Dr Z နှင့် သူ့လူနာများ – အပိုင်း (၁)

0
224

Dr Z တစ်ယောက် တယ်လီကျန်းမာဆေးခန်းမှာ အွန်လိုင်းမှတစ်ဆင့် လူနာကြည့်ပေးနေတုန်း လူနာ ကောင်မလေးတစ်ယောက် အလှည့်ရောက်သောအခါ…

လူနာ ကောင်မလေး : “ဆရာမရေ သမီး မျက်စိက အောင့်အောင့်နေလို့ နီတော့ မနီဘူး၊ အခုကျ ဒေါင့်မှာ အဖုလေးထွက်လာလို့“

Dr Z : “ဘယ်နှစ်ရက်ရှိပြီလဲ သမီး”

လူနာ : “၂ ရက်လောက်ရှိပြီ ဆရာမ”

လိုအပ်တာတွေ စစ်ဆေးမေးမြန်းပြီး ဖြစ်နေသော အဖုလေး၏ဓာတ်ပုံကို သေချာစွာ ကြည့်ရှုပြီးသကာလ…

Dr Z : “သမီးရေ သမီးက မျက်စိစွန်တာပါ… စိတ်ပူစရာ မရှိဘူး… ဆရာမ မျက်စဉ်း ရေးပေးလိုက်မယ်။ ဒီမျက်စဉ်းလေးကို တစ်ရက်ကို ၂ စက် ၃ ကြိမ်နဲ့… ၃ ရက် ခပ်ပြီးရင် ဆေးခန်းပြန်လာပြနော်”

လူနာ : “ရှင် ဆရာမ… တစ်ရက်ကို နှစ်ဆယ့်သုံးကြိမ်တောင် ခပ်ရမယ် ဟုတ်လား”

Dr Z : ” ၂ စက် ၃ ကြိမ်ပါကွယ် ????”

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here