သွေးခဲနှုန်း စစ်ဆေးခြင်း D-dimer Test (November,2023)

0
253

သွေးခဲနှုန်း စစ်ဆေးခြင်း (D-dimer test)

သွေးခဲနှုန်း စစ်ဆေးခြင်း (D-dimer test) ဟာ သွေးခဲခြင်းဆိုင်ရာ ပြဿနာတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက် ကူညီပေးပါတယ်။

သွေးခဲခြင်းဆိုတာ သွေးကြောတွေ ထိခိုက်ဒဏ်ရာရတဲ့အခါ သွေးအလွန်အကျွံ မဆုံးရှုံးစေဖို့ ကူညီပေးတဲ့ အရေးကြီးလုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့နေရာမှာ ပရိုတင်းတွေ ပေါင်းစည်းလိုက်ပြီး သွေးခဲတွေ ဖြစ်ပေါ်လာပါတယ်။ ဒဏ်ရာသက်သာသွားတဲ့အခါမှာ ခန္ဓာကိုယ်က သွေးခဲတွေကိုဖြိုခွဲဖို့ အခြားပရိုတင်းတွေ ထုတ်လုပ်ပေးပါတယ်။

ဒီပရိုတင်းအပိုင်းအစလေးတွေထဲမှာ D-dimer လည်း ပါဝင်ပါတယ်။ D-dimer ဟာ ပုံမှန်အားဖြင့်တော့ သွေးထဲမှာ မတွေ့ရတတ်ဘဲ သွေးခဲတွေပြိုကွဲပြီးနောက်မှသာ တွေ့ရတတ်ပါတယ်။

???? D-dimer test ဆိုတာ ဘာလဲ

သွေးခဲနှုန်း စစ်ဆေးခြင်း (D-dimer test) ဆိုတာ သွေးခဲတွေပြိုကွဲပြီးနောက် ထွက်လာတဲ့ ပရိုတင်းအပိုင်းအစ D-dimer ပမာဏကို တိုင်းတာတဲ့ သွေးစစ်ဆေးမှုဖြစ်ပါတယ်။ သွေးခဲတွေပြိုကွဲတဲ့အခါမှာ fibrin degradation products (FDPs) တွေကို ထုတ်ပေးပါတယ်။ D-dimer ကို fibrin degradation product လို့လည်း ခေါ်ပါတယ်။

D-dimer test ဟာ သွေးခဲခြင်းဖြစ်စဉ်တွေ များနေခြင်းကို ရှာဖွေဖို့အတွက် အသုံးဝင်ပြီး သွေးခဲခြင်းဆိုင်ရာရောဂါတွေ စစ်ဆေးဖို့လည်း သုံးနိုင်ပါတယ်။ သို့သော် D-dimer test ဟာ တချို့သော အခြားအခြေအနေတွေမှာလည်း Positive ဖြစ်နိုင်တာကြောင့် အဖြေက မတိကျပါဘူး။ ဒါ့ကြောင့် သွေးခဲခြင်းဆိုင်ရာရောဂါတွေကို တိကျစွာသိနိုင်ဖို့ နောက်ထပ်စစ်ဆေးမှုတွေ လိုအပ်ပါတယ်။

???? D-dimer test က ဘယ်လိုအခြေအနေတွေအတွက် သုံးနိုင်လဲ

D-dimer test ဟာ သွေးခဲခြင်းဆိုင်ရာ ရောဂါအမျိုးမျိုးကို သိရဖို့အတွက် ကူညီပေးနိုင်ပါတယ်။

ဥပမာအချို့အနေနဲ့ ပြောရရင်…..

◼️Pulmonary embolism (PE) — အဆုတ်ကို သွေးတွေထောက်ပံ့ပေးနေတဲ့ အဆုတ်သွေးလွှတ်ကြောပိတ်ဆို့ခြင်း ဖြစ်ပါတယ်။ Pulmonary embolism ဆိုတာ သွေးခဲက အဆုတ်ရဲ့ သွေးကြောတွေဆီ ရောက်သွားပြီး ပိတ်နေတာမျိုးကို ခေါ်ပါတယ်။ အဲဒီအခါ သွေးစီးဆင်းမှုနဲ့ ဓာတ်ငွေ့လဲလှယ်မှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် အသက်အန္တရာယ်ရှိပါတယ်။

◼️Deep vein thrombosis (DVT) — ခန္ဓာကိုယ်အတွင်းက သွေးပြန်ကြောကြီးတွေမှာ သွေးခဲတွေ ဖြစ်ပေါ်လာတာကြောင့် ဖြစ်ပါတယ်။ DVT ဟာ သွေးပြန်ကြောအတွင်းရှိ အဆို့ရှင်တွေကို ပျက်စီးစေတာကြောင့် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ခံစားရတတ်ပါတယ်။ ဒီသွေးခဲတွေဟာ ပြုတ်ထွက်သွားတတ်ပြီး အထက်မှာပြောခဲ့တဲ့ Pulmonary embolism လည်း ဖြစ်သွားနိုင်ပါသေးတယ်။

◼️Disseminated intravascular coagulation —ပုံမှန်ထက်ပိုတဲ့ သွေးခဲတဲ့ဖြစ်စဉ်ကြောင့် ခန္ဓာကိုယ်အနှံ့ သွေးကြောတွေမှာ သွေးခဲတွေဖြစ်လာပြီး သွေးစီးဆင်းမှုကို ထိခိုက်စေပြီး ကိုယ်င်္အဂါအစိတ်အပိုင်းတွေကို ပျက်စီးစေပါတယ်။

.

ဒီလိုဖြစ်စဥ်တွေမှာ သွေးခဲနှုန်း စစ်ဆေးခြင်း (D-dimer test) က positive ဖြစ်နေနိုင်ပါတယ်။

???? ဘယ်သူတွေက သွေးခဲနှုန်း စစ်ဆေးခြင်း (D-dimer test) ကို စစ်ဖို့လိုနိုင်မလဲ

သွေးခဲမှုပြဿနာရှိတယ်လို့ သံသယရှိတဲ့အခါ D-dimer စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။ DVT နဲ့ PE ရဲ့လက္ခဏာတွေဖြစ်တဲ့ ခြေထောက်နာကျင်တောင့်တင်းခြင်း၊ ရောင်ရမ်းခြင်း၊ အသက်ရှုကျပ်ခြင်းနဲ့ ရင်ဘတ်အောင့်ခြင်းစတဲ့ လက္ခဏာတွေရှိနေရင်တော့ D-dimer စစ်ဖို့ လိုနိုင်ပါတယ်။

ရောဂါရှာဖွေတွေ့ရှိဖို့အတွက် အခြားသွေးစစ်ဆေးမှုတွေနဲ့အတူ စစ်ဆေးရတာမျိုးလည်း ရှိနိုင်ပါတယ်။ တကယ်လို့ DIC အတွက် ကုသမှုခံယူနေရရင်တော့ ရောဂါအခြေအနေကို စောင့်ကြည့်ဖို့ D-dimer test ကို လုပ်ရပါမယ်။

???? သွေးခဲနှုန်း စစ်ဆေးခြင်း (D-dimer test) ရဲ့အဖြေကို ပုံမှန်အားဖြင့် ဘယ်လိုဖော်ပြနိုင်လဲ

ပုံမှန်အားဖြင့် D-dimer ဟာ 0.5 mg/dl ထက် နည်းရပါတယ်။ အဖြေက 0.5 mg/dl ထက်များနေရင်တော့ positive result လို့ ဆိုပါတယ်။ ဒီလို positive result ရပြီဆိုရင်တော့ သွေးခဲတွေဖြစ်ပေါ်ပြီး ပြိုကွဲမှုရှိထားတာကို ပြပါတယ်။ D-dimer စစ်ဆေးမှုဟာ တိကျမှုသိပ်မရှိတာကြောင့် ရောဂါမရှိဘဲနဲ့ positive result လည်း ထွက်နေနိုင်ပါတယ်။

D-dimer ကို မြင့်စေနိုင်တဲ့ အခြားအကြောင်းအရင်းတွေထဲမှာ….

– ကိုယ်ဝန်ရှိခြင်း

– ဆေးလိပ်သောက်ခြင်း

– ထိခိုက်ဒဏ်ရာရခြင်း

– ကင်ဆာရောဂါများ

– ရောဂါပိုးဝင်ခြင်း

– ပိုးဆိပ်တက်ခြင်း

– အသက်ကြီးသူတွေ

– မလှုပ်ရှားဘဲ အိပ်ရာထဲ လဲနေခြင်း

– ခုခံအားစနစ်က မိမိခန္ဓာကိုယ်ကို ပြန်လည်တိုက်ခိုက်သော (autoimmune) ရောဂါရှိခြင်း စတာတွေ ပါဝင်ပါတယ်။

အခြားသောရောဂါတွေအတွက် D-dimer ကို အပိုစစ်ဆေးမှုအနေနဲ့လည်း လုပ်နိုင်ပါတယ်။ D-dimer အဖြေ positive ဖြစ်နေခဲ့ရင်တော့ သေချာတိကျဖို့ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရနိုင်ပါတယ်။

Reference: ????

https:// www. medicalnewstoday. com /articles/d-dimer-test#results

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။*** ပိတ်ရက်မရှိပါ ***ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။https://m.me/telehealthmm(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)Ministry of Health,National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here