Home Page
Health Articles
About Us
Feedback Form
Search
An official website of the National Unity Government
Telekyanmar
An official website of the National Unity Government
Facebook
Mail
Youtube
Telekyanmar
Home Page
Health Articles
About Us
Feedback Form
Search
See our latest stories
written by our lovely staff members
Body Odor “ ကိုယ်နံ့ကလေးဆိုးတဲ့အခါ” ( November, 2022)
November 22, 2022
ကိုယ့်ကိုယ်ကထွက်တဲ့ ကိုယ်နံ့ဆိုးတဲ့အခါ ကိုယ်တိုင်စိတ်ရှုပ်ရတဲ့အပြင် လူအများကြား အခြားသူတွေကို အနံ့ဆိုးကြောင့် အားနာရတာ၊ ရှက်စရာလို့တွေးနေမိတတ်တာ၊ နောက် စိတ်မလုံခြုံဘဲ တစ်ချိန်လုံး ဒီအပေါ်ပဲစိတ်ရောက် အလုပ်မတွင်ဘဲ စိတ်နောက်စရာပါ။ ကိုယ်နံ့ဆိုးစေတဲ့ အကြောင်းတရားတွေကတော့ - တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းလို့ - စနစ်တကျသန့်ရှင်းရေးမလုပ်မိလို့ - ချွေးထွက်များလို့( ချွေးထွက်များတဲ့အခါ အရေပြားပေါ်က ဘတ်တီးရီးယားပိုးမွှားတွေ ပွားများပြီး အနံဆိုးထွက်စေပါတယ်။...
Impetigo “ အနာစက်လေး မကူးရလေအောင်” ( November, 2022)
November 22, 2022
အနာစက်လေး မကူးရလေအောင် (Impetigo) တယ်လီကျန်းမာကနေ အရေပြားရောဂါတွေအကြောင်း တင်ဆက်လာတာ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ စသည် စသည် အများအပြားပါပဲ... တင်လိုက်တိုင်းလည်း တယ်လီကျန်းမာပရိတ်သတ်က အားပေးကြမ်းလှတယ်။ အောက်မှာ ဘယ်အရေပြားရောဂါအကြောင်းလေး တင်ပေးပါဦးဆိုပြီး ထပ်တောင်းဆိုကြတယ် ဒီနေ့မှာတော့ အနာစက် အကြောင်းတင်ဆက်လိုက်ပါတယ် အနာစက်ဆိုတဲ့ အနာကွက်ကလေးတွေ အနာစက် ခေါ်တဲ့ အနာလေးတွေဟာ...
Hirsutism (သို့မဟုတ်) သဘာဝက လက်ဆောင်ပေးသော ဝေဒနာ(November, 2022)
November 21, 2022
" Hirsutism (သို့မဟုတ်) သဘာဝက လက်ဆောင်ပေးသော ဝေဒနာ " ရတာမလို လိုတာမရတဲ့.... အမွေးအမျှင်ထူတဲ့ အမျိုးသားတွေက အမွေးထူတာမကြိုက်ကြဘူး... ဟော... အမွေးအမျှင်သိပ်မရှိလှတဲ့အမျိုးသားတွေကျပြန်တော့လည်း ပသိုင်းမွေး၊ မုတ်ဆိတ်မွေးပေါက်ချင်လွန်းလို့ ဆေးလိမ်းဆေးသောက်လုပ်လိုက်ကြရတာ... ဒီလိုဆိုပေမယ့် အမျိုးသမီးထုထဲမယ်တော့ မလိုအပ်တဲ့နေရာတွေမှာ အမွေးအမျှင် ထူထဲတာကို နှစ်သက် မယ့်သူမရှိလောက်ဘူး ထင်တယ်နော်.... Hirsutism ဆိုတာ အမွေးအမျှင်ထူတာကို...
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza) ကာကွယ်ရေး နည်းလမ်းများ
November 20, 2022
တိုင်းရင်းသား (လူမျိုးစု) ဘာသာစကားတွေနဲ့ ကျန်းမာရေးပညာပေးပို့စ်တွေ တယ်လီကျန်းမာမှာ တင်မယ်ဆိုတာ ကြိုပြောခဲ့ပါတယ်နော် ...။ ဒီအစီအစဉ်လေး အခုဆိုရင် အထမြောက်လာပြီဖြစ်ပါတယ် ...။ လောလောဆယ်တော့ တစ်ပတ်ကို (အပတ်စဉ် တနင်္ဂနွေနေ့တိုင်း) ကျန်းမာရေးပညာပေးတစ်ခု တိုင်းရင်းသား (လူမျိုးစု) ဘာသာစကားတွေနဲ့ တင်ဆက်သွားပါ့မယ်။ တိုင်းရင်းသား (လူမျိုးစု) ဘာသာစကားတွေကိုလည်း...
Diabetic Retinopathy(ဆီးချိုကြောင့် အမြင်အာရုံပျက်စီးခြင်း) (November, 2022)
November 19, 2022
ဆီးချိုကြောင့် အမြင်အာရုံပျက်စီးခြင်း (Diabetic Retinopathy) Diabetic Retinopathy ဆိုတာ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် မြင်လွှာယိုယွင်းပျက်စီးလာခြင်းဖြစ်ပါတယ်။ မျက်လုံးထဲက ပုံရိပ်မြင်အောင်လုပ်ပေးတဲ့မြင်လွှာရဲ့ အလင်းအာရုံခံတစ်သျှူးတွေရဲ့ သွေးကြောလေးတွေ ပျက်စီးသွားလို့ဖြစ်ပါတယ်။ ဆီးချိုအမျိုးအစား Type 1 ရော Type 2 ရောမှာဖြစ်နိုင်ပြီး ဆီးချိုရောဂါရှိတာကြာနေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ကောင်းကောင်းမထိန်းထားနိုင်ဘူးဆိုရင် ဒီပြဿနာကို...
Burn (အပူလောင်ခြင်း) (November, 2022)
November 18, 2022
အပူလောင်ခြင်း (November,2022) အပူလောင်ခြင်း(Burn)ဆိုသည်မှာအပူကြောင့်အရေပြားထိခိုက်ဒဏ်ရာရခြင်းဟုနားလည်ကြပါသည်။ မီးအပူတစ်ခုတည်းကပဲ အပူလောင်ခြင်းကိုဖြစ်စေသည်မဟုတ်ပါ။ ထို့ကြောင့်အပူလောင်ခြင်းစေနိုင်သော အကြောင်းများနှင့် ရှောင်ကြဥ်လိုက်နာရမည်များကို ဗဟုသုတဖော်ပြလိုက်ရပါသည်။ အပူလောင်ခြင်းအမျိုးအစားများ ၁။ အပူလောင်ခြင်း (Thermal burn) (က) မီးလောင်ခြင်း(flame)၊ မီးပူကပ်ခြင်း၊ မီးလောင်ထားသော သတ္တုများ (ဥပမာ-သံ)တို့ (hot metal) နှင့်ထိမိ၍ အရေပြားလောင်ကျွမ်းဒဏ်ရာရခြင်း (ခ) ရေနွေးပူ၊ဆီပူစသဖြင့် အရည်ပူလောင်ခြင်း (Scald) (ဂ) ရေနွေးငွေ့ (steam)ဖြင့်...
Halitosis ” ခံတွင်းအနံ့ဆိုးခြင်းအကြောင်း ” ( November, 2022)
November 17, 2022
" ခံတွင်းအနံ့ဆိုးခြင်းအကြောင်း " စကားပြောမယ် ကြံလိုက်တိုင်း ပါးစပ်ကနေ အနံ့ဆိုးထွက်တာကြောင့် တော်တော် စိတ်ညစ်ရတယ်ဟုတ်? ဒီလို ခံတွင်းနံ့ဆိုးထွက်တာဟာ မိမိရဲ့ ခံတွင်းကျန်းမာရေးမကောင်းတာကို ဖော်ပြနေရုံသာမကပဲ အများသူငါနဲ့ ဆက်ဆံပြောဆိုရာမှာ ယုံကြည်မှုကိုလည်း ကျဆင်းစေပါတယ်။ ဒါဆို ဘာကြောင့် ခံတွင်းနံ့ဆိုးတွေ ထွက်ရလဲ? ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။...... “Halitosis” လို့ခေါ်တဲ့ ခံတွင်းနံ့ဆိုးခြင်းက...
Tonsillitis(အာသီးရောင်ခြင်း)( November, 2022)
November 16, 2022
အာသီးရောင်ခြင်း (November, 2022) အာသီးရောင်ခြင်း(Tonsillitis)ဟာ လူတော်တော်များများမှာ သာမာန်ဖြစ်လေ့ဖြစ်ထရှိပေမယ့် အရမ်းကြီးလည်းမပေါ့သင့်ပါဘူး။ အာသီးဟာ အာခေါင်အနောက်ဘက် လျှာခင်ရဲ့ဘေးတစ်ဘက်တစ်ချက်စီမှာရှိပါတယ်။ ( ခံတွင်းရဲ့အလယ်မှာ တွဲကျနေတဲ့ အဖုအလုံးလေးကို ဆိုလိုတာ မဟုတ်ပါဘူး ) အာသီးဟာ ကိုယ်ခံအားစနစ်အတွက်အရေးကြီးတဲ့ ပြန်ရည်ကျိတ်ရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ အာသီးရောင်စေသောအချက်များ - ဗိုင်းရပ်စ်ပိုး တိုက်ရိုက်ဝင်ရောက်ခြင်း(influenza,flu virus) - ဘက်တီးရီးယားပိုး တိုက်ရိုက်ဝင်ရောက်ခြင်း - လည်ချောင်းပိုးဝင်ခြင်း၏ နောက်ဆက်တွဲအနေဖြင့်...
1
...
101
102
103
...
128
Page 102 of 128