Home Page
Health Articles
About Us
Feedback Form
Search
An official website of the National Unity Government
Telekyanmar
An official website of the National Unity Government
Facebook
Mail
Youtube
Telekyanmar
Home Page
Health Articles
About Us
Feedback Form
Search
See our latest stories
written by our lovely staff members
“ မဖြစ်မနေ သိရှိထားသင့်တဲ့ သွေးတွင်းအဆီဓာတ်တွေအကြောင်း (Cholesterol & Triglycerides)” (August,2023)
August 30, 2023
"မဖြစ်မနေ သိရှိထားသင့်တဲ့ သွေးတွင်းအဆီဓာတ်တွေအကြောင်း (Cholesterol & Triglycerides)" Cholesterol ဆိုတာ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ အဆီတစ်မျိုးပါ။ ခန္ဓာကိုယ်အတွင်းမှာ အသည်းဟာ အဆီကို အများဆုံးထုတ်လုပ်တဲ့နေရာ ဖြစ်ပြီး၊ ပုံမှန်ကျန်းမာနေဖို့အတွက် ကိုလက်စရော အနည်းငယ်တော့ လိုအပ်ပါတယ်။ . ????ကိုလက်စရော အမျိုးမျိုး ကိုလက်စရောတွေဟာ သွေးထဲမှာဖြတ်သန်းရတဲ့အခါ သူတို့ကိုသယ်ပေးတဲ့ ပရိုတင်းလေးတွေနဲ့ တွဲပြီး...
ပြင်းထန် ဓာတ်မတည့်တုံ့ပြန်မှု Anaphylaxis(August,2023)
August 24, 2023
ပြင်းထန် ဓာတ်မတည့်တုံ့ပြန်မှု ( Anaphylaxis ) ပြင်းထန်သော ဓာတ်မတည့်သည့် တုံ့ပြန်မှုတစ်ခုကို ဆေးပညာစကားအရ Anaphylaxis လို့ ခေါ်ပါတယ်။ မတည့်တဲ့အစားအစာ၊ အင်းဆက်ပိုးမွှားကိုက်ခံရခြင်းနဲ့ အခြားအကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပြီး၊ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ရောင်ရမ်းခြင်း၊ အင်ပျဉ်ထခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပါတယ်။ Asthma and Allergy Foundation of...
ဓာတ်မတည့်မှုကြောင့်ဖြစ်သော ဖောရောင်ခြင်း Angioedema(August,2023)
August 21, 2023
"ဓာတ်မတည့်မှုကြောင့်ဖြစ်သော ဖောရောင်ခြင်း (Angioedema)" Angioedema ဆိုတာ အရေပြားအောက် (သို့) အရည်ထုတ်ပေးနိုင်တဲ့ အမြှေးပါးအောက်ရှိ တစ်သျူးအလွှာ ရောင်ရမ်းခြင်းဖြစ်ပြီး အရည်တွေစုလာကာ သွေးကြောများကျယ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုရောင်ရမ်းခြင်းဟာ မျက်နှာ၊ လျှာ၊ နှုတ်ခမ်း၊ လည်ချောင်း၊ လက်နဲ့ ခြေထောက်တို့မှာ အများဆုံးဖြစ်ပွားတတ်ပြီး လည်ချောင်း၊ အဆုတ် (သို့) အစာအိမ်နဲ့...
ဇီဝနာရီနဲ့ တစ်နေ့တာအတွင်း သွေးပေါင်ချိန်ပြောင်းလဲမှု Biological Clocks and Blood Pressure Changes (August,2023)
August 12, 2023
"ဇီဝနာရီနဲ့ တစ်နေ့တာအတွင်း သွေးပေါင်ချိန်ပြောင်းလဲမှု" ဇီဝနာရီ သက်ရှိသတ္တဝါတို့ရဲ့ နေ့စဉ် တစ်နေ့တာအတွင်း ရုပ်၊ စိတ်နဲ့ အမူအကျင့် စတဲ့ ဇီဝကမ္မဖြစ်စဉ်တွေဟာ နေ့နဲ့ည အချိန်ကိုလိုက်ပြီး စည်းဝါးကိုက်ခါ ပြောင်းလဲကြပါတယ် (Diurnal rhythms) ။ အထူးသဖြင့် နေ့ဘက်နိုးထနေချိန်နဲ့ ညအိပ်နေချိန်တွေမှာ အလင်းအမှောင်ပြောင်းလဲမှုကိုလိုက်ပြီး ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေ အလုပ်လုပ်ပုံ မတူညီကြပါ။ အဲဒီလို ပြောင်းလဲမှုကို...
တနင်္လာနေ့တွေမှာ နှလုံးရုတ်တရက်ထဖောက်နိုင်ခြေ များသလား Heart Attack Risk (August,2023)
August 11, 2023
"လူအများစုကြောက်ကြတဲ့ တနင်္လာနေ့တွေမှာ နှလုံးရုတ်တရက်ထဖောက်နိုင်ခြေ များသလား" လူအများစုဟာ တနင်္လာနေ့ရောက်ရင် မပျော်ကြပါဘူး... ဒီလိုမျိုး တနင်္လာနေ့ရောက်တဲ့အခါ စိတ်မပျော်မရွှင်ဖြစ်ခြင်း (Monday blues) ဟာ နှလုံး ရုတ်တရက်ထဖောက်နိုင်ခြေကို များစေတယ်လို့ လေ့လာချက်တစ်ခုက ဆိုပါတယ်။ နှလုံး ရုတ်တရက်ထဖောက်ခြင်း (heart attack) ဟာ သေဆုံးမှုကိုဖြစ်စေတဲ့ အဖြစ်များဆုံး ရောဂါများထဲမှ တစ်ခုလည်း...
ရာသီစက်ဝန်းနှင့်ဆိုင်သော ရင်သားနာကျင်ခြင်း Cyclical Mastalgia (Augusta,2023)
August 10, 2023
ရာသီစက်ဝန်းနှင့်ဆိုင်သော ရင်သားနာကျင်ခြင်း (Cyclical Mastalgia) ရာသီလာခါနီး ဖြစ်လေ့ရှိတဲ့ ဟော်မုန်းအပြောင်းအလဲ ဖြစ်စဉ်ကြောင့် အမျိုးသမီးအများစုဟာ ရာသီစက်ဝန်းနဲ့ဆိုင်တဲ့ ရင်သားနာကျင်မှုကို ခံစားရလေ့ရှိပါတယ်။ ????လက္ခဏာတွေကတော့… - ရင်သားနှစ်ဖက်လုံး လေးလံနေ၍ ဆွဲထားသလို ခံစားရခြင်း - ရင်သားက တင်းပြီး နာကျင်ခြင်း၊ ဆူးစူးနေသကဲ့သို့ တဆစ်ဆစ်ခံစားရခြင်း - လက်မောင်းရင်းနှင့် ချိုင်းဘက်တွေပါ နာကျင်ကိုက်ခဲခြင်း… တို့ဖြစ်ပြီး...
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းအကြောင်း Respiratory Tract Infection (August,2023)
August 9, 2023
"အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းအကြောင်း သိကောင်းစရာ" ???? အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းဆိုတာ ဘာလဲ? ရက်တိုအသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းဆိုတာ ပုံမှန်အသက်ရှူခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ ရောဂါပိုးဝင်ခြင်း ဖြစ်ပါတယ်။ ဒီလိုအသက်ရှူလမ်းကြောင်းပိုးဝင်တဲ့အခါ နှာခေါင်းထိပ် (sinus) ကနေ အသံကြိုး (vocal cord) အထိ ပါတတ်ပြီး တစ်ခါတလေ အသံကြိုး (vocal cords) ကစပြီး...
ခြေထောက်ကို ပေးတဲ့ သွေးလွှတ်ကြောတွေမှာ ပြဿနာပေးတဲ့ ကြီးမားတဲ့ရောဂါတစ်ခု Critical Limb Ischemia (CLI)
August 8, 2023
ဆေးခန်းကို လာပြတဲ့ လူနာတစ်ယောက်... ၆၇ နှစ် အမျိုးသမီး...ဘယ်ဖက်ခြေသန်းမှာ အနာဖြစ်တာ ၈ ပတ်ကျော်။ အဲဒီမတိုင်ခင်က အရည်ကြည်ဖုလေးဖြစ်နေတာ။ လမ်းလျှောက်ရင် နာလိုက် ပျောက်လိုက် ဖြစ်နေတာတော့ ကြာပါပြီတဲ့။ ဆီးချိုရှိတာက နှစ် ၂၀... Insulin ထိုးနေတာ ၇ နှစ်... သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ်မကောင်းတာတွေအတွက်လည်း ဆေးသောက်နေပါတယ်တဲ့။ . ကဲ ....
1
2
3
4
...
7
Page 3 of 7