပါလိမ့်မယ်။ သတိထားရမှာက ပါရာစီတမောကလွဲလို့ တခြားအကိုက်အခဲပျောက်ဆေးအများစုက အစာအိမ်ရောင်နိုင်ပါတယ်။
  • လိုအပ်ရင် ဆရာဝန်က ကိုယ်ဝန်တားဆေး​ပေးပါလိမ့်မယ်။ ပြဿနာဖြစ်လေ့ရှိတာက အပျိုလေးကို ဘာကြောင့်ကိုယ်ဝန်တားဆေးတွေသောက်နေရတာလဲဆိုတာပါ။ တကယ်တော့ ရာသီလာချိန်ကိုက်ခဲနာကျင်တာတွေ သက်သာဖို့အတွက်ပေးတာပါ။

????တခြားနည်းလမ်းများ

  • အရမ်းနာကျင်ကိုက်ခဲနေရင် အနားယူပါ။
  • ရေနွေးအိတ်ကပ်ပါ။
  • ဆေးလိပ်/ အရက်သောက်တာလျော့ပါ။
  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
  • ယောဂ ပုံမှန်လုပ်သူတွေမှာ ကိုက်ခဲနာကျင်တာတွေ သက်သာလာတာတွေ့ရပါတယ်။

????ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြမလဲ ?

  • ပါရာစီတမောသောက်ရုံနဲ့ မသက်သာရင်
  • ကိုက်ခဲနာကျင်မှုဟာ ပုံမှန်ထက်ပိုဆိုးလာရင်၊ (၃) (၄) နှစ်လောက် နာကျင်တာမျိုးမရှိဘဲ ရုတ်တရက် နာကျင်ကိုက်ခဲလာတာမျိုးဖြစ်ရင်ဆရာဝန်နဲ့ ဆွေးနွေးပါ။ (ရောဂါအခံ တခုခုကြောင့်ဖြစ်နိုင်ပါတယ်)

Reference:John Murtagh’s Patient Education, six edition: Dysmenorrhea

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းများ ပြသရန်( https://m.me/telehealthmm )

လှူဒါန်းရန်-https://moh.nugmyanmar.org/donate/

Ministry of Health,

National Unity Government.