ချွဲသလိပ်အရောင်တွေနဲ့ သင့်ကျန်းမာရေး “ Colors of Sputum” (April 2023)

“ချွဲသလိပ်အရောင်တွေနဲ့ သင့်ကျန်းမာရေး…”

အဆုတ်မှာပြဿနာတစ်ခုခုဖြစ်တဲ့အခါ ထွက်တဲ့အချွဲ အရောင်၊ သလိပ်အရောင်ကို ပြောင်းစေပါတယ်။ အဆုတ်ပိုးဝင်တဲ့အခါမျိုးမှာ အစိမ်းရောင် (သို့) အဝါရောင်ဖြစ်တတ်ပြီး၊ အဆုတ်မှာသွေးထွက်နေတဲ့အခါ အညိုရောင် ဖြစ်တတ်ပါတယ်။

ပုံမှန်အားဖြင့် ချွဲသလိပ်ဟာ အရောင်မရှိ၊ မပျစ်ပါဘူး။ နေမကောင်းဖြစ်တဲ့အခါ၊ ရောဂါပိုးဝင်တဲ့အခါတွေမှာ ချွဲတွေဟာ ပိုပျစ်လာပြီး အရောင်လည်းပြောင်းလာတတ်ပါတယ်။ အခြားအချက်တွေကလည်း ချွဲသလိပ်အရောင်ပြောင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

ချွဲသလိပ်အရောင်ပြောင်းခြင်းက ဘယ်လိုရောဂါတွေနဲ့ ဆက်စပ်နေလဲဆိုတာ အောက်မှာဆက်ရှင်းပြပါမယ်။
..
..

(၁) Clear (အရောင်မရှိသော သလိပ်အကြည်)

သလိပ်အကြည်ဆိုတာ သာမန်လူမှာရှိတတ်တာမျိုးပဲ ဖြစ်ပါတယ်။ အချွဲမှာ ရေ၊ ဆား၊ antibodies နဲ့ အခြားကိုယ်ခံအားနဲ့သက်ဆိုင်တဲ့ဆဲလ်တွေ ပါဝင်ပါတယ်။ အချွဲတွေကို အသက်ရှူလမ်းကြောင်းတစ်လျှောက်ထုတ်လုပ်ပေးပြီး အများစုက မျိုချရာကတစ်ဆင့် လည်ချောင်းထဲဆင်းသွားပါတယ်။
.

(၂) Brown and black (အညိုရောင်/အနက်ရောင်)

အဆုတ် (သို့) အသက်ရှူလမ်းကြောင်းတစ်နေရာရာမှာ သွေးထွက်နေတာကြောင့် ဖြစ်ပါတယ်။ နာတာရှည်ပိုးဝင်ခြင်းတစ်မျိုးဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်း (bronchitis) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေမှာလည်း သလိပ်အမည်းရောင် ထွက်လေ့ရှိပါတယ်။ ဒါ့ကြောင့် သလိပ်အမဲရောင်ဖြစ်ခြင်းဟာ မှိုရောဂါပိုးဝင်တာ၊ ဆေးလိပ်သောက်တာနဲ့ နေ့စဉ်ထိတွေ့ ရှူသွင်းနေရတဲ့အရာဝတ္ထု စတာတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ခုခံအားလည်းနည်းနေနိုင်တာမို့ ဆရာဝန်နဲ့ အမြန်ပြသသင့်ပါတယ်။
.

(၃) White (အဖြူရောင်)

သလိပ်အဖြူရောင်ကတော့ နှာစေးနှာပိတ်ခြင်းတွေမှာ တွေ့ရများပါတယ်။ နှာစေးနှာပိတ်တဲ့အခါ တစ်ရှူးတွေဟာ ရောင်လာပြီး ဖောင်းလာတာကြောင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် အချွဲတွေဖြတ်သန်းရချိန် ကြာလာပါတယ်။ အဲ့လိုကနေ အချွဲတွေဟာ ပျစ်လာပြီး အဖြူရောင်ဖြစ်လာတတ်ပါတယ်။
.

(၄) Yellow (အဝါရောင်)

သလိပ်အဝါရောင်ထွက်တာက ခန္ဓာကိုယ်ခုခံအားက ပိုးဝင်ခြင်းကို ပြန်တိုက်ထုတ်နေတာကြောင့် ဖြစ်ပါတယ်။ ဒီလိုပြန်တိုက်ထုတ်တဲ့ဖြစ်စဉ်မှာ အဓိကပါဝင်တာကတော့ သွေးဖြူဥဆဲလ်တွေပဲ ဖြစ်ပါတယ်။ သွေးဖြူဥဆဲလ်တွေကြောင့် ချွဲသလိပ်ဟာ အဝါရောင်ဖြစ်လာရခြင်းဖြစ်ပါတယ်။
.

(၅) Green (အစိမ်းရောင်)

ရောဂါပိုးဝင်တဲ့ဖြစ်စဉ်က ကြာလာတဲ့အခါ ခန္ဓာကိုယ်က ပြန်တိုက်ထုတ်ရတာကို ပိုအားစိုက်လာရပါတယ်။ သွေးဖြူဥဆဲလ်တွေ၊ ပိုးမွှားတွေနဲ့ ပရိုတင်းတွေက ချွဲသလိပ်ကို အစိမ်းရောင်အဖြစ် ပြောင်းလာစေပါတယ်။ ဒီလိုချွဲသလိပ်အစိမ်းရောင်ဖြစ်တာက ပိုးဝင်ခြင်းဆိုပေမယ့် အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့ ပိုးသတ်ဆေးတွေ သောက်ဖို့မလိုတာမျိုး ရှိပါတယ်။

ဗိုင်းရပ်စ်ပိုးဖြစ်တာကြောင့် ကိုယ်ခံအားကတိုက်ထုတ်ပြီး ရက်အတန်ကြာတဲ့အခါ သလိပ်ဟာ အဖြူရောင်ပြန်ပြောင်းသွားတတ်ပါတယ်။ အချိန်အတော်ကြာထိ သက်သာမှုမရှိရင်တော့ ဘတ်တီးရီးယားပိုးကြောင့် ဖြစ်နိုင်ပါတယ်။ ချောင်းဆိုးတိုင်း ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးတွေကို မသောက်သုံးသင့်ပါဘူး။ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။ သလိပ်က အစိမ်းရောင်ဖြစ်နေတဲ့အပြင် အသက်ရှူရခက်တာ၊ ရင်ဘတ်အောင့်တာနဲ့ ချောင်းဆိုးရင် သွေးပါတာမျိုးတွေပါ ခံစားနေရရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။
.

(၆) Red (အနီရောင်)

အနီရောင်ဖြစ်နေတာက သွေးပါနေတာကြောင့် ဖြစ်ပါတယ်။ ချွဲထဲသွေးပါခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းပိုးဝင်ရာကတစ်ဆင့် ချောင်းဆိုးချိန်ကြာလာတဲ့အခါ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းက သွေးကြောလေးတွေ ပေါက်ထွက်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ နှာခေါင်းအတွင်းပိုင်းမှာ အလုံးရှိနေတဲ့အခါမျိုးမှာလည်း နှာခေါင်းသွေးလျှံတတ်ပါတယ်။ အဲ့ဒီကနေတစ်ဆင့် ချွဲသလိပ်ထဲသွေးပါတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တီဘီရောဂါ၊ အဆုတ်ပြည်တည်နာနဲ့ အဆုတ်ကင်ဆာရှိသူတွေမှာလည်း ချွဲသလိပ်ထဲ သွေးပါနိုင်ပါတယ်။
..
..

‼️ ချွဲသလိပ်ရဲ့အရောင်တွေကသာမက သူတို့ရဲ့ပုံစံအနေအထားကလည်း ရောဂါအခြေအနေအချို့နဲ့ ဆက်စပ်နေနိုင်ပါတယ်။

▪️ အချွဲကမပျစ်ဘဲ အရည်ကျဲကျဲဆိုရင်တော့ ပုံမှန်ပါပဲ။ ပိုးဝင်တဲ့အခါမှာ ချွဲသလိပ်တွေက ပိုပျစ်လာပြီး အရောင်လည်းနောက်လာပါတယ်။ ချောင်းဆိုးခြင်းနဲ့ နှာချေခြင်းတွေဟာ အသက်ရှူလမ်းကြောင်းမှာ မရှိသင့်တဲ့ အချွဲတွေ၊ သလိပ်တွေနဲ့ အခြားအရာဝတ္ထုတွေကို ဖယ်ထုတ်ပေးပါတယ်။ ရေဓာတ်မပြည့်ဝတာကြောင့်လည်း အချွဲတွေ ပျစ်လာနိုင်ပါတယ်။ အိပ်နေတဲ့အခါမှာလည်း အသက်ရှူလမ်းကြောင်းတစ်လျှောက် အချွဲတွေဖြတ်သွားချိန် နှေးတာကြောင့် ပိုပျစ်လာတတ်ပါသေးတယ်။ အဲ့တာကြောင့် မနက်စောစော သလိပ်ပျစ်ပျစ် ထွက်တတ်တာ ပုံမှန်ပါပဲ။

▪️ ချွဲသလိပ်က ပန်းရောင်ဖြစ်ပြီး အမြှုပ်ထနေတဲ့အပြင် အသက်ရှူမဝတာ၊ ချွေးစေးတွေထွက်တာနဲ့ ရင်ဘတ်အောင့်တာတွေပါ ခံစားနေရရင်တော့ နှလုံးကောင်းကောင်းအလုပ်မလုပ်တော့တဲ့ Heart failure ရောဂါဖြစ်နေနိုင်တာကြောင့် နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားသင့်ပါတယ်။ သလိပ်မှာအမြှုပ်တွေထနေတာကလည်း Acute Respiratory Distress Syndrome ကြောင့် ဖြစ်နိုင်ပါတယ်။
..
..

‼️ ချွဲသလိပ်ထွက်တဲ့အခါ သက်သာအောင် ဘယ်လိုလုပ်နိုင်လဲ။

အဖြူရောင် (ဒါမှမဟုတ်) ချွဲသလိပ်အကြည် ထွက်တာမျိုးဆိုရင်တော့ လုံလောက်စွာ အနားယူပြီး ရေဓာတ်ပြည့်ဝအောင် နေသင့်ပါတယ်။ ရေဓာတ်ခန်းခြောက်တဲ့အခါ သလိပ်တွေဟာလည်း ပျစ်လာပြီး ဟတ်ထုတ်ဖို့အတွက် ခက်လာနိုင်ပါတယ်။

ချွဲသလိပ်အရောင်ဟာ အဖြူရောင် မဟုတ်ဘဲ တခြားအရောင်တွေ ထွက်နေရင်တော့ ဆရာ၀န်နဲ့ သေချာပြသပြီး ကုသဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုအန္တရာယ်များနိုင်ပါတယ်။
..
..

အခြားသက်သာပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းတွေကတော့…

* အခန်းတွင်းစိုထိုင်းမှုထိန်းစက် (humidifier) ထားခြင်း

* ရင်ဘတ်တစ်ဝိုက် ပရုတ်ဆီများ (peppermint) လူးပေးခြင်း

* ချွဲသလိပ်ပျော်ဆေးများ သောက်ခြင်း

* ဆားငန်ရေနဲ့ ပလုတ်ကျင်းခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒါကတော့ သလိပ်အရောင်နဲ့ ပတ်သတ်ပြီး အခြေခံဗဟုသုတများ ဖြစ်ပါတယ်။

ရောဂါနဲ့ အကြောင်းအရာ အနေအထားက တစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်တာမို့ ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ဖို့ အကြံပေးပါရစေ။

Reference: ????
https: // www. medicalnewstoday. com/articles/318359#home-care-for-atypical-phlegm

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#Telekyanmar
#ချွဲသလိပ်အရောင်မျာ

Ministry of Health,

National Unity Government.

Published on: 16 April 2023

Last updated: 16 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ပင်ပန်းမှုတွေ ပြေပျောက်စေဖို့

လူတွေအတော်အများက စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုဒဏ်တွေကို ခံဖူးကြမှာပါ 💔 အထူးသဖြင့် အခုလိုကာလကြီးမှာ အစစအရာရာကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့ပြီး စိတ်ပင်ပန်းနေကြရမှာပဲ။ တစ်ခါတလေပင်ပန်းတာက ဖြစ်လေ့ရှိပေမယ့် ဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ ဒါကြောင့်မို့ စိတ်ပင်ပန်းလာတဲ့အခါ စိတ်ပင်ပန်းမှုကို ပြေပျောက်စေဖို့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။…… (၁) ပင်ပန်းလာပြီဆို လက်ရှိအလုပ်ကို ရပ်လိုက်ပြီး...

သွေးကြောတွေရောင်စေတဲ့ ကာဝါဆာကီရောဂါ Kawasaki Disease

"သွေးကြောတွေရောင်စေတဲ့ Kawasaki Disease" ကာဝါဆာကီ (Kawasaki) ရောဂါကို ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြားဖူးလိုက်တော့ ရောဂါအသစ်လားဆိုပြီး ကျွန်မကို မိတ်ဆွေတချို့က လာမေးကြပါတယ်။ သူက ရောဂါအသစ်မဟုတ်ပါဘူးနော်။ Kawasaki ရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များပြီး အထူးသဖြင့် (၅) နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ သူဟာ အဓိကအားဖြင့် အလယ်အလတ်သွေးကြောတွေရဲ့ နံရံတွေကိုရောင်ရမ်းစေပြီး နှလုံးကိုထိခိုက်စေတဲ့ရောဂါပါ။.... Kawasaki...

အဝလွန်ခြင်းမှ ကာကွယ်ရန် (နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

အဝလွန်ခြင်းမှ ကာကွယ်ရန် ကိုယ်လက်လှုပ်ရှားပါ။ ▪️ လူကြီးများသည် တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀)▪️ ကလေးများသည် တစ်ရက်လျှင် အနည်းဆုံး မိနစ် (၆၀) တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း...

ဗိုက်တာမင် ဘီ-ဝမ်း (Vit B1)ချို့တဲ့မှု အကြောင်း

ယခုရက်ပိုင်း နယ်ဘက်ကပြည်သူတွေရော၊ ရဲဘော်တွေပါ ဗိုက်တာမင် ဘီ-ဝမ်း ချို့တဲ့မှုတွေ ပြန်လည်ဖြစ်ပေါ်လာတာကြောင့် Vit B1 ချို့တဲ့မှုအကြောင်းကို မိဘပြည်သူများသိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။.... ▪️Thiamin လို့ ခေါ်တဲ့ Vitamin B1 ဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင် ဘီ အုပ်စုတွေထဲက တစ်ခုဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ရဲ့ကစီဓာတ်ကို ဖြိုခွဲပြီး...