See our latest stories

written by our lovely staff members

မြွေကိုက်ခံရခြင်း “ Snake Bite” (May 2023)

ဒီရက်ပိုင်း မြွေကိုက်ခံရတဲ့လူနာတွေ ခပ်စိပ်စိပ်တွေ့နေရလို့.....မြွေအကြောင်း အခြေခံဗဟုသုတတွေနဲ့ မြွေကိုက်ခံရခြင်းနဲ့ ပတ်သတ်တဲ့အကြောင်းတွေကို မျှဝေပါရစေ....... မြန်မာနိုင်ငံမှာရှိတဲ့ အဆိပ်ရှိ (အဆိပ်ပြင်း) မြွေတွေကို Elapidae နဲ့ Viperidae ဆိုပြီး အဓိကအုပ်စု (၂) ခု ခွဲခြားထားပြီး၊ အတန်အသင့် အဆိပ်ရှိတဲ့မြွေတွေကတော့ Colubridae ဆိုတဲ့ တတိယအုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒီလို...

နေပူကြီးထဲ အလုပ်လုပ်နေသူများအတွက် “ Working in the Heat: Do’s and Don’ts” (May 2023)

ဒီကာလ နေပူကြီးထဲ အလုပ်လုပ်နေသူများသို့...  ရာသီဥတုနွေအပူရော၊ ရင်ထဲကအပူရော အပူတွေစုနေတဲ့ ဒီခေတ်ကာလကြီးထဲ ၀မ်းရေးအတွက် မဖြစ်မနေ နွေနေပူအောက်မှာ အလုပ်လုပ်နေကြရတဲ့သူတွေ (ပစ္စည်းပို့သူ၊ တက္ကစီသမား၊ ကာယလုပ်သား) ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ၊ ရောဂါအခံရှိသူတွေ၊ အရက်သောက်သူတွေ၊ စစ်ဘေးရှောင်တွေအဖို့ အပူဒဏ်ကြောင့် အသက်အန္တရာယ်ရှိတဲ့အထိ ဒုက္ခဖြစ်တတ်ပါတယ်။  အခုချိန်က မီးပါမမှန်တော့ အပြင်နေရောင်အောက်တင်မက...

လောင်းကစားနှင့် စိတ်ကျန်းမာရေး “ Gambling disorder” (May 2023)

"လောင်းကစားနှင့် စိတ်ကျန်းမာရေး (Gambling disorder)" အခုလို မတည်ငြိမ်တဲ့ကာလမှာ အခြေအနေ အကြောင်းအရာ အမျိုးမျိုးကြောင့် လောင်းကစားနဲ့ ပက်သက်တဲ့ ဂိမ်းအမျိုးစားပေါင်းများစွာဟာ လူတွေရဲ့ လက်တစ်ကမ်းအကွာမှာ ရောက်ရှိလာတာနဲ့အမျှ လောင်းကစားကြောင့် လူမှုရေးနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း တိုးမြင့်လာပါတယ်။ “လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်” ဆိုတဲ့ စကားကို...

မျက်စိစွန်ခြင်း “ Stye” (May 2023)

"မျက်စိစွန်ခြင်း (Stye)" မျက်စိစွန်ခြင်းဟာ လူတိုင်းနဲ့ မစိမ်းလှတဲ့ မျက်စိနာရောဂါတစ်မျိုး ဖြစ်ပါတယ်။ မျက်စိနီရဲ ရောင်ရမ်းပြီး နာကျင်ခံခက်ဖြစ်စေတဲ့ ဒီမျက်စိရောဂါအကြောင်းလေးကို ဆက်လက်ဖတ်ရှုရအောင်နော် ...  မျက်စိစွန်တယ်ဆိုတာ… မျက်ခွံအပြင်ဘက်မှာ ရောင်ရမ်းနာကျင်စေတဲ့ အဖုအလုံးရဲရဲလေးဖြစ်ပေါ်လာတာကို မျက်စိနာတယ်၊ မျက်စိစွန်တယ်လို့ ဆိုကြပါတယ်။ တစ်ခါတစ်ရံ မျက်ခွံအတွင်းဘက်မှာလည်း ဖြစ်တတ်ပါတယ်။ မွှေးကျွတ်နာ၊ အနာစိမ်း၊ ဝက်ခြံဖုပုံမျိုးနဲ့ ဆင်တူပြီး တစ်ခါတစ်ရံ...

NSAID လို့ ခေါ်တဲ့ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေ “ NSAIDs- Pain Killers” (May 2023)

အရွယ်ရောက်ပြီးသူ တော်တော်များများဟာ pain killers လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့တော့ ရင်းနှီးကြမှာပါ။ ဒူးနာ၊ ခါးနာ၊ ကိုယ်လက်ကိုက်တိုင်း diclo, paracetamol စတဲ့ အကိုက်အခဲပျောက်ဆေးတွေကို အလွယ်တကူ သောက်နေကြသူတွေကိုလည်း တွေ့ဖူးကြမှာပါ။ တချို့ကလည်း ဆရာဝန်တွေ ညွှန်ကြားထားတဲ့အတိုင်း သောက်ကြပေမယ့်၊ တချို့ကျတော့ ရပ်ကွက်က စပ်ဆေးတွေကို အလွယ်ဝယ်သောက်ကြပါတယ်။ အဲဒီလို...

“ Drowning Prevention” (May 2023)

"ကြိုတင်ကာကွယ်တားဆီးနိုင်သော ရေနစ်ခြင်း" (မေလ၊ ၂၀၂၃ ခုနှစ်) ရေနစ်ခြင်းသည် ကြိုတင်ကာကွယ်တားဆီးနိုင်သော အဓိက ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခု ဖြစ်သည်။ ???? အသက် ၁ နှစ်မှ ၄ နှစ်ကြား ကလေးငယ်များသည် အခြားသော အကြောင်းရင်းများထက် ရေနစ်ခြင်းကြောင့် ပိုမိုအသက်ဆုံးရှုံးကြရသည်။???? ရေနစ်ခြင်းသည် စက္ကန့်ပိုင်းအတွင်း ဖြစ်နိုင်ပြီး အများအားဖြင့် တိတ်တဆိတ်...

မျက်စိနီခြင်း “ Red Eyes” (April 2023)

"အဖြစ်များသော မျက်စိနီခြင်း (Red eyes)" တစ်ခါတလေ မျက်စိနီပြီး ရောင်တာ၊ စပ်တာတွေကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။ ဒီလိုဖြစ်တဲ့အခါ အများစုက သူ့အလိုလိုသက်သာသွားတတ်ကြပေမယ့် အချို့ကတော့ ဆိုးဝါးတဲ့လက္ခဏာမျိုးတွေ ခံစားရတတ်ပါတယ်။ .. ... ဘာကြောင့် မျက်စိနီရသလဲ? မျက်စိရဲ့ မျက်နှာပြင်မှာရှိတဲ့ သေးငယ်တဲ့သွေးကြောလေးတွေ ဖောင်းလာတဲ့အခါ မျက်စိနီတာနဲ့ စပ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေ အဲဒီ့သွေးကြောလေးတွေက...

အချိန်အပိုင်းအခြားဖြင့် အစားအသောက်ရှောင်ခြင်း “ Intermittent Fasting” (April 2023)

“ အချိန်အပိုင်းအခြားဖြင့် အစားအသောက်ရှောင်ခြင်း (Intermittent Fasting) " အချိန်အပိုင်းအခြားဖြင့် အစားအသောက်ရှောင်ခြင်း (Intermittent Fasting) ဆိုတာဟာ အစာစားခြင်းနဲ့ အစာမစားဘဲနေခြင်းကို တစ်လှည့်စီ ကျင့်သုံးတဲ့ စားသောက်မှုပုံစံတစ်မျိုး ဖြစ်ပါတယ်။ မည်ကဲ့သို့သော အစားအစာတွေ စားရမယ်ဆိုတာ သတ်မှတ်ထားခြင်းမရှိဘဲ အစာစားတဲ့အချိန်ကိုပဲ သတ်မှတ်ထားတာပါ။ လူသိများတဲ့ Intermittent Fasting...