Home Page
Health Articles
About Us
Feedback Form
Search
An official website of the National Unity Government
MENU
Telekyanmar
An official website of the National Unity Government
Facebook
Mail
Youtube
Telekyanmar
Home Page
Health Articles
About Us
Feedback Form
Search
See our latest stories
written by our lovely staff members
ဆီးချိုနှင့် အာဟာရမှုန့်များ (December,2023)
December 2, 2023
ဒီတစ်ပတ်မှာတော့ လူနာတွေ အမေးများကြတဲ့ ဆီးချိုနို့မှုန့်နဲ့ အခြားဆက်စပ်အကြောင်းအရာလေးတွေကို ရှင်းပြသွားပါမယ်နော်။ လူနာတချို့ မေးကြပုံက ဒီလို... ဒီနို့မှုန့်ကို လိုင်းပေါ်မှာ ကြော်ငြာတာ တွေ့တယ်ပေါ့… သူများတွေ ၀ယ်သောက်တာလည်း ကောင်းတယ်ပြောတယ်။ အသိလူရင်းတွေတောင် နို့မှုန့်သောက်ပြီး ဆီးချိုဆေးမသောက်ဘဲ ဆီးချိုကျပြီး ကောင်းသွားတာဆိုပြီး... ဆီးချိုသွေးချိုသက်သာနိုး မျှော်လင့်ချက်လေးတွေနဲ့ပေါ့။ ကဲ….. ဆီးချိုသွေးချိုဆိုတဲ့အကြောင်းကတော့ မကြားချင်မှအဆုံး သိကြပြီးသားဆိုတော့ အသေးစိတ်မပြောလိုပေမယ့်...
ရာသီစာ ထောပတ်သီးအကြောင်း သိကောင်းစရာ (December,2023)
December 1, 2023
ဆောင်းတွင်းရောက်လာပြီဆိုတာနဲ့ ထောပတ်သီးရာသီစပြီမို့ စျေးကွက်ထဲမှာ ထောပတ်သီး အမျိုးစုံ၊ အရွယ်အစားစုံ တွေ့လာရပါပြီ။ ထောပတ်သီးကို နည်းလမ်းမျိုးစုံနဲ့ အရသာရှိအောင် လုပ်စားလေ့ရှိကြတာမို့ ထောပတ်သီးရဲ့ အာဟာရအကျိုးပြုပုံကို အနည်းငယ် ဖော်ပြလိုက်ပါတယ်။ ... ... ???? ပုံမှန်အရွယ်အစား ထောပတ်သီးတစ်လုံးမှာ * ကယ်လ်လိုရီ ၃၂၂ * ကာဗွန်ဟိုက်ဒရိတ် ၁၇ ဂရမ် (g) * ပရိုတင်းဓာတ်...
မယ်ဇလီဖူးသုပ်နဲ့ ဆေးပေါင်းခတဲ့ည (November,2023)
November 26, 2023
မနက်ဖြန်ကျ တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့... “ဆေးပေါင်းခတဲ့ည …. ဆေးပေါင်းခတဲ့ည…” ဆိုတဲ့ သီချင်းလေးတောင် နားထဲ ကြားယောင်လာပါပြီ။ တန်ဆောင်မုန်းလပြည့်တိုင်း စတုဒီသာတွေမှာ ဆေးဘက်၀င်အောင်ဆိုပြီး မယ်ဇလီဖူးသုပ်တွေ ထည့်ကျွေးကြ အိမ်နီးနားချင်းတွေလိုက်၀ေကြနဲ့ …. ရှိကြပါသေးတယ်။ မယ်ဇလီဖူးသုပ်ကို တန်ဆောင်မုန်းလပြည့် ကျီးမနိုးပွဲဓလေ့ (သူခိုးကြီးည) မှာ မျက်လုံးကျယ်အောင်ဆိုပြီး မိသားစုဆွေမျိုး အိမ်နီးနားချင်းတွေ မယ်ဇလီဖူးသုပ်ကို စုစားရင်း...
လက်ဖက်နှင့် အာဟာရ (November,2023)
November 18, 2023
မြန်မာမှန်ရင် လက်ဖက်နဲ့ ကင်းနိုင်မယ်မထင် …. စကားပုံထဲကအတိုင်း “အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဖက်” ဆိုတဲ့အတိုင်း ခံစားမိကြမယ် ထင်ပါတယ်။ လက်ဖက်လို့ကြားတာနဲ့ အိမ်ကိုလည်းလွမ်းတယ်... “အလှူ့လက်ဖက်” ဆိုတဲ့ ရွာကအမျိုးတွေကိုရောပေါ့… အတူစားခဲ့ဖူးတဲ့ ပွဲတွေကိုလည်း ခဏတာပြန်ရောက်သွားသလို၊ နက်စ်တစ်ခွက်နဲ့ လက်ဖက်တစ်ပွဲနဲ့ တစ်နေကုန်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်က ဘော်ဒါတွေလည်း...
ဒီပါဝလီနေ့မှာ အာဟာရမျှအောင် စားကြမယ်(November,2023)
November 11, 2023
ဘာသာရေးအရ၊ လူမျိုးအရ နှစ်တိုင်း ဒီလိုချိန်ရောက်လာပြီဆို ရိုးရာမပျက် ဒီပါ၀လီပွဲကို ဆင်နွှဲကျင်းပနေကြ အချိန်လေးပါ။ ဟိန္ဒူဘာသာဝင်တွေ လုပ်တဲ့ပွဲဆိုပေမယ့်လည်း ခင်ရာမင်ရာ အိမ်နီးချင်းတွေ၊ သူငယ်ချင်းတွေကျွေးတဲ့ ဒီပါ၀လီမုန့်တွေကို အားလုံးစားဖူးကြမယ် ထင်ပါတယ်။ မုန့်လေးတွေက ချစ်စဖွယ်လေးနဲ့ ချိုချိုအီအီလေးတွေ ဖြစ်နေတာကြောင့် ကလေးရောလူကြီးပါ တစ်မျိုးပြီးတစ်မျိုးစီ စမ်းစားကြည့်ရတာလေးကိုက အရသာရှိနေတာ…. မုန့်အချိုတွေဆိုတော့ ဆရာ၀န်တွေရဲ့...
သက်လုံကောင်းစေတဲ့ အစားအစာများ (November,2023)
November 4, 2023
အားကစားလုပ်နိုင်တယ် အမောခံနိုင်တယ်ဆိုတာ လုပ်နေကျဖြစ်ဖို့လိုသလို မိမိလုပ်တဲ့အားကစားအမျိုးအစားက ဘယ်လိုအာဟာရဓာတ်မျိုးကို ပိုအသုံးပြုလဲဆိုတာ ပါးနပ်စွာ နားလည်ထားပြီး သေချာစားသောက်ထားရင် မာရသွန်ပဲပြေးပြေး၊ ရက်ရှည် အားကစားပြိုင်တာပဲဖြစ်ဖြစ် အောင်အောင်မြင်မြင်နဲ့ ပန်းတိုင်ရောက်ဖို့ ပိုနီးစပ်စေပါတယ်။ ဒီအတွက် သက်လုံကောင်းစေတဲ့ အစားအသောက်အချို့ကတော့ . . . .. .. ၁။ ကဖင်း ကဖင်းဓာတ်က ကြွက်သားတွေရဲ့ ညောင်းညာမှုကိုသိရှိခံစားစေတဲ့အပိုင်းကို လျှောချပေးပြီး...
ကလေးတွေကို အစာကျွေးရလွယ်စေမယ့် အချက် (၁၀) ချက်
October 28, 2023
အာဟာရနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေကို အပတ်စဥ် မျှဝေပေးခဲ့တဲ့အနက် ဒီတစ်ပတ်မှာတော့ ကလေးတွေ အစားကျွေးရ ပိုလွယ်အောင်၊ အစာချေးမများအောင် လုပ်ဆောင်ဖို့အချက် (၁၀) ချက်ကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ဒါလေးတွေကတော့... . (၁) ကလေးတွေ မီးဖိုချောင်ကို လာရှုပ်တဲ့အခါ (ဒါမှမဟုတ်) ဟင်းချက်နေတာကို လာစပ်စုတဲ့အခါ သူတို့လုပ်နိုင်တာလေးတွေ၊ အန္တရာယ်မဖြစ်တဲ့ဟာတွေ ပေးလုပ်ခြင်းအားဖြင့် အစားအစာကို...
ကိုယ်ခံအားကောင်းအောင် ဆေးထိုးဆေးသောက် ဘယ်လိုလုပ်ရမလဲ Immune Supplement (October,2023)
October 21, 2023
ဒီတစ်လော ဆေးခန်းကို လာလာမေးကြတာက ကိုယ်ခံအားကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ ကိုယ်ခံအားကောင်းချင်လို့၊ နေရတာ အားမရှိလို့၊ နုံးနေလို့ ဆိုပြီး ဆေးထိုးဆေးသောက် ဖြည့်စွက်စာမျိုးစုံအပြင် အကြောအားဆေးသွင်းတာတွေက ပုံမှန်အတိုင်းဆိုလည်း အပြင်ဆေးခန််းတွေမှာ လာလုပ်တတ်ကြပါတယ်။ တကယ်ပဲ ကိုယ်ခံအား တက်/မတက် ကိုတော့ ဆက်လက်ဖတ်ရှူပေးပါနော်…. ... ... အကြောဆေး အမျိုးမျိုး…… အလုံးကြီးကြီး ဆေးပုလင်းကို ရောင်စုံဆေး လေးတွေအရောနဲ့ ချိတ်ပြီးရင်...
1
...
5
6
7
...
18
Page 6 of 18