MENU

See our latest stories

written by our lovely staff members

ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် သတိပြုရမည့်အချက်များ

ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာကြရင်… အခုတလော ကလေးတွေရော လူကြီးတွေပါ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတာမို့ ဝမ်းလျှောတဲ့ကလေးငယ်တွေအတွက် သတိပြုရမယ့်အချက်‌ကလေးတွေ ပြန်ပြောပြချင်ပါတယ်။ ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်လျော့နည်းသွားပါတယ်။ ကလေးငယ်တွေဟာ ရေဓာတ်ခန်းခြောက်မှုကို လူကြီးတွေလို ခံနိုင်ရည်မရှိပါဘူး။ ဒါ့ကြောင့် အရေးအကြီးဆုံးက ရေဓာတ်မခန်းခြောက်စေဖို့ပါ။ အဝင်အထွက်မျှရပါမယ်။ ခန္ဓာကိုယ်ကထွက်သလောက် (ဝမ်းလျှောသလောက်/အန်သလောက်) အရည်ပြန်ဝင်အောင် တိုက်သင့်ပါတယ်။ အရည်များများ...

ရပ်ရွာဓလေ့ထုံးစံတွေအရ အပမီတယ်၊ စုန်းပြုစားခံရတယ်၊ အောက်လမ်းအတတ်၊ ပယောဂအတတ်နဲ့ နှောင့်ယှက်ခံရတယ်လို အထင်မှားလေ့ရှိကြတဲ့ ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါအကြောင်း

ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ သိပ်ဖြစ်လေ့ဖြစ်ထမရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပေမယ့် ဖြစ်လာရင်တော့ ပြင်းထန်တဲ့စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးဟာ ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေရဲ့ လက်တွေ့ဘဝကို အနှောင့်အယှက်ပေးတဲ့၊ ထိခိုက်နိုင်တဲ့ ရောဂါတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ ပါဝင်ပါတယ်။ ဒါကြောင့် စိတ်ထင်ယောင်ထင်မှားဖြစ်တာ၊ စိတ်ချောက်ချားတာ၊ အတွေးအခေါ်တွေက...

အမေရဲ့အနမ်း Mother Kiss

အမေရဲ့အနမ်း ဘယ်လောက် အသုံးဝင်လည်းဆိုတာလေး ပြောပြပေးသွားမှာပါနော် ကလေးငယ်လေးတွေက ဆော့ကစားရင်း နှာခေါင်းထဲကို ပစ္စည်းအသေးတွေ၊ ကစားစရာအသေးတွေ ထည့်တတ်ကြပါတယ်။ ဒါ့အပြင် ဓာတ်ခဲအဝိုင်းပြားအသေးတွေ၊ သံလိုက်တွေဟာ နှာခေါင်းထဲက ဆဲလ်တွေကို ပိုမို ပျက်စီးလွယ်တတ်ပါတယ်။ များသောအားဖြင့် နှာခေါင်းထဲ ပြင်ပပစ္စည်းဝင်တာ ကလေးတွေမှာဖြစ်ကြပေမယ့် လူကြီးစိတ်ရောဂါသမားတွေ၊ အသက်ကြီးပြီး သတိသိပ်မကောင်းတဲ့ လူနာတွေ တချို့လည်း...

နို့တိုက်ကလေး လေထခြင်းနဲ့အမေအစားအစာ

နို့စို့ကလေးငယ် လေထတာဟာ ကလေးတိုင်းနီးပါး ဖြစ်ဖူးကြပြီး သနားစရာလည်းကောင်း၊ တစ်ခါတလေ လူကြီးတွေမှာ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ ဖြစ်တတ်ကြပါတယ်။ တချို့က ကလေးလေထတာ အမေဘာတွေစားလို့လဲ လို့ မေးတတ်​ တွေးတတ်ကြပါသေးတယ်။ မေမေ စားတာတွေက မိခင်နို့ရည်မှတစ်ဆင့် ကလေးဆီကို ရောက်တာမို့ပါ။ မေမေစားတဲ့ အရသာကို ကလေးတွေလည်း နို့မှတစ်ဆင့် ရနိုင်ပါတယ်။...