See our latest stories

written by our lovely staff members

အကိုက်အခဲပျောက်ဆေးကဲ့သို့သော ဆေးဝါးများကို အလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း (Medication Overuse Headache – MOH)

ဆေးဝါးများကို အလွန်အကျွံသောက်သုံးခြင်းကြောင့် ခေါင်းကိုက်ခြင်း (MOH) ဆိုတာဟာ Triptans, Ergotamines, Opiates, NSAIDs နဲ့ Paracetamol လိုမျိုး ဆေးအပြင်းတွေ သို့မဟုတ် အကိုက်အခဲပျောက်ဆေးတွေကို မကြာခဏအသုံးပြုတာကြောင့် ဖြစ်လာတတ်တဲ့ ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း Migraine (မိသားစုမျိုးရိုးမှာ Migraine ရှိသူ) တွေမှာ အများအားဖြင့်...

ဆယ်ကျော်သက်လူငယ်များအတွက် အိပ်စက်ခြင်းနှင့်ကျန်းမာရေး (February, 2024)

ကိုယ်စိတ်နှစ်ပါး ကျန်းမာစေဖို့ လုံလောက်တဲ့ ကောင်းမွန်စွာအိပ်စက်အနားယူခြင်းဟာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကလေးငယ်တွေနဲ့ လူငယ်လူရွယ်တွေအတွက်တော့ အိပ်စက်ခြင်းက ဦးနှောက်နဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်ပါ အရေးကြီးပါတယ်။ လုံလောက်တဲ့အိပ်ချိန်မရတဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေမှာ ကျန်းမာရေးပြဿနာမျိုးစုံ ကြုံတွေ့နိုင်ရုံသာမက ကလေးရဲ့ပညာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါ၊ စိတ်ကျရောဂါလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ စိတ်ထိခိုက်ဒဏ်ရာရတာ‌တွေ၊ စိတ်အာရုံစိုက်မှုဆိုင်ရာ...

Oral medication လို့ခေါ်တဲ့ သောက်ဆေးများအကြောင်း (February, 2024)

နေမကောင်းဖြစ်တဲ့အခါ၊ ရောဂါတစ်ခုခု ခံစားရတဲ့အခါ ဆရာဝန်တွေ၊ သူနာပြုတွေက ပါးစပ်ကနေသောက်ရတဲ့ဆေး (သောက်ဆေး) တွေ ပေးလေ့ရှိပါတယ်။ များသောအားဖြင့် သောက်ဆေးတွေက ပါးစပ်ကနေတစ်ဆင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ရောက်ရှိပါတယ်။ အဲမှာ စုပ်ယူခံရပြီးမှ သွေးကြောထဲသို့ရောက်ကာ လိုအပ်တဲ့နေရာကို သယ်ဆောင်ခံရပြီး အာနိသင်ပြလေ့ရှိပါတယ်။ တချို့သောဆေးတွေ (ဥပမာ -...

လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးများ

????️‍♂️ ဆရာရေ... ဆရာရှိလားဗျ။ ????‍⚕️ ကိုသိန်းဆောင်ပါလား။ လာပါဗျာ... မတွေ့တာတောင်ကြာပေါ့။ ဘယ်ကနေ လှည့်လာတာတုန်းဗျ။ ????️‍♂️ ညနေဘက် လမ်းသွားလျှောက်ကြည့်မလို့ ဆရာရဲ့။ ဆရာကလည်း Dry January ဆိုပြီး ဇန်နဝါရီတစ်လလုံး အရက်၊ ဘီယာ ဖြတ်ထားလေတော့ ကျွန်တော်တို့ဆရာတပည့် မတွေ့တာကြာပြီကိုး။ လမ်းလျှောက်ဖို့ကလည်း အချိန်ကစောနေတာနဲ့ ဆရာ့ဆီ...

ကျွန်မနဲ့ ဖေ့စ်ဘွတ်ပေါ်က လူနာ (February, 2024)

ကျွန်မ ပုံမှန်အားဖြင့် ဖေ့စ်ဘွတ်ရဲ့ Group တွေမှာ တွေ့ရတတ်တာ "ချစ်တို့ရေ ဒီနားလေ... အကွက်ဖြစ်လို့ ဘာလူးရမလဲ" ပိုစ့်တင်မေး... ကွန်မန့်မှာ ဆရာကြီး၊ ဆရာမကြီးတို့ နည်းပေါင်းစုံပေး... ကိုယ်ကဆရာဝန် နားလည်လို့ ကွန်မန့်ပေးတောင် သူတို့မြင်မယ်မထင်။ နောက်ပိုင်း ဒီလို တလွဲပိုစ့်တွေမြင် ကျော်သွားလိုက်တာ များပါတယ်။ တစ်ရက် ကောင်မလေးတစ်ယောက်...

မသန်စွမ်းခြင်း Disability (January, 2024)

မသန်စွမ်းခြင်းဆိုတာဘာလဲ....... မသန်စွမ်းခြင်းလို့ ပြောတဲ့အခါ လူအများစုက လမ်းကောင်းကောင်း မလျှောက်နိုင်တာတို့၊ လက်ကိုအသုံးမပြုနိုင်တာတို့၊ စကားမပြောနိုင်တာတို့ကို ပြေးမြင်မိကြမှာပါ။ မှန်တော့မှန်ပေမယ့် အပြည့်အဝမမှန်ပါဘူး။ ခုပြောခဲ့တာက သာမန်မျက်စိနဲ့ ကြည့်ရုံနဲ့ သိသာတဲ့ မသန်စွမ်းခြင်း (Visible disabilities) ဖြစ်ပါတယ်။ သာမန်အနေနဲ့ မမြင်နိုင်၊ မသိနိုင်တဲ့ မသန်စွမ်းခြင်း‌တွေကို‌တော့ (Invincible disabilities) လို့...

ပွေ့ဖက်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ (January, 2024)

ဒီနေ့မှာ ကျရောက်တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကို အမေရိကန်နိုင်ငံမှာတော့ နှစ်စဉ်နှစ်တိုင်း နိုင်ငံရဲ့ပွေ့ဖက်ခြင်းနေ့ (National Hugging Day) ဆိုပြီး တရားဝင် အသိအမှတ်ပြု‌ထားပါတယ်။ Rev. Kevin Zaborney ဆိုသူက ၁၉၈၆ မတ်လ ၂၉ ရက်နေ့မှာ Caro မြို့ Michigan...

ငိုကျွေးခြင်း၏ ကျန်းမာရေးအကျိုး (January, 2024)

ငို‌ကြွေးခြင်းက သင့်ကျန်းမာ‌ရေးအတွက် ကောင်းကျိုးပြုပါရဲ့လား....... ငိုကြွေးခြင်းဟာ လူသားတွေရဲ့ စိတ်ခံစားချက် အခြေအနေအမျိုးမျိုးမှာ ဖြစ်ပေါ်လာတတ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ ကျွန်မတို့ အူလှိုက်သည်းလှိုက် ရယ်မောရင်၊ နာကျင်ဝမ်းနည်းရင်၊ ပျော်ရွှင်ရင် မျက်ရည်ကျတတ်ကြပါတယ်။ ဒါပေမယ့် ငိုကြွေးခြင်းဟာ တကယ်လိုအပ်လား၊ ကျန်းမာရေးအတွက်ရော ကောင်းလို့လားဆိုတာကို သိချင်ရင် ဆက်ဖတ်ကြည့်ပါနော်။ ... ... ????ကျွန်မတို့ ဘာကြောင့် ငိုကြွေးကြတာလဲ....... ကျွန်မတို့ ကျတဲ့...