See our latest stories

written by our lovely staff members

သန့်ရှင်းသော သောက်သုံးရေကို ရှာဖွေခြင်း How to Find Water in the Wild ( January 2022)

သန့်ရှင်းသော သောက်သုံးရေကို ရှာဖွေခြင်း =================== ???? နိဒါန်း လူ့ခန္ဓာကိုယ် အသက်ရှင်ရပ်တည်ရန်အတွက် ရေသည် မရှိမဖြစ် အရေးပါလှပါသည်။ ခန္ဓာကိုယ်၏ သုံးပုံနှစ်ပုံခန့်ကို ရေဓာတ်ဖြင့်ဖွဲ့စည်းထားသည်ဟု အကြမ်းဖျင်း မှတ်ယူနိုင်သည်။ ရေဓာတ်ခမ်းခြောက်ခဲ့လျှင် သက်ရှိဆဲလ်များ ကျုံ့ဝင်သွားပြီး ၊ သွေးလည်ပတ်မှုရပ်ဆိုင်းကာ ကိုယ်တွင်းကလီစာများထံသို့ အောက်စီဂျင်ပေးပို့နိုင်တော့မည်မဟုတ်သောကြောင့် ရှင်သန်ရန်မဖြစ်နိုင်တော့ချေ။ ရေဓာတ်ခမ်းခြောက်မှုသည် နောက်ဆုံးရေသောက်အပြီး (၆) နာရီကြာလျှင် စတင်ပါသည်။...