See our latest stories

written by our lovely staff members

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း Minor Head Injuries in Children ( February 2022 )

ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း တစ်ခါတလေ ကလေးတွေဆော့ကစားရင်းဖြစ်စေ မတော်တဆဖြစ်စေ ခေါင်းကိုထိခိုက်မှုဖြစ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဆေးရုံပို့ရမှာလား၊ ဦးနှောက်ထိပြီး ဉာဏ်ရည်များနိမ့်သွားတော့မှာလား၊ အသက်အန္တရာယ်များရှိလား စသဖြင့် စိုးရိမ်ပူပန်မှုများစွာ ဖြစ်စေပါတယ်။ ဦးခေါင်းအနည်းငယ် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ ဘာလဲ ? သဘာဝတရားကြီးက အရမ်းနုနယ်တဲ့ဦးနှောက်ကို ကာကွယ်ဖို့အတွက် ဦးခေါင်းခွံမာကြီးနဲ့ အုပ်ပေးထားပါတယ်။ ခေါင်းကို တစ်ခုခုနဲ့ဆောင့်မိတဲ့အခါ ဦးနှောက်က အနည်းငယ်ခါယမ်းသွားပြီး...

ကလေးပါးစပ်တွင်းက မှက်ခရု Childhood Oral Candidiasis

"ကလေးပါးစပ်တွင်းက မှက်ခရု" မှက်ခရုကတော့ Candida လို့ခေါ်တဲ့ Yeast မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။ အဖြူဖတ်လေးကို ဖယ်လိုက်ရင် သွေးထွက်တတ်ပါတယ်။ အဖြူဖတ်တွေရဲ့ အောက်ခြေမှာ ရောင်နေတတ်တာကြောင့် (တစ်ခါတစ်ရံ) လျာ/ခံတွင်း နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်၊း အစားအသောက်ပျက်ခြင်း၊ နို့ မစို့နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ရောဂါကူးစက်ပုံ Candida က လူတို့၏ အရေပြား၊...

ကလေးများတွင် ဖြစ်တတ်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း Urinary Tract Infections (UTI) in Children

ကလေးများတွင် ဖြစ်တတ်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း =============================== ဆီးလမ်းကြောင်းပိုး၀င်ခြင်းဆိုတာ ဆီးလမ်းကြောင်းမှာပါ၀င်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးအိမ်နဲ့ ဆီးစွန့်လမ်းကြောင်းတစ်ခုခုမှာ ပိုး၀င်တာကို ခေါ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် သုံးနှစ်အောက်ကလေးတွေ၊ အထူးသဖြင့် တစ်ခါသုံးကလေးသေးခံ(diaper) သုံးတဲ့ မိန်းကလေးတွေမှာ အဖြစ်များပါတယ်။ ဘယ်လိုဖြစ်တာလဲ ? ဘက်တီးရီးယားလို့ခေါ်တဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးကောင်လေးတွေ ဆီးလမ်းကြောင်းထဲ ၀င်သွားလို့ပါ။ အများအားဖြင့် စအို၀၊...

Hand, Foot, and Mouth Disease (HFMD) (January 2022)

Hand, Foot, and Mouth Disease (HFMD) ဆိုတာ တကယ်တော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါပါ။ တစ်ခါတလေတော့ လူကြီးပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့် ပါးစပ်တစ်ဝိုက်၊ နှုတ်ခမ်းအတွင်းနံရံတွေနဲ့ လက်ဖဝါးခြေဖဝါးတွေမှာ အနီစက်တွေ၊ အရည်ဖုလေးတွေ ဖြစ်တာပါ။ ခန္ဓာကိုယ်မှာ ဖြစ်တာရှားပါတယ်။ တချို့မှာတော့...