See our latest stories

written by our lovely staff members

Stye

“မျက်စိစွန်ခြင်း (Stye)” မျက်စိစွန်ခြင်းဟာ လူတိုင်းနဲ့ မစိမ်းလှတဲ့ မျက်စိနာရောဂါတစ်မျိုး ဖြစ်ပါတယ်။ မျက်စိနီရဲ ရောင်ရမ်းပြီး နာကျင်ခံခက်ဖြစ်စေတဲ့ ဒီမျက်စိရောဂါအကြောင်းလေးကို ဆက်လက်ဖတ်ရှုရအောင်နော် …  မျက်စိစွန်တယ်ဆိုတာ… မျက်ခွံအပြင်ဘက်မှာ ရောင်ရမ်းနာကျင်စေတဲ့ အဖုအလုံးရဲရဲလေးဖြစ်ပေါ်လာတာကို မျက်စိနာတယ်၊ မျက်စိစွန်တယ်လို့ ဆိုကြပါတယ်။ တစ်ခါတစ်ရံ မျက်ခွံအတွင်းဘက်မှာလည်း ဖြစ်တတ်ပါတယ်။ မွှေးကျွတ်နာ၊ အနာစိမ်း၊ ဝက်ခြံဖုပုံမျိုးနဲ့ ဆင်တူပြီး တစ်ခါတစ်ရံ...

“ Vaping” (Video) (April 2023)

တချို့က ဆေးလိပ်ဖြတ်ဖို့ Vape သောက်ကြပါတယ်။ တချို့ကလည်း ဆေးလိပ်ထက် Vape က ကျန်းမာရေးကို ထိခိုက်မှုနည်းတယ်ဆိုပြီး Vape သောက်ကြပါတယ်။ ဒီ Video ထဲမှာတော့ Vaping ဆိုတာ ဘာလဲ၊ ဘာတွေ ပါဝင်သလဲ၊ ဆိုးကျိုးတွေက ဘာတွေလဲ၊ ဆေးလိပ်ကို Vaping...

ချွဲသလိပ်အရောင်တွေနဲ့ သင့်ကျန်းမာရေး “ Colors of Sputum” (April 2023)

“ချွဲသလိပ်အရောင်တွေနဲ့ သင့်ကျန်းမာရေး…” အဆုတ်မှာပြဿနာတစ်ခုခုဖြစ်တဲ့အခါ ထွက်တဲ့အချွဲ အရောင်၊ သလိပ်အရောင်ကို ပြောင်းစေပါတယ်။ အဆုတ်ပိုးဝင်တဲ့အခါမျိုးမှာ အစိမ်းရောင် (သို့) အဝါရောင်ဖြစ်တတ်ပြီး၊ အဆုတ်မှာသွေးထွက်နေတဲ့အခါ အညိုရောင် ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ချွဲသလိပ်ဟာ အရောင်မရှိ၊ မပျစ်ပါဘူး။ နေမကောင်းဖြစ်တဲ့အခါ၊ ရောဂါပိုးဝင်တဲ့အခါတွေမှာ ချွဲတွေဟာ ပိုပျစ်လာပြီး အရောင်လည်းပြောင်းလာတတ်ပါတယ်။ အခြားအချက်တွေကလည်း ချွဲသလိပ်အရောင်ပြောင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ချွဲသလိပ်အရောင်ပြောင်းခြင်းက...

မြင်ကွင်းထဲမှာ အမည်း (ဒါမှမဟုတ်) ခဲရောင် အချောင်းလေးတွေကို မြင်နေရခြင်း “ Eye Floater” (April 2023)

မျက်စိရောဂါတစ်မျိုး (Eye Floater) Eye Floater ဆိုတာ ဘာလဲ Eye Floater ဆိုတာ မျက်လုံးထဲမှာရှိတဲ့ ဂျယ်လီလိုအရည်တစ်မျိုး (vitreous humor) ဟာ အကြောင်းအမျိုးမျိုးကြောင့် အရည်ပျော်လာပြီး၊ ဂျယ်လီလိုမနေ တော့ဘဲ အရည်ဖြစ်သွားတဲ့အခါ အထဲမှာရှိတဲ့ အမှုန်အမွှားလေးတွေ အချောင်းလေးတွေကို မြင်နေရတာမျိုးပါ။ ကိုယ့်မြင်ကွင်းထဲမှာ...

နာတာရှည် ပင်ပန်းနွမ်းနယ်ပြီး ညောင်းကိုက်နေတတ်တဲ့ ရောဂါတစ်မျိုး “ Chronic Fatigue Syndrome (CFS)/ Myalgic Encephalomyelitis” (April 2023)

"နာတာရှည် ပင်ပန်းနွမ်းနယ်ပြီး ညောင်းကိုက်နေတတ်တဲ့ ရောဂါတစ်မျိုး (သို့) Chronic Fatigue Syndrome (CFS) / Myalgic Encephalomyelitis" CFS ဆိုတာ ရက်ရှည် ပင်ပန်းနွမ်းနယ်တဲ့ (ဒါမှမဟုတ်) အားအင်ကုန်ခမ်းသွားတဲ့ ခံစားချက် ဖြစ်ပြီး ဆက်တိုက်ဖြစ်နိုင်သလို၊ (၆) လကျော်ထိ ပြန်ပြန်ဖြစ်နေတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။...

How to Prevent Heat Stroke (Video) (April, 2023)

အပူဒဏ်အန္တရာယ်ကို ဘယ်လိုကာကွယ်ကြမလဲ ခုချိန်မှာ ပူပြင်းလွန်းတဲ့ နွေရာသီကို ရောက်လာပြီဖြစ်လို့ ပြင်းထန်တဲ့ နေ့အပူချိန်ကို ခံစားကြရပါတယ်။ အပူချိန်ပြင်းထန်လွန်းတဲ့အတွက်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ၊ အပူဒဏ်ကို ဘယ်လိုရင်ဆိုင်ကျော်လွှားရမလဲဆိုတာတွေနဲ့ အပူဒဏ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေအတွက် အရေးပေါ်ရှေးဦးပြုစုနည်းတွေကို ဒေါက်တာဆုတောင်းပြည့်က ရှင်းလင်းစွာ မျှဝေပေးထားပါတယ်။ Ministry of Health, National Unity Government. https://www.youtube.com/watch?v=n2F7P1zMjao Published on: 2...

” လျှာမြေပုံ (သို့မဟုတ်) Geographic tongue “

" လျှာမြေပုံ (သို့မဟုတ်) Geographic tongue " "Geographic tongue" တဲ့။ တိုက်ရိုက်ဘာသာ​ပြန်ရရင် ပထဝီဝင်လျှာဆိုတော့ နည်းနည်းတော့ စဥ်းစားရကျပ်တာပေါ့။ ဟုတ်ပါတယ် သူ့နာမည်အတိုင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ နာမည်အတိုင်း လျှာပေါ်မှာ မြေပုံလို အကွက်လိုက် အကွက်လိုက် ဖြစ်နေတဲ့ရောဂါမို့ပါ။ ဒါကို လိုလိုနဲ့တိုရှင်း လျှာမြေပုံလို့ပဲ ခေါ်ကြပါတယ်။ လျှာမြေပုံဆိုတာကတော့...

“ မွှေးကျွတ်နာ (Folliculitis)”   (March,2023)

"မွှေးကျွတ်နာ ( Folliculitis)"  အခုလို အလှအပကို အလေးထားလာကြတဲ့ခေတ်ကြီးမှာ အမွှေးကင်းရှင်းပြီး ဖြူဝင်းတဲ့ အသားအရည်ကို ပိုင်ဆိုင်ဖို့ အမျိုးမျိုး ကြိုးစားလာကြပါတယ်။ ဒါကြောင့် အမွှေးအမျှင်ရှိတာ မကြိုက်တဲ့သူတွေအတွက် အမွှေးအမျှင်တွေကို ဖယ်ရှားတဲ့နည်းတွေဖြစ်တဲ့ shaving တို့၊ waxing တို့ကလည်း နေရာတိုင်းလိုလိုမှာ ခေတ်စားလာကြပါတယ်။ ဒါပေမယ့် သေချာစနစ်တကျ...