Home Page
Health Articles
About Us
Feedback Form
Search
An official website of the National Unity Government
Telekyanmar
An official website of the National Unity Government
Facebook
Mail
Youtube
Telekyanmar
Home Page
Health Articles
About Us
Feedback Form
Search
See our latest stories
written by our lovely staff members
ချောင်းဆိုးတဲ့အခါ ဆံပင်တွေထွက်လာတာနဲ့ ဆံခြည်မျှင်တွေ အန်တတ်တဲ့အကြောင်း Trichoptysis and Trichobezoar
March 17, 2023
ချောင်းဆိုးတဲ့အခါ သလိပ်တွေ မထွက်ဘဲ... ဆံပင်တွေ ထွက်လာတာ... အဆီခဲ အဆီဖတ်တွေ ထွက်လာတာ… ကျောက်ခဲလိုမျိုးလေးတွေ ထွက်လာတာ... အဲ့လို ရောဂါအခြေအနေမျိုးက တကယ်ရှိပါတယ်နော် ရှိတော့ရှိတယ် ရှားတယ် ဆိုသလိုမျိုးပေါ့။ ရင်ဘတ်ထဲမှာ အကျိတ်တည်တယ်...အဲ့အကျိတ်ကလည်း လေပြွန်တွေနဲ့ ဆက်နေပြီး နည်းနည်းပေါက်ပြဲသွားတဲ့အခါ အကျိတ်ထဲမှာရှိတဲ့ ဆံပင်တွေဟာ ချောင်းဆိုးရာကတစ်ဆင့် အပြင်ကို ထွက်လာပါသတဲ့ ဘယ်လို...ဘယ်လို... အကျိတ်ထဲ ဘယ်လိုလုပ် ဆံပင်တွေ ရှိရတာတုန်း ????...
ကလေးတွေအနေနဲ့ ခွေးကိုက်မခံရအောင် ဘယ်လိုပြုမူနေထိုင်သင့်သလဲ Prevention of Dog Bite and Rabies (Video) (March, 2023)
March 17, 2023
ခွေးရူးပြန်ရောဂါဟာ ခွေးကိုက်ခြင်းကတစ်ဆင့်အများဆုံးကူးစက်ပြီးတော့ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိပါတယ်။ အသက်ငယ်ရွယ်တဲ့ကလေးတွေဟာ ခွေးကိုက်ခံရမှုအများဆုံးဖြစ်ကြောင်းလည်း တွေ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ ခွေးရူးပြန်ရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ကလေးတွေအနေနဲ့ ခွေးကိုက်မခံရအောင် ဘယ်လိုပြုမူနေထိုင်သင့်သလဲဆိုတဲ့ အကြံပြုချက်တွေကို ဒေါက်တာပန်ပန်က ဝေမျှပေးထားပါတယ်။ Ministry of Health, National Unity Government. https://youtu.be/XHuqhc4Ihdk?si=5T1jYzh3fZVDfLn8
စတီးရွိုက် (steriod) ဆေးများအကြောင်း Corticosteroids (March, 2023)
March 16, 2023
" လူအများအကျွမ်းတဝင်ရှိသော စတီးရွိုက် (steriod) ဆေးများအကြောင်း " စတီးရွိုက်ဆေးတွေ (Corticosteroids) ကို အရောင်ကျဆေးအနေနဲ့ အသုံးများပြီး အဆစ်မြစ်ရောင်ရောဂါများနဲ့ လေးဘက်နာရောဂါတွေမှာ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးရတဲ့ဆေးတွေအဖြစ် အသိများပါတယ်။ ကော်တီကိုစတီးရွိုက် (Corticosteroid) ဆိုတာဘာလဲ ? ကော်တီကိုစတီးရွိုက်ဆေးတွေဟာ ခန္ဓာကိုယ်ရဲ့ adrenal gland က ထုတ်ပေးတဲ့ ကော်တီဇောဟော်မုန်း...
ယိမ်းင် – ရွာက ဆရာမ
March 15, 2023
" ဆရာမရေ...ဆရာမ....ဆေးခန်းပြချင်လို့ " အညာနွေ၏ တဖြည်းဖြည်း မြင့်သထက်မြင့်လာနေသော အပူရှိန်များအကြား... အခန်းအပြင်ဘက်မှ အမျိုးသမီးတစ်ယောက်၏ ခေါ်သံ… ထိုအသံကြောင့် ကျွန်မလည်း အမျိုးသမီးတို့၏ လစဥ်ခံစားနေကျ နာကျင်မှုသက်သာစေရန် အိပ်ရာထက်တွင် လဲလျောင်းနေသည်မှ ထ၍ အခန်းအပြင် ထွက်ကြည့်လိုက်ရတော့သည်။ " မနက်ကတော့ မလာဘဲနဲ့ နေပူကျဲတဲကြီးမှ ရွေးလာရသလား " ပါးစပ်ကလည်း ပွစိပွစိပြောရင်း...
Dr Harry တောကဆရာဝန်
March 14, 2023
Hello... ကျွန်တော် Dr Harry ပါ စာရေးရမယ့်အချိန် ရောက်လာတော့ ဒီတစ်ခါ ဘာအကြောင်းများ ရေးရမလဲ တွေးရင်း... တောမှာ ဆရာဝန်တစ်ယောက်အနေနဲ့ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ရေးဖို့ စိတ်ကူးရတယ်။ ကိုယ့်ထက် ခက်ခဲတဲ့နေရာက သူတွေကိုလည်း လေးစားအားနာရပါတယ်။ တော်လှန်ရေး ကာလကလည်း ၂ နှစ် ကျော်လာပြီး...
အမျိုးသား သားကြောဖြတ်ခြင်း Vasectomy
March 9, 2023
Vasectomy ဟာ အမျိုးသားတွေမှာ လုပ်လေ့ရှိတဲ့ သားကြောဖြတ်ခြင်း နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။ Vasectomy မှာ vas deferens လို့ ခေါ်တဲ့ သုက်ပို့ပြွန် ၂ ခုကို ဖြတ်ပြီး ချည်လိုက်ရပါတယ်။ ဒီလို ဖြတ်လိုက်ခြင်းဟာ ဝှေးစေ့တွေကနေ လိင်တံဆီ သုက်ကောင်တွေ စီးဆင်းမှုကို တားဆီးလိုက်ခြင်း...
ကိုယ်အလေးချိန် မြန်မြန်ကျချင်ရင် ဘယ်လိုကစားနည်း ကစားမလဲ Cardio vs Weights for weight loss (February, 2023)
February 23, 2023
ကိုယ်အလေးချိန် မြန်မြန်ကျချင်ရင် ဘယ်လိုကစားနည်း ကစားမလဲ ? Cardio Vs Weight Lifting မှာ ဘယ်တစ်ခုက ပိုပြီး မြန်မြန် ကိုယ်အလေးချိန်ကျစေလဲ၊ ဘယ်ဟာကပိုကောင်းတာလဲ ? ဒီမေးခွန်းလေးတွေ မဖြေခင် Cardio နဲ့ Weight Lifting ရဲ့အကြောင်းလေး အရင်မိတ်ဆက်ပါရစေ။ Cardio Exercise ဆိုတာ...
ဒေါက်တာနို၏ မုန့်ဟင်းခါး အိုးဘဲဥတစ်ပွဲ
February 22, 2023
မုန့်ဟင်းခါး အိုးဘဲဥတစ်ပွဲ ================== မုန့်ဟင်းခါး အရသာဟာ မြို့တစ်ခုနဲ့တစ်ခုမှာ ကွာခြားကြတယ်။ ကျွန်တော့ဇာတိမှာ အရသာ တစ်မျိုး၊ ကျောင်းတက်တော့ သွားရတဲ့မြို့မှာ အရသာက တစ်မျိုး၊ ခရီးတွေဘာတွေ ထွက်ဖြစ်တုန်း စားဖြစ်ရင် အရသာက တစ်မျိုးစီပေါ့။ နေရာဒေသကို လိုက်ပြီး အစားအစာတွေရဲ့ အရသာတွေ မတူကြပါဘူး။ တစ်ခါတလေ အခေါ်အဝေါ်တွေတောင်...
1
...
19
20
21
...
27
Page 20 of 27