See our latest stories

written by our lovely staff members

အံဆုံးကပေးတဲ့ ဝေဒနာများ ( July, 2022 )

" အံဆုံးကပေးတဲ့ ဝေဒနာများ " “ အံဆုံးပေါက်နေလို့ နာလိုက်တာ၊ ဘာမှတောင်မစားနိုင်ဘူး” လို့ ညည်းညူသံတွေကို ကြားဖူးပါသလား? အံဆုံးသွားဆိုတာ ဘယ်နေရာက သွား ကိုခေါ်တာလဲ၊ဘယ်အရွယ်မှာပေါက်တတ်လဲ၊ အန္တရာယ်ရှိပြီး နှုတ်ပစ်ဖို့လိုလား...အစရှိတဲ့ အကြောင်းအရာတွေကို ပြောပြပေးချင်ပါတယ်။ အံဆုံး (Wisdom tooth) ဆိုတဲ့ နာမည်အတိုင်း အံသွားတွေရဲ့ နောက်ဆုံးမှာ...

ရေတိမ် Glaucoma ( July, 2022 )

ရေတိမ် (Glaucoma) မျက်စိရောဂါတွေထဲမှာ အတွင်းတိမ်အကြောင်းလည်း သိသင့်သလောက် သိရှိပြီးပြီဆိုတော့ ဒီနေ့မှာတော့ မသိမဖြစ်တဲ့ ရေတိမ်ရောဂါအကြောင်းလည်း ပြောပြဆွေးနွေးပေးသွားပါ့မယ်။ ❓ရေတိမ်ဆိုတာ ဘာလဲ?• ရေတိမ်ဆိုတာကတော့ တော်တော်များများ ဖြစ်လေ့ရှိကြတဲ့ မျက်စိရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး အန္တရာယ်ရှိတဲ့ ရောဂါတစ်မျိုးလို့ဆိုလည်း မမှားပါဘူး။ မျက်လုံးအတွင်းမှာရှိတဲ့ ဖိအားမြင့်တက်တာကြောင့် သေးငယ်ပါးလွှာတဲ့ သွေးကြောအသေးလေးတွေနဲ့ အာရုံကြောမျှင်လေးတွေကို...

အတွင်းတိမ် Cataract ( July, 2022 )

အတွင်းတိမ် ( Cataract ) ဒီနေ့တော့ မျက်စိရောဂါတွေထဲမှာ အတွေ့များတဲ့ အတွင်းတိမ် (cataract) အကြောင်းနဲ့ ပတ်သက်ပြီး လေ့လာကြရအောင်ပါနော်... ဘာကြောင့် အတွင်းတိမ်ကို cataractလို့ခေါ်ကြတာလဲ? • Cataract ရဲ့ အဓိပ္ပာယ် အစစ်အမှန်ကတော့ မတ်စောက်တဲ့နေရာတစ်နေရာကနေ စီးဆင်းနေတဲ့ ရေတံခွန်ကို ဆိုလိုပါတယ်။ အလားတူပဲ အတွင်းတိမ်ကလည်း မိုးရွာတဲ့အချိန်...

ထိပ်ကပ်နာ Sinusitis ( May, 2022 )

ထိပ်ကပ်နာ (Sinusitis) ထိပ်ကပ်နာ (ခေါ်) Sinuses ရောင်ခြင်းဆိုတာဘာလဲ မပြောခင်....Sinusesဆိုတာ ဘာလဲ ၊ ဘာတွေလုပ်ပေးတာလဲ ၊ ဘယ်နေရာမှာရှိတာလဲဆိုတဲ့အကြောင်းလေး အရင်ဆုံးပြောချင်ပါတယ်။ Sinuses ဆိုတာဟာ ဦးခေါင်းခွံအတွင်းက အမှေးပါးလေးတွေအုပ်ထားတဲ့ ဂလိုင်ပေါက်လေးတွေဖြစ်ပြီး ၊ နှာခေါင်းကိုစ်ိုစွတ်အောင် အချွဲရည် (mucous) တွေထုတ်ပေးပါတယ်။ sinuses ရှိတဲ့နေရာတွေကတော့ Frontal sinuses (...

ခံတွင်းမှာပေါက်လေ့ရှိတဲ့ အပူနာအကြောင်း Apthous Ulcer ( May, 2022 )

ခံတွင်းမှာပေါက်လေ့ရှိတဲ့ အပူနာအကြောင်း ( Apthous Ulcer ) ပါးစပ်ထဲမှာ ခဏခဏပေါက်လေ့ရှိတဲ့ aphthous ulcer ကိုတော့ မြန်မာလို ခံတွင်းပူနာလို့ အလွယ်မှတ်နိုင်ပါတယ်။ ပါးစပ်အတွင်းထဲ နေရာစုံမှာ ပေါက်‌လေ့ရှိပြီး တော်တော်လေးခံရခက်လောက်အောင်ကို နာကျင်တတ်ပါတယ်။ အများအားဖြင့်တော့ အောက်နှုတ်ခမ်းအတွင်းပိုင်းနဲ့ သွားဖုံးတို့မှာပေါက်လေ့ရှိတတ်ပါတယ်။ အထူးသဖြင့် အစားအသောက်တွေ စားတဲ့အချိန်ဆို အနာကို...

ချာချာလည်မူးခြင်း Vertigo ( May, 2022 )

ချာချာလည်မူးခြင်း (Vertigo) ဒီနေ့တော့ချာချာလည် မူးစေတဲ့ အကြောင်းအရင်းများနဲ့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာလေးတင်ပေးလိုက်ပါတယ်။ မူးတတ်စေတဲ့အကြောင်းတွေကတော့ ဦးနှောက်ကြောင့်(central causes)၊ နားကြောင့် (peripheral causes)၊ မျက်စိကြောင့်(peripheral causes)၊ ခြေထောက်ကြွက်သားဟန်ချက်ထိန်းခြင်း(proprioception)(peripheral causes) တို့ကြောင့်လို့ မှတ်ယူရပါမယ်။ အခုကတော့ နားကြောင့်ဖြစ်တတ်တဲ့ ချာချာလည်မူးခြင်းကို အကြမ်းဖျင်း မျှဝေမှာပါ။ ???? ပထမဦးစွာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခေါင်းလေးလှုပ်တာနဲ့ ချာချာလည်မူးတဲ့...

မျက်စိထဲ အမှုန်၀င်ခြင်း သို့ အရာ၀တ္ထု၀င်ခြင်း Foreign Bodies in Eye ( May, 2022 )

မျက်စိထဲ အမှုန်၀င်ခြင်း သို့ အရာ၀တ္ထု၀င်ခြင်း "မျက်စိထဲ ဖုန်၀င်သွားလို့" "မျက်စိထဲခဲချွန်၀င်သွားလို့" "ရန်ဖြစ်ရင်း သူငယ်ချင်းက မျက်လုံးကို ခဲတံနဲ့ထိုးလိုက်လို့" စတဲ့ ငယ်ငယ်ကတည်းက မစိမ်းတဲ့ကြားနေကျစကားများနဲ့ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်နဲ့ အရေးပေါ်ပြုလုပ်ပေးစရာလေးတွေကို ဆွေးနွေးပြောပြသွားမှာ ဖြစ်ပါတယ်။ ❓ဘာတွေ၀င်နိုင်ပါသလဲ မျက်စိထဲကတော့ ပေါင်းစုံ၀င်နိုင်ပါတယ်။ ဖုန်၊သံစ၊ သစ်စ၊ မှန်စ အမှုန်ကနေအစ မျိုးစုံ ၀င်နိုင်ပါတယ်။ ❓ဘယ်နေရာတွေ...

နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း Epistaxis ( May, 2022 )

နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း ❓ဘာကြောင့် နှာခေါင်းသွေးယို/လျှံကြတာပါလဲ နှာခေါင်း သွေးယိုခြင်းသည် ထိပ်ကပ်နာရှိသူများတွင် ပိုး၀င်၍သော်လည်းကောင်း၊ နှာခေါင်းခဏခဏနှိုက်ခြင်း ကြောင့်သော်လည်းကောင်း၊ နှပ်ခဏခဏ ညှစ်၍သော်လည်းကောင်း၊ အပူအအေးပြောင်းလဲလျင်သော်လည်းကောင်း၊ သွေးတိုးလျင်သော်လည်းကောင်း၊ နှာခေါင်းတွင်းကင်ဆာအမျိုးမျိုး၊ သွေးကြောထုံးအကြိတ်တို့ကြောင့် ဖြစ်တတ်ပါတယ်။ ❓နှာခေါင်းသွေးယို/လျှံရင် အရေးကြီးပါသလား၊ ဘယ်လိုဖြစ်တတ်ပါသလဲ နှာခေါင်းသွေးယိုခြင်းကို ရုတ်တရက် နှာခေါင်းပေါက်တစ်ဖက်မှ ယိုစီးလာတာကို စခံစားရတတ်ပါတယ်။ နှစ်ဘက်လုံးလဲ ယိုနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်းက တစ်ခါ၊...