See our latest stories

written by our lovely staff members

အချိန်မတန်သေးဘဲ ကလေးမလိုချင်သူများအတွက် ကိုယ်၀န်တားနည်း/တားဆေးများ Contraception ( August, 2022 )

" အချိန်မတန်သေးပဲ ကလေးမလိုချင်ရင် " အမျိုးသမီး အမျိုးသား အတူနေပြီး အချိန်မတန်သေးဘဲ ကလေးမလိုချင်သူများအတွက် ကိုယ်၀န်တားနည်း/တားဆေးများကို သေချာ သိထားသင့်ပါတယ်။ ကိုယ်၀န်မရဖို့ ကူညီ‌ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲကမှ အသေချာဆုံးနည်းကတော့ "အတူမနေရင် ကိုယ်၀န်မရတာ သေချာပါတယ်"တဲ့။ လူတစ်ယောက်ဟာ ကိုယ်၀န်တားနည်းကို အသုံးမပြုဘူးဆိုရင် တစ်ကြိမ်တည်း အတူနေရင်တောင် ကိုယ်၀န်ရနိုင်ပါတယ်။ ဒီခေတ်မှာ...

စိုးရိမ်ပူပန်တတ်တဲ့စိတ် ANXIETY ( August, 2022)

ANXIETY ( စိုးရိမ်ပူပန်တတ်တဲ့စိတ် ) စိုးရိမ်ပူပန်ခြင်းဆိုတာ❓ စိုးရိမ်ပူပန်ခြင်းဆိုတာကြောက်စိတ်နှင့်အတူဖြစ်ပေါ်လာတဲ့ စိတ်မသက်မသာဖြစ်စေတဲ့ ခံစားချက်တစ်ခု (သို့မဟုတ်)ဘေးအန္တရာယ်တစ်ခုခုနဲ့ရင်ဆိုင်ရတဲ့အခါ ခန္ဓာကိုယ်ရဲ့သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ စိုးရိမ်ပူပန်မှုက အနည်းနဲ့အများရှိတတ်လေ့ရှိပါတယ်။လူတွေမှာ ဖိအားတွေကြောင့် စိုးရိမ်ပူပန်တတ်တာ ပုံမှန် reaction ဆိုပေမယ့် တစ်ချို့သူတွေမှာ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းနှင့် ရင်ဆိုင်ရပြီး ကိုယ့်ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်တာတွေပါ ထိခိုက်လာနိုင်ပါတယ်။♦️နောက်ဆက်တွဲအနေနဲ့ စိုးရိမ်မှုလွန်ကဲရောဂါ (Anxiety disorder)၊...

ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းခြင်း Allergic Rhinitis ( August, 2022)

"ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းခြင်း" ရာသီဥတုလေး အေးလာပြီဆို နှာရည်က တရှုံ့ရှုံ့နဲ့ နှာခေါင်းတွေပိတ်လိုက် နှာချေလိုက်နဲ့ လူကလည်း ထိုင်းထိုင်းမှိုင်းမှိုင်း နေလို့မကောင်း...အပြင်ထွက်ရလို့ ဖုန်တောထဲရောက်သွားရင် နှာခေါင်းတွေယားပြီး နှာက ခဏခဏချေရပြန်ပြီ။ အိမ်မွေးတိရစ္ဆာန်ဆို မွေးလို့ကိုမရဘူး။ အနားကပ်လိုက်တာနဲ့ နှာခေါင်းက ယားသလိုလို နှာချေချင်သလိုလို စန်းစန်းတင့်တွေ ဖြစ်လာ... ဒါမျိုးတွေ ကြုံနေရပြီဆိုရင်တော့... Allergic rhinitis...

Back Exercise (နောက်ကျောပြင် အပေါ်ဘက် နာကျင်ခြင်းကို သက်သာစေသော လေ့ကျင့်ခန်းများ) (August, 2022)

နောက်ကျောပြင် အပေါ်ဘက် နာကျင်ခြင်းကို သက်သာစေသော လေ့ကျင့်ခန်းများ (August, 2022) ဖုန်း၊ ကွန်ပြူတာတွေ အကြာကြီးကြည့်ပြီးတဲ့အခါ (သို့) အကြောင်းတစ်ခုခုကြောင့် အကြာကြီးထိုင်ပြီးတဲ့အခါ ပခုံးနဲ့ နောက်ကျောပြင် တဝိုက် ညောင်းညာ‌နေတာကို အတော်များများ ခံစားဖူးကြမှာပါနော်။ လည်ပင်းအောက်ပိုင်းက‌နေ ဝမ်းဗိုက်ဧရိယာနားအထိ ကျောရိုး‌နေရာကို Thoracic Spine လို့ခေါ်ပါတယ်။ ကျောရိုးရဲ့...

ဆီးချိုသွေးချိုနဲ့ ပတ်သက်ပြီး လွဲမှားသောအယူအဆများ Misconceptions about Diabetes ( August, 2022 )

ဆီးချိုသွေးချိုနဲ့ ပတ်သက်ပြီး လွဲမှားသောအယူအဆများ ( Misconceptions about Diabetes ) သွေးချိုဆီးချိုရောဂါဟာ လူနာကို မသန်စွမ်းဖြစ်စေနိုင်ပြီး ဆေးကုသစရိတ်လည်းကြီးမားတဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ သွေးချို ဆီးချိုရောဂါဟာ အယူအဆမှားရင် လုပ်ဆောင်ချက်လည်း မှားနိုင်တာမို့ အယူအဆ အမှန်ကိုသိရှိဖို့လိုပါတယ် ။ ❎ အမှား (၁) - သွေးချို...

အင်ပျဉ်ထခြင်း Urticaria ( August, 2022 )

အင်ပျဉ်ထခြင်း ( Urticaria ) အင်ပျဉ်ထခြင်းဟာ လူတိုင်း အသက်အရွယ် အချိန်အခါမရွေး ကြုံတွေ့ရတတ်တဲ့ ဓာတ်မတည့် ယားနာတစ်မျိုး ဖြစ်ပါတယ်။ အရေပြားမှာ အနီအပိမ့်တွေ အပျဉ်လိုက်ထပြီး ယားယံတတ်တာမို့ စိတ်ကိုပါ အတော်လေး ကသိကအောက် ဒုက္ခပေးတတ်ပါတယ်။ အင်ပျဉ်ကွက်တွေဟာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ ခြေဖဝါး လက်ဖဝါးပါမကျန် ပေါ်တတ်ပြီး...

သတိထားစရာ သွေးလေးဖက်နာ Rheumatoid Arthritis ( August, 2022 )

" သတိထားစရာ သွေးလေးဘက်နာ " အဆစ်အမြစ်ရောင်ရောဂါအမျိုးမျိုးရှိတဲ့အထဲမှာ အရွယ်ရောက်ပြီးသူတွေကို ဒုက္ခအပေးဆုံး လေးဘက်နာရောဂါတစ်မျိုးကတော့ သွေးလေးဘက်နာ ( Rheumatoid Arthritis ) ဖြစ်ပါတယ်။ ✳️ သွေးလေးဘက်နာ ဆိုတာ ဘာလဲ ? - လူသားတွေရဲ့ခန္ဓာကိုယ်မှာ ပြင်ပရောဂါပိုးမွှားတွေကို ကာကွယ်ပေးတဲ့ခုခံအားစနစ်ရှိပါတယ်။- အဲဒီ့ခုခံအားဟာ တစ်ခါတစ်လေ မျက်စိလည်ပြီး ရောဂါပိုးကိုမတိုက်ပဲ...

ခြေဖနောင့်အရွတ်ရောင်ခြင်း Plantar Fasciitis (August, 2022)

ခြေဖနောင့်အရွတ်ရောင်ခြင်း (Plantar Fasciitis) ခြေဖနောင့်အရွတ်ရောင်တာဟာ ခြေ‌ဖနောင့်နာရတဲ့အဖြစ်အများဆုံး အကြောင်းရင်းပါ။ ခြေဖနောင့်နဲ့ ခြေချောင်းအရိုးလေးတွေကြား ဆက်သွယ်ထားတဲ့ အရွတ်ရောင်တာပါ။ ဘယ်လိုခံစားရပါလဲ? အများအားဖြင့် စူးစူးပြီးနာပါတယ်။ ဖနောင့်နား ခြေဖဝါးကပါ။ မနက်နိုးနိုးချင်း စလှမ်းတဲ့ ပထမဆုံးခြေလှမ်းမှာ နာလေ့ရှိပါတယ်။ နောက်ပိုင်း ထပြီး လှုပ်ရှားသွားလာရင်တော့ တဖြည်းဖြည်းသက်သာလာလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အကြာကြီး မတ်တပ်ရပ်ရင်၊ ထိုင်ရာကနေ...