See our latest stories

written by our lovely staff members

ကလေးငယ်တွေအတွက် တစ်ကိုယ်ရေသန့်ရှင်း​ရေး Personal Hygiene for Children(August,2023)

(ငယ်စဥ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုမူနေထိုင်တတ်ဖို့ရယ်၊ ကလေးငယ်တွေကို ပုံလေးတွေပြပြီး အလွယ်တကူ ဖတ်ပြနိုင်ဖို့ရယ်အတွက် ယခုပိုစ့်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော် ????) မင်္ဂလာပါ သားသား မီးမီးတို့​ရေ... အန်တီက တယ်လီကျန်းမာက က​လေးအထူးကုဆရာဝန်ပါ။ တယ်လီကျန်းမာရဲ့ စာတွေကို ဖတ်ထဲသူတွေထဲမှာ လူကြီး​တွေတင်မက ပရိသတ်ပိစိ​လေး​​​တွေလည်း ရှိမယ်လို့ ထင်ပါတယ်နော်။ ဒါ့​ကြောင့် အန်တီက သားသားတို့...

“ ကလေးသူငယ်များနဲ့ ချောင်းဆိုးပျောက်ဆေး” Children and Cough Relief (August,2023)

"ကလေးသူငယ်များနဲ့ ချောင်းဆိုးပျောက်ဆေး" ???? ကလေးသူငယ်များနဲ့ ချောင်းဆိုးခြင်း အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မှုနည်းနေသေးတဲ့အတွက် ကလေးများဟာ တစ်နှစ်ကို နှာစေးချောင်းဆိုး ၆ ကြိမ်ကနေ ၁၂ ကြိမ်လောက်အထိ ဖြစ်တတ်ကြပါတယ်။ တစ်ခါဖြစ်ရင်လည်း ၅ ရက်/တစ်ပတ်ကနေ နှစ်ပတ်လောက်အထိ ကြာနိုင်ပါတယ်။ အများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြပြီး ဆေးသောက်စရာမလိုဘဲ ၅ ရက်/တစ်ပတ်လောက်မှာ အလိုလို...

တုပ်ကွေးကာကွယ်ဆေး Flu Vaccine(August,2023)

မိုးရာသီရောက်ပြီဆိုတာနဲ့ တုပ်ကွေးရာသီ စပြီဆိုတာ အားလုံး သိထားကြမှာပါ။ ဒါပေမယ့် တော်တော်များများ မေ့နေကြတာတစ်ခုက တုပ်ကွေးရောဂါဆိုတာ ကာကွယ်လို့ရတယ်၊ ကြိုတင်ကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် ရောဂါမဖြစ်အောင်၊ ဆေးရုံတက်ရတဲ့အထိ မပြင်းထန်အောင် ခုခံကာကွယ်လို့ရတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် တုပ်ကွေးကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ မေးခွန်းတချို့ကို အောက်မှာ ဖြေပေးထားပါတယ်။ .. .. ◼️တုပ်ကွေးကာကွယ်ဆေးဆိုတာ ဘာလဲ Influenza virus ကြောင့်ဖြစ်တဲ့...

သွေးလွန်တုပ်​ကွေး Dengue Fever (August,2023)

မိုးက​လေး​အေး​အေးနဲ့ အိပ်ရာထဲ​ကွေး​ပြီး Revo music ​က​နေ သီချင်း​လေး​တွေ နား​ထောင်​နေရတာ တကယ့်စည်းစိမ်ပဲ... "မိုး....ရွာမယ်ဆိုရင်​လေ...သည်းလိုက်စမ်းပါ့ကွယ် " ငယ်ကတည်းက သ​ဘောကျခဲ့တဲ့ မီမီဝင်း​ဖေသီချင်း​လေး။ ရွာပါ... မိုးတွင်းမှာ သူ့ဟာသူမိုးရွာတာ​က ကောင်း​ပေမယ့် ခြင်​တွေ​ပေါက်ဖွားတတ်ကြတာက​တော့ တကယ့်ပြဿနာပါ။ ​ခြင်​ကြောင့်ဖြစ်တဲ့ ​ရောဂါ​တွေထဲမှာ က​လေး​တွေကို ဒုက္ခအ​ပေးဆုံးက သွေးလွန်တုပ်​ကွေးပါ။ မြန်မာနိုင်ငံဟာ ​သွေးလွန်တုပ်​ကွေး အဖြစ်များတဲ့နိုင်ငံ​တွေထဲ ပါ​ပါတယ်။...

ကျောက်ကပ်တွင်ဖြစ်ပွားသော (Nephrotic Syndrome) လက္ခဏာစု

"ကျောက်ကပ်တွင်ဖြစ်ပွားသော (Nephrotic Syndrome) လက္ခဏာစု" Nephrotic Syndrome ဆိုတာ ကျောက်ကပ်တွေ ကောင်းစွာအလုပ်မလုပ်တဲ့အခါ ပေါ်လာတတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့သွေးကြောငယ်တွေဟာ သွေးထဲက အညစ်အကြေးတွေနဲ့ ပိုနေတဲ့အရည်တွေကို ဖယ်ရှားစစ်ထုတ်ပေးပါတယ်။ အညစ်အကြေးနဲ့ အရည်တွေဟာ ဆီးအိမ်ကနေတစ်ဆင့် ခန္ဓာကိုယ်ပြင်ပကို ဆီးအဖြစ် စွန့်ထုတ်ပါတယ်။ ဒီလို စစ်ထုတ်ပေးတဲ့ ကျောက်ကပ်ရဲ့အစိတ်အပိုင်းတွေကို "glomeruli"...

ကလေးများနှင့် သန်ချဆေး

ကလေးကို မဖြစ်မနေ သန်ချပေးရမှာလား... မြေကြီးပေါ် ဆင်းမကစားခိုင်းရင်ရော သန်ချပေးရမှာပဲလား ???? ဘယ်အရွယ်ကစပြီး သန်ချပေးရမှာလဲ... ဘာဆေးတွေတိုက်ရမှာလဲ... စသည်ဖြင့် မိဘများမေးတတ်ကြပါတယ်။ ... ... သန်ကောင်တွေအကြောင်း အရင်ပြောကြရအောင်ပါ။ သန်ကောင်များဟာ ခန္ဓာကိုယ်သေးငယ်ကြပေမယ့် ကလေးများအတွက်တော့ ရန်သူတော်ကြီးများပါပဲ။ သန်ကောင်၊ တုတ်ကောင်၊ တုတ်ပြားကောင် စသည်ဖြင့် သန်ကောင်အမျိုးအစား အများအပြားရှိပြီး အားလုံးကတော့ ခန္ဓာကိုယ်ကို ဒုက္ခပေးကြတာချည်းပါပဲ။ အဖြစ်များတဲ့ လက္ခဏာတွေကတော့...

အရိုးပျော့နာ Rickets

ကလေးတွေအတွက် မွေးကင်းစ ငယ်စဥ်ဘဝကနေစလို့ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ် အစရှိတဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့က အလွန်အရေးကြီးပါတယ်။ ဒါမှသာလျှင် ကိုယ်ခံအားတည်ဆောက်နေတဲ့ ကလေးငယ်လေးတွေမှာ ရောဂါပိုးကူးစက်တာ၊ အာဟာရချို့တဲ့တာတွေကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် အရေးကြီးဆုံးဖြစ်တဲ့ ခန္ဓာကိုယ် အသက်အရွယ်နဲ့အလိုက် ကြီးထွားဖွံ့ ဖြိုးဖို့ရယ်နဲ့ ဉာဏ်ရည်တိုးတက်ဖွံ့ဖြိုးဖို့အတွက်ပါ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။...

“ ခဲဆိပ်သင့်ခြင်း ( lead poisoning)”

"ခဲဆိပ်သင့်ခြင်း ( lead poisoning)" အခုလို စက်ရုံ၊ အလုပ်ရုံတွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ စက်ရုံ၊ အလုပ်ရုံတွေတွေရဲ့ ထုတ်ကုန်တွေ၊ ဘေးထွက်ပစ္စည်းတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေကို အနည်းနဲ့အများ ခံစားရပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ လုပ်ငန်းခွင်ကြောင့် ကျန်းမာရေးထိခိုက်မှုတွေထဲက အန္တရာယ်ရှိတဲ့ ခဲဆိပ်သင့်ခြင်းအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ခဲဆိပ်သင့်တယ် ဆိုတာ… နှစ်ပေါင်းများစွာ (ဒါမှမဟုတ်)...