See our latest stories

written by our lovely staff members

HIV and PEP (November,2023)

ဆေးတွေအကြောင်းပြောပြီးတဲ့အခါ “P” လေးတွေအကြောင်း ဆက်ပြောမယ်နော်။ ပီလေးတွေဆိုလို့ တိုင်းပြည်အတွက် တိုက်ပွဲဝင်နေတဲ့ ဟီးရိုး ပီလေးတွေတော့ မဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်ထဲ HIV ပိုး မရောက်အောင် တန်ပြန်ကာကွယ်ပေးမယ့် ပီလေးတွေ အကြောင်းပါ။ သူတို့ကတော့ “PEP - ပီအီးပီ (ပက်)”, “PrEP -...

HIV and ART (November,2023)

ရှေ့ရက်တွေမှာ ဥပမာတွေ ရှုပ်ယှက်ခတ်အောင် ပေးပြီး စီဒီဖိုးတွေ ဘိုင်ရယ်လုတ် (viral load) တွေ ပြောထားပြီးပြီဆိုတော့ ဒီနေ့တော့ အေအာတီဆေးလေးတွေဘက် နည်းနည်းသွားမယ်နော်။ အေအာတီဆိုလို့ လျှာလိပ်အောင် အသံထွက်ရတဲ့ ဆေးတွေဆိုပြီး မလန့်သွားပါနဲ့… အဲဒါတွေ အသေးစိတ် မပြောပါဘူး ခေါင်းရှုပ်သွားမှာစိုးလို့။ဒါပေမယ့် ယေဘုယျတော့ ပြောပြချင်တယ်။...

HIV and CD4 (November,2023)

ဒီနေ့မှာတော့ စီဒီဖိုး (CD4) အကြောင်း တကယ်ပြောပါပြီနော် ????သူ့မတိုင်ခင် ကိုယ်ခံအားစနစ်နဲ့ စရမယ်…လူတစ်ဦးတစ်ယောက်စီတိုင်းမှာရှိတဲ့ ကိုယ်ခံအား/ ခုခံအားစနစ် (immune system) ဟာဆိုရင် အနုပညာတူရိယာတွေ အများကြီးပါတဲ့ သံစုံတီးဝိုင်းကြီး (orchestra) နဲ့ တူတယ်လို့ တချို့ကတင်စားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ခံအားစနစ်မှာပါဝင်တဲ့ ပရိုတိန်းလေးတွေ၊ ဆဲလ်လေးတွေဟာ...

HIV နှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ “ HIV and STI” (November,2023)

၂၀၂၃ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါနေ့ (World AIDS Day) အထိမ်းအမှတ် စာအရှည်ကြီးတွေရေးနေတဲ့ ဒေါက်တာမာယာ စီဒီဖိုး (CD4) နဲ့ HIV ပိုးကောင်ရေ (HIV Viral Load) အကြောင်း မပြောပြခင် ဒီနေ့တော့ ကြားဖြတ်လေး အကိုတွေ၊ မောင်တွေအတွက် စိတ်ဝင်စားစရာ...

HIV ကူးစက်ပုံနှင့် သွေးစစ်ပုံ (November,2023)

HIV ပိုး ကူးစက်ပုံအကြောင်း သင်သိထားတာ ပြည့်ရော ပြည့်စုံရဲ့လား... ဟုတ်ရော ဟုတ်ရဲ့လား... ???? ? အသေးစိတ် ဖတ်ကြည့်လိုက်ရအောင်လေနော်.... ပထမဆုံးအနေနဲ့ အများစု တွေးထင်ထားတာတွေက ဟုတ်မယ်လို့ ထင်ပါတယ်။ အားလုံးပဲ သိထားပြီးသားဖြစ်နိုင်တဲ့... - အရေပြားချင်းထိတွေ့တာ (ဥပမာ - လက်ဆွဲနှုတ်ဆက်တာ၊ ဖက်တာ) - အိမ်သာ ရေချိုးခန်း...

HIV ဘယ်အချိန် စစ်ရမလဲ (November,2023)

ဒီဇင်ဘာလည်း နီးလာပြီ... ဒီဇင်ဘာနီးလို့ ဆောင်းအေးအေးမှာ ဆွေးဆွေးလေး ကွေးနေချင်ပေမယ့်လည်း တချို့သောဆရာဝန်တွေမှာတော့ ဇောချွေးတွေ ပျံနေဆဲပေါ့။ ဟုတ်ပါတယ်... တယ်လီရဒ် - TeleRed က ဆရာဝန်တွေ အလုပ်များလာပြီလေ။ TeleRed ဆိုတာ ဘာကြီးလဲ... ဘာလို့ အလုပ်တွေများလာလဲ မှန်းကြည့်ကြမလား။ (စဉ်းစားပြီးရင် ဆက်ဖတ်ကြည့်ရအောင်နော်) TeleRed ဆိုတာကတော့ HIV လူနာတွေကို သီးသန့်ကြည့်ရှုပေးနေတဲ့ ဆေးခန်းလေးတွေပေါ့။ ကမ္ဘာပေါ်မှာ ရောဂါအလိုက်...

အရေပြားအောက်မှာ ရွေ့လျားသွားနေသော ယားနာ Cutaneous Larva Migrans (October,2023)

အရေပြားအောက်မှာ ရွေ့လျားသွားနေသော ယားနာ (Cutaneous Larva Migrans) အရေပြားအောက်မှာ တီကောင်သေးသေးလေးတစ်ကောင် လျှောက်သွားနေသလို အနီရောင် ကွေ့ကွေ့ကောက်ကောက် ယားနာလမ်းကြောင်းလေးတွေကို မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံက လူနာတချို့မှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဖိနပ်မပါဘဲ မြေကြီးပေါ်လျှောက်သွားသူ၊ လယ်လုပ်သူ၊ ဥယျာဉ်လုပ်သူ၊ ရေစပ်နဲ့ မြစ်ကမ်းတွေမှာ ဖိနပ်မပါဘဲ လမ်းလျှောက်သူတွေမှာ အဖြစ်များပါတယ်။ အဲဒီယားနာလေးတွေက...

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (October,2023)

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ယောက်ျားလေးတွေမှာလည်း ထိုးလို့ရပါတယ်နော်။ ဘာကြောင့်လဲဆို မြန်မာလိုနာမည်အရ "သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး" ဖြစ်နေပေမယ့် တကယ်တမ်းတော့ သူဟာ (Human Papilloma Virus) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးမို့လို့ပါ။ ဒီဗိုင်းရပ်စ်အမျိုးအစားတွေဟာ အဓိကအားဖြင့် သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတတ်တာမို့ မြန်မာမှု ပြုလုပ်တဲ့အခါ "သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး"...