See our latest stories

written by our lovely staff members

ခံတွင်းမှာပေါက်လေ့ရှိတဲ့ အပူနာအကြောင်း Apthous Ulcer ( May, 2022 )

ခံတွင်းမှာပေါက်လေ့ရှိတဲ့ အပူနာအကြောင်း ( Apthous Ulcer ) ပါးစပ်ထဲမှာ ခဏခဏပေါက်လေ့ရှိတဲ့ aphthous ulcer ကိုတော့ မြန်မာလို ခံတွင်းပူနာလို့ အလွယ်မှတ်နိုင်ပါတယ်။ ပါးစပ်အတွင်းထဲ နေရာစုံမှာ ပေါက်‌လေ့ရှိပြီး တော်တော်လေးခံရခက်လောက်အောင်ကို နာကျင်တတ်ပါတယ်။ အများအားဖြင့်တော့ အောက်နှုတ်ခမ်းအတွင်းပိုင်းနဲ့ သွားဖုံးတို့မှာပေါက်လေ့ရှိတတ်ပါတယ်။ အထူးသဖြင့် အစားအသောက်တွေ စားတဲ့အချိန်ဆို အနာကို...

ချာချာလည်မူးခြင်း Vertigo ( May, 2022 )

ချာချာလည်မူးခြင်း (Vertigo) ဒီနေ့တော့ချာချာလည် မူးစေတဲ့ အကြောင်းအရင်းများနဲ့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာလေးတင်ပေးလိုက်ပါတယ်။ မူးတတ်စေတဲ့အကြောင်းတွေကတော့ ဦးနှောက်ကြောင့်(central causes)၊ နားကြောင့် (peripheral causes)၊ မျက်စိကြောင့်(peripheral causes)၊ ခြေထောက်ကြွက်သားဟန်ချက်ထိန်းခြင်း(proprioception)(peripheral causes) တို့ကြောင့်လို့ မှတ်ယူရပါမယ်။ အခုကတော့ နားကြောင့်ဖြစ်တတ်တဲ့ ချာချာလည်မူးခြင်းကို အကြမ်းဖျင်း မျှဝေမှာပါ။ ???? ပထမဦးစွာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခေါင်းလေးလှုပ်တာနဲ့ ချာချာလည်မူးတဲ့...

မျက်စိထဲ အမှုန်၀င်ခြင်း သို့ အရာ၀တ္ထု၀င်ခြင်း Foreign Bodies in Eye ( May, 2022 )

မျက်စိထဲ အမှုန်၀င်ခြင်း သို့ အရာ၀တ္ထု၀င်ခြင်း "မျက်စိထဲ ဖုန်၀င်သွားလို့" "မျက်စိထဲခဲချွန်၀င်သွားလို့" "ရန်ဖြစ်ရင်း သူငယ်ချင်းက မျက်လုံးကို ခဲတံနဲ့ထိုးလိုက်လို့" စတဲ့ ငယ်ငယ်ကတည်းက မစိမ်းတဲ့ကြားနေကျစကားများနဲ့ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်နဲ့ အရေးပေါ်ပြုလုပ်ပေးစရာလေးတွေကို ဆွေးနွေးပြောပြသွားမှာ ဖြစ်ပါတယ်။ ❓ဘာတွေ၀င်နိုင်ပါသလဲ မျက်စိထဲကတော့ ပေါင်းစုံ၀င်နိုင်ပါတယ်။ ဖုန်၊သံစ၊ သစ်စ၊ မှန်စ အမှုန်ကနေအစ မျိုးစုံ ၀င်နိုင်ပါတယ်။ ❓ဘယ်နေရာတွေ...

ဗောက်ထခြင်းအကြောင်း သိကောင်းစရာ Dandruff ( May, 2022 )

ဗောက်ထခြင်းအကြောင်း သိကောင်းစရာ ❓ဗောက်ထတယ်ဆိုတာ ဘာလဲ လူ့ခန္ဓာကိုယ်မှာ epidermis လို့ခေါ်တဲ့ အရေပြားရဲ့ အပေါ်ဆုံးအလွှာက ဆဲလ်အသေ(dead cells)တွေဟာ တစ်လတစ်ခါ ပုံမှန် မသိမသာကွာကျလေ့ရှိပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဦးရေပြားမှာလဲ ထိုနည်းတူပါပဲ။ ဒါပေမယ့် ဦးရေပြားက dead cells တွေ ပုံမှန်ထက် ပိုကွာကျလာတဲ့အခါ ဗောက်ထခြင်းဆိုတာ ဖြစ်လာပါတယ်။...

နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း Epistaxis ( May, 2022 )

နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း ❓ဘာကြောင့် နှာခေါင်းသွေးယို/လျှံကြတာပါလဲ နှာခေါင်း သွေးယိုခြင်းသည် ထိပ်ကပ်နာရှိသူများတွင် ပိုး၀င်၍သော်လည်းကောင်း၊ နှာခေါင်းခဏခဏနှိုက်ခြင်း ကြောင့်သော်လည်းကောင်း၊ နှပ်ခဏခဏ ညှစ်၍သော်လည်းကောင်း၊ အပူအအေးပြောင်းလဲလျင်သော်လည်းကောင်း၊ သွေးတိုးလျင်သော်လည်းကောင်း၊ နှာခေါင်းတွင်းကင်ဆာအမျိုးမျိုး၊ သွေးကြောထုံးအကြိတ်တို့ကြောင့် ဖြစ်တတ်ပါတယ်။ ❓နှာခေါင်းသွေးယို/လျှံရင် အရေးကြီးပါသလား၊ ဘယ်လိုဖြစ်တတ်ပါသလဲ နှာခေါင်းသွေးယိုခြင်းကို ရုတ်တရက် နှာခေါင်းပေါက်တစ်ဖက်မှ ယိုစီးလာတာကို စခံစားရတတ်ပါတယ်။ နှစ်ဘက်လုံးလဲ ယိုနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်းက တစ်ခါ၊...

နားထဲရေ၀င်ပြီး နားအူခြင်း ၊ နားပြည်ယိုခြင်း နှင့် နားမှိုစွဲခြင်း ( April, 2022 )

နားထဲရေ၀င်ပြီး နားအူခြင်း ၊ နားပြည်ယိုခြင်း နှင့် နားမှိုစွဲခြင်း ဘယ်အချိန်တွေမှာ (သို့) ဘာလုပ်ရင် ဖြစ်တတ်ပါ သလဲ?️???? အဓိကကတော့ နားထဲ ပိုး၀င်သွားလို့ပါ။ ဘာကြောင့်ပိုး၀င်လဲဆိုတော့ မသန့်တဲ့ရေတွေ နားထဲ၀င်တာနဲ့ နား​ကလော် နားကြပ်တာတွေ၊ ရေကူးတဲ့သူတွေ (swimmer's ear)၊ ရေလွှာလှိုင်းစီးတဲ့သူတွေမှာ (...

ဖုန်းနဲ့ ကွန်ပြူတာ အသုံးများသူများအတွက် ကျန်းမာရေး Spondylosis and Screen Time ( April, 2022 )

"ယနေ့ခေတ်ရဲ့ ဖုန်းနဲ့ ကွန်ပြူတာ အသုံးများသူများအတွက် ကျန်းမာရေး" ဒီခေတ်မှာ ဖုန်းတွေ၊ ကွန်ပြူတာတွေ ပိုအသုံးများလာတာဟာ ခေတ်ရေစီးကြောင်းဖြစ်သလို work from home, clicker, gamer တွေကလည်း လက်ရှိ အနေအထားအရ ဖုန်းတွေ၊ ကွန်ပြူတာတွေကို အရင်ကထက် ပိုပြီး သုံးလာဖြစ်ပါတယ်။ အဲလို...

ရေယုန်/ခါးပတ်ရေယုန် Herpes Zoster (Shingles)( April, 2022 )

ရေယုန် / ခါးပတ်ရေယုန် ❓ ဘာကြောင့်ဖြစ်တာလဲ ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်တာပါ။ အများအားဖြင့်တော့ ကိုယ်ခန္ဓာတစ်ခြမ်းမှာ အနီပြင်တွေပတ်ပြီးဖြစ်တတ်လို့ ခါးပတ်ရေယုန်လို့ ခေါ်လေ့ရှိပြီး ခန္ဓာကိုယ်တခြားနေရာတွေမှာဖြစ်ရင် ရေယုန်လို့ခေါ်ကြပါတယ်။ ❓ ဘယ်လိုဖြစ်တာလဲ ရေကျောက်ဖြစ်ဖူးတဲ့သူဆိုရင် ဗိုင်းရပ်ပိုးက ကိုယ်ခန္ဓာထဲကို တခါဝင်ပြီးရင် တစ်သက်လုံးမပျောက်တော့ဘဲ ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးရဲ့ တစ်နေရာမှာ ဗိုင်းရပ်စ်ပိုးက ဝင်အောင်းနေလေ့ရှိပြီး စိတ်ပင်ပန်းချိန်၊...