See our latest stories

written by our lovely staff members

ကြွက်နို့အကြောင်း သိကောင်းစရာ Warts ( June, 2022 )

ကြွက်နို့အကြောင်း သိကောင်းစရာ (Warts) ကြွက်နို့ဆိုတာ Human Papillomavirus ​(HPV ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတဲ့ ​ခန္ဓာကိုယ်ခြေလက်အနှံ့နဲ့ လိင်အင်္ဂါတစ်ဝိုက်ပါမကျန်ဖြစ်ပွားတဲ့ အရေပြားရောဂါတစ်ခုပါ။ ❓ကြွက်နို့ဘာလို့ဖြစ် ကြွက်နို့ဟာ Human Papillomavirus (HPV ဗိုင်းရပ်စ်)ကြောင့်ဖြစ်ရတယ်။ HPV ဗိုင်းရပ်စ်မျိုးကွဲပေါင်း ရာနဲ့ချီရှိတဲ့အနက် ဖြစ်ပွားတဲ့ခန္ဓာကိုယ်နေရာနဲ့ ကြွက်နို့အမျိုးအစားပေါ်မူတည်ပြီး HPV ဗိုင်းရပ်စ် အမျိုးအစားကွဲတွေလည်း မတူတတ်ကြပါဘူး။...

နာတာရှည် လေပြွန်ကျဉ်းခြင်း Chronic Obstructive Pulmonary Disease ( COPD ) ( June, 2022 )

နာတာရှည် လေပြွန်ကျဉ်းခြင်း (COPD) ????ဆေးလိပ်ကို တစ်နေ့တစ်နေ့အလိပ်ပေါင်းများစွာ၊ နှစ်ရှည်သောက်ခဲ့ပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေပြီဆိုရင်တော့ နာတာရှည်လေပြွန်ကျဉ်းနေပြီလား ဆိုပြီးစဉ်းစားရပါတယ် ????ဆေးလိပ်က အသက်ရှူလမ်းကြောင်းကို ဘယ်လိုထိခိုက်စေလဲဆိုရင်... - လေပြွန်ကိုထိခိုက်စေကာ ရောင်ရမ်းစေခြင်း- လေပြွန်အတွင်းအချွဲ(mucous)များစွာထွက်စေခြင်း- နောက်ပိုင်းတွင် လေပြွန်ကျဥ်းသွားခြင်း- အဆုတ်အတွင်းရှိ လေအိတ်များ ပျက်စီးစေခြင်းတို့ဖြစ်စေပါတယ်။ ????ဆေးလိပ်အပြင်- ခြင်ဆေး၊ အမွှေးတိုင်က အငွေ့တွေ- သစ်ရွက်/ အမှိုက်မီးရှို့တဲ့အခါထွက်လာတဲ့ မီးခိုးငွေ့တွေ-...

ခြေထောက်သွေးပြန်​ကြော သွေးခဲခြင်း Deep Vein Thrombosis ( May, 2022 )

ခြေထောက်သွေးပြန်​ကြော သွေးခဲခြင်း (Deep Vein Thrombosis) DVTဆိုတာမပြောခင် အရင်ဆုံးတော့ သွေးပြန်ကြော(Vein)ရဲ့ပုံမှန်အလုပ်လုပ်ပုံလေး သိထားသင့်ပါတယ်။ သွေးပြန်ကြောဟာ သူ့နာမည်အတိုင်း ခန္ဓာကိုယ်အနှံ့ကသွေးတွေကို နှလုံးထဲပြန်ရောက်အောင် သယ်ပေးတာပါ။ သွေးပုံမှန်စီးဆင်းနေပြီး သွေးမခဲသွားအောင် သွေးပြန်ကြောဘေးတလျောက်မှာရှိတဲ့ ကြွက်သားတွေရဲ့ညှစ်အားနဲ့ ပြန်ကြောအတွင်းရှိအဆို့ရှင်(Valves)လေးတွေက ကူညီပေးကြပါတယ်။ ❓ဘယ်လိုအချိန်မှာသွေးခဲမှာလဲ အကြောင်းအမျိုးမျိုးကြောင့် သွေးလည်ပတ်မှုပျက်သွားရင်တော့ သွေးခဲခြင်း(thrombosis)ဖြစ်ပါတယ်။ခြေသလုံးအတွင်းရှိသွေးပြန်ကြောအတွင်း သွေးခဲခဲ့ရင်တော့ Deep vein thrombosis လို့ခေါ်ပါတယ်။ ❓ဘယ်လိုလူတွေမှာဖြစ်တတ်လဲ -...

သွေးလွန်တုပ်ကွေး Dengue Hemorrhagic Fever ( May, 2022 )

သွေးလွန်တုပ်ကွေး သွေးလွန်တုပ်ကွေးရောဂါဆိုတာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကိုသယ်ဆောင်ထားတဲ့ အေးဒီးစ် (Aedes)လို့ခေါ်တဲ့ ခြင်ကိုက်လို့ ဖြစ်တာပါ။ ❓ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ အသက်သုံးနှစ်ကနေ ဆယ့်ငါးနှစ်အတွင်းကလေးတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ရောဂါလက္ခဏာတွေကလဲ အသက်အရွယ်ပေါ်မူတည်ပြီး နည်းနည်းကွာပါတယ်။ ❓ရောဂါလက္ခဏာဘာတွေလဲ။ အများအားဖြင့် ပြင်းထန်တဲ့တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေဖြစ်လေ့ရှိပါတယ်။ အရိုးကွဲအဖျားလို့တောင်ခေါ်ရလောက်အောင် တစ်ခါတရံ အရိုးအဆစ်တွေ ကိုက်ခဲနာကျင်တတ်ပါတယ်။ ရောဂါဖြစ်စေတဲ့ခြင်ကိုက်ခံရပြီး သုံးရက်ကနေဆယ့်လေးရက်လောက်အတွင်းမှာ... - ချမ်းတုန်ပြီး အဖျားကြီးခြင်း- မျက်လုံးအောင့်ပြီး ခေါင်းအရမ်းကိုက်ခြင်း-...

Trench Foot or Immersion Foot

ခြေထောက်စိုနာရောဂါ (Trench Foot or Immersion Foot) ဆိုသည်မှာ ခြေထောက်များ အချိန်ကြာမြင့်စွာ စိုထိုင်းခြင်းကြောင့် ဖြစ်ပွားသော ရောဂါတစ်ခုပါသည်။ ရောဂါဖြစ်ပွားပါက ခြေထောက်များ အလွန်အမင်း နာကျင်စွာခံစားရစေတတ်သော်လည်း ကြိုတင်ကာကွယ်၊ ကုသ၍ ရနိုင်ပါသည်။ ခြေထောက်စိုနာရောဂါသည် အအေးဓာတ် (အေးခဲသည်အထိ မဟုတ်)၊ စိုထိုင်းမှုနှင့် တစ်ခါတစ်ရံ...

အသက်ကြီးသူများတွင် ဖြစ်တတ်သော အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး Osteoarthritis ( May, 2022 )

အသက်ကြီးသူများတွင် ဖြစ်တတ်သော ဒူးနာခြင်း ( Osteoarthritis ) အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး (osteoarthritis)ကို အသက်အရွယ်မရွေးခံစားရပေမယ့် ၊ အသက်အရွယ်ကြီးရင့်သူတွေမှာတော့ တော်ရုံမပျောက်ကင်းဘဲ စွဲစွဲမြဲမြဲ ဒုက္ခပေးနေတတ်တဲ့အိမ်မက်ဆိုး တစ်ခုဖြစ်နေတတ်ပါတယ်။ အဓိကကတော့ အသက်ကြီးလာတာနဲ့အမျှ အဆစ်တွေအပေါ် ဒဏ်တွေသက်ရောက်ပြီး ဖြစ်ပေါ်လာခြင်းပါ။ ဒီလိုအဆစ်ရောင်ခြင်း (Degenerative joint disorder )ကို ပျက်စီးယိုယွင်းလာသော...

ဆီးချိုကို စနစ်တကျဘယ်လိုတိုင်းကြမလဲနှင့် ဆီးချို ဘယ်လိုထိန်းကြမလဲ ( May, 2022 )

ဆီးချိုကို စနစ်တကျဘယ်လိုတိုင်းကြမလဲနှင့် ဆီးချို ဘယ်လိုထိန်းကြမလဲ ဆီးချိုဆိုတာ အရှင်းပျောက်ကင်းသွားမှာမဟုတ်တဲ့အတွက်• ဆီးချိုရှိပြီဆိုလိုက်တာနဲ့ ဆီးချိုတိုင်းတဲ့စက်လေးဆောင်ထားသင့်ပါတယ်။• ဆီးချိုကို ပုံမှန်တိုင်းရမယ့်အပြင် အရမ်းတက်သွားတာ ကျသွားတာမျိုးကို အမြန်သိလိုက်မှသာ အသက်အန္တရာယ်ကိုကာကွယ်နိုင်မှာပါ။ ❓ဒါဆိုဆီးချိုကို ဘယ်လိုတိုင်းကြမလဲ ✔️အိမ်မှာပဲ ဆီးချိုကို အစာ သို့မဟုတ် သောက်ဆေးနဲ့ ပုံမှန်ထိန်းထားနိုင်ရင်တော့တစ်ပတ် ကို (၃) ရက်ဖောက်ပေးပါ။- တစ်ရက်ကို...

ခြေထောက်သွေးကြောထုံးရောဂါ အကြောင်း Varicose Vein ( May, 2022 )

ခြေထောက်သွေးကြောထုံးရောဂါ အကြောင်း ( Varicose Vein ) ???? ခြေထောက်မှာ ဘာလို့ သွေးကြောထုံးတာလဲ ? ခန္ဓာကိုယ်အောက်ပိုင်း ခြေထောက်ကသွေးတွေဟာ ‌နှလုံးဆီပြန်သွားဖို့ ပုံမှန်အားဖြင့် ခြေသလုံးကြွက်သားတွေက ညှစ်ပို့ပေးသလို၊ သွေးတွေ အောက်ပြန်မကျစေဖို့/မအိုင်စေဖို့ကိုလည်း သွေးပြန်ကြောအတွင်းမှာ အဆို့ရှင် (one way valve)လေးတွေခံပြီးလည်း တားပေးထားပါတယ်။ အဲဒီ့အဆို့ရှင်လေးတွေ မသန်မာတော့ရင် (သို့)...