See our latest stories

written by our lovely staff members

ကြွက်နို့အကြောင်း သိကောင်းစရာ Warts ( June, 2022 )

ကြွက်နို့အကြောင်း သိကောင်းစရာ (Warts) ကြွက်နို့ဆိုတာ Human Papillomavirus ​(HPV ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတဲ့ ​ခန္ဓာကိုယ်ခြေလက်အနှံ့နဲ့ လိင်အင်္ဂါတစ်ဝိုက်ပါမကျန်ဖြစ်ပွားတဲ့ အရေပြားရောဂါတစ်ခုပါ။ ❓ကြွက်နို့ဘာလို့ဖြစ် ကြွက်နို့ဟာ Human Papillomavirus (HPV ဗိုင်းရပ်စ်)ကြောင့်ဖြစ်ရတယ်။ HPV ဗိုင်းရပ်စ်မျိုးကွဲပေါင်း ရာနဲ့ချီရှိတဲ့အနက် ဖြစ်ပွားတဲ့ခန္ဓာကိုယ်နေရာနဲ့ ကြွက်နို့အမျိုးအစားပေါ်မူတည်ပြီး HPV ဗိုင်းရပ်စ် အမျိုးအစားကွဲတွေလည်း မတူတတ်ကြပါဘူး။...

နာတာရှည် လေပြွန်ကျဉ်းခြင်း Chronic Obstructive Pulmonary Disease ( COPD ) ( June, 2022 )

နာတာရှည် လေပြွန်ကျဉ်းခြင်း (COPD) ????ဆေးလိပ်ကို တစ်နေ့တစ်နေ့အလိပ်ပေါင်းများစွာ၊ နှစ်ရှည်သောက်ခဲ့ပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေပြီဆိုရင်တော့ နာတာရှည်လေပြွန်ကျဉ်းနေပြီလား ဆိုပြီးစဉ်းစားရပါတယ် ????ဆေးလိပ်က အသက်ရှူလမ်းကြောင်းကို ဘယ်လိုထိခိုက်စေလဲဆိုရင်... - လေပြွန်ကိုထိခိုက်စေကာ ရောင်ရမ်းစေခြင်း- လေပြွန်အတွင်းအချွဲ(mucous)များစွာထွက်စေခြင်း- နောက်ပိုင်းတွင် လေပြွန်ကျဥ်းသွားခြင်း- အဆုတ်အတွင်းရှိ လေအိတ်များ ပျက်စီးစေခြင်းတို့ဖြစ်စေပါတယ်။ ????ဆေးလိပ်အပြင်- ခြင်ဆေး၊ အမွှေးတိုင်က အငွေ့တွေ- သစ်ရွက်/ အမှိုက်မီးရှို့တဲ့အခါထွက်လာတဲ့ မီးခိုးငွေ့တွေ-...

Tetanus ( မေးခိုင်ရောဂါ ) ( June, 2022 )

မေး - ဟိုတစ်ရက်က ဦးလေးဦးကျော်တစ်ယောက် ခြံထဲမှာ သံရိုက်နေရာကနေ အမှတ်တမဲ့ သံစူးသွားတယ်တဲ့။ တော်တော်နက်နက်စူးပြီး သွေးတွေအများကြီးထွက်တယ်လို့လည်း ကြားတယ်။ ဘာမှမဖြစ်ပါဘူးဆိုပြီး အမှုမဲ့ အမှတ်မဲ့နေရာကနေ တစ်ပတ်လောက်ကြာတော့ ပါးစပ်လည်းဖွင့်မရ တစ်ကိုယ်လုံးတောင့်သွားတယ်လို့ ပြောသံကြားတယ်။ အဲ့ဒါ ဘာဖြစ်တာလဲ မသိဘူးနော်။ ဖြေ - အဲ့ဒါ မေးခိုင်ပိုးဝင်တာလေ။ မေး...

ရေများနေတဲ့ ဦးခေါင်း Hydrocephalus ( June, 2022 )

လူတော်တော်များများ ဦးခေါင်းခွံကြီးပြီး ခေါင်းမထောင်နိုင်တဲ့ မွေးကင်းစလေးတွေ တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီရောဂါကိုတော့ Hydrocephalus လို့ခေါ်ပါတယ်။ Hydro ဆိုတာကတော့ “ရေ”ကိုဆိုလိုတာဖြစ်ပြီး Cephalus ဆိုတာကတော့ “ဦးခေါင်း”ကို ပြောတာပါ။ အကြမ်းဖျင်းဘာသာပြန်ရရင်တော့ ရေများနေတဲ့ ဦးခေါင်းလို့ ဆိုလိုတာပေါ့။ ဒီနေ့မှာတော့ ဒီ Hydrocephalus ဆိုတဲ့ ရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတပြောပြပေးသွားမှာပဲ...

ပန်းနာရင်ကြပ်ရောဂါ Asthma(June,2022)

ပန်းနာရင်ကြပ်ရောဂါ (Asthma) ❓ပန်းနာရင်ကြပ်ဆိုတာဘာလဲ ပန်းနာရင်ကြပ်ခြင်းဆိုတာဟာ သူများတွေထက်မိမိတို့ရဲ့လေပြွန်(bronchus)က ပိုတုန့်ပြန်မှုအားကောင်းပြီး ယာယီကျဥ်းသွားတာပါ ကျဥ်းသွားတယ်ဆိုတာဟာ (၁) လေပြွန်ရောင်ခြင်း (၂) လေပြွန်ပတ်လည်ရှိ ကြွက်သားညှစ်ထားခြင်း (၃) လေပြွန်အတွင်း အချွဲ(mucous) များနေခြင်း တို့ကြောင့်ဖြစ်ပါတယ်။ ❓ဘယ်လိုအရာတွေက လေပြွန်ကျဥ်းတာကိုလှုံ့ဆော်ပေးတာလဲ ဓာတ်မတည့်ခြင်း (ဖုန်မှုန့်၊ ပိုလန်၊ မှို) အလုပ်လုပ်ရာတွင် အိမ်သုတ်ဆေး၊ ဖျန်းဆေး၊ ဓာတုဆေးဝါး တို့နဲ့ထိတွေ့ခြင်း၊ ရှူမိခြင်း ဆေးလိပ်ငွေ့နှင့် အခြားသောအငွေ့များ(ခြင်ဆေး၊သစ်ရွက်မီးရှို့ခြင်း၊ ဖယောင်းတိုင်) ရာသီဥတုအပြောင်းအလဲမြန်ခြင်း၊ အအေးမိခြင်း အေးတဲ့အချိန်တွင် အားကစားပြုလုပ်ခြင်း မတည့်သောအစာများ...

သွေးလွန်တုပ်ကွေး Dengue Hemorrhagic Fever ( May, 2022 )

သွေးလွန်တုပ်ကွေး သွေးလွန်တုပ်ကွေးရောဂါဆိုတာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကိုသယ်ဆောင်ထားတဲ့ အေးဒီးစ် (Aedes)လို့ခေါ်တဲ့ ခြင်ကိုက်လို့ ဖြစ်တာပါ။ ❓ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ အသက်သုံးနှစ်ကနေ ဆယ့်ငါးနှစ်အတွင်းကလေးတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ရောဂါလက္ခဏာတွေကလဲ အသက်အရွယ်ပေါ်မူတည်ပြီး နည်းနည်းကွာပါတယ်။ ❓ရောဂါလက္ခဏာဘာတွေလဲ။ အများအားဖြင့် ပြင်းထန်တဲ့တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေဖြစ်လေ့ရှိပါတယ်။ အရိုးကွဲအဖျားလို့တောင်ခေါ်ရလောက်အောင် တစ်ခါတရံ အရိုးအဆစ်တွေ ကိုက်ခဲနာကျင်တတ်ပါတယ်။ ရောဂါဖြစ်စေတဲ့ခြင်ကိုက်ခံရပြီး သုံးရက်ကနေဆယ့်လေးရက်လောက်အတွင်းမှာ... - ချမ်းတုန်ပြီး အဖျားကြီးခြင်း- မျက်လုံးအောင့်ပြီး ခေါင်းအရမ်းကိုက်ခြင်း-...

ထိပ်ကပ်နာ Sinusitis ( May, 2022 )

ထိပ်ကပ်နာ (Sinusitis) ထိပ်ကပ်နာ (ခေါ်) Sinuses ရောင်ခြင်းဆိုတာဘာလဲ မပြောခင်....Sinusesဆိုတာ ဘာလဲ ၊ ဘာတွေလုပ်ပေးတာလဲ ၊ ဘယ်နေရာမှာရှိတာလဲဆိုတဲ့အကြောင်းလေး အရင်ဆုံးပြောချင်ပါတယ်။ Sinuses ဆိုတာဟာ ဦးခေါင်းခွံအတွင်းက အမှေးပါးလေးတွေအုပ်ထားတဲ့ ဂလိုင်ပေါက်လေးတွေဖြစ်ပြီး ၊ နှာခေါင်းကိုစ်ိုစွတ်အောင် အချွဲရည် (mucous) တွေထုတ်ပေးပါတယ်။ sinuses ရှိတဲ့နေရာတွေကတော့ Frontal sinuses (...

ခေါင်းတစ်ခြမ်းကိုက်ခြင်း Migraine ( May,2022 )

ခေါင်းတစ်ခြမ်းကိုက်ခြင်း????(Migraine) လူ ၁၀ယောက်မှာ ၁ယောက်လောက် ဖြစ်လေ့ရှိတဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်း (ခေါ်) Migraine အကြာင်းလေး ဒီနေ့ပြောပြပေးပါ့မယ်.... ❓Migraine ကဘယ်သူတွေမှာ ဖြစ်တတ်တာလဲ - များသောအားဖြင့် အမျိုးသမီးတွေမှာပိုဖြစ်လေ့ရှိပြီး- အသက် (၂၀) နဲ့ (၅၀)ကြားမှာလက္ခဏာပိုပြတတ်ပါတယ်- မျိုးရိုးလည်းလိုက်တတ်ပါတယ် ❓ဘယ်လိုလက္ခဏာတွေပြတာက Migraine လို့ပြောလို့ရလဲ ခေါင်းမကိုက်ခင်ဖြစ်တတ်တဲ့ ( Aura )ရှေ့ပြေးလက္ခဏာတွေဖြစ်တဲ့ - ပျို့အန်တာ-...