See our latest stories

written by our lovely staff members

ဘီယာ၏ ဆိုးကျိုးများ (December,2023)

???? စိတ်ညစ်လို့ပဲ သောက်သောက်၊ ပျော်ဖို့ပဲ သောက်သောက်၊ မူးချင်လို့ပဲ သောက်သောက်... ဘီယာ အမြဲသောက်ဖြစ်နေပြီဆိုရင် ဒီဆောင်းပါးလေး‌ကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။ ???? ???? ???? ဘီယာက တကယ်တော့ နှစ်မျိုးရှိပါတယ်။ အများစုသောက်နေကျက အရက် (alcohol) ပါဝင်တဲ့ ဘီယာဆိုပေမယ့် အရက်မပါတဲ့ ဘီယာမျိုးလည်း ရှိပါတယ်။ ကစီဓာတ်ပါတဲ့ စားဖွယ်တစ်မျိုး (starch)...

သည်းခြေအိတ် ဖြတ်ထုတ်ပြီးနောက် Post Cholecystectomy(December,2023)

"သည်းခြေအိတ် ထုတ်လိုက်တဲ့လူနာတွေ ဘယ်လို နေထိုင်သင့်သလဲ ..." အဖြစ်များတဲ့ သည်းခြေအိတ် ကျောက်တည်တာကစလို့ အကြောင်းအမျိုးမျိုးကြောင့် သည်းခြေအိတ် (Gallbladder) ကို ထုတ်လိုက်ရတဲ့လူနာတွေအတွက် ဆောင်ရန် ရှောင်ရန်လေးတွေကတော့... . 1️⃣ အရင်ဆုံး သည်းခြေအိတ်ဆိုတာ ဘာလုပ်ပေးလဲ မိမိစားလိုက်တဲ့ အစားအသောက် အထူးသဖြင့် အဆီတွေကို ချေဖျက်ဖို့ Bile ဆိုတဲ့ အစာခြေရည်တစ်မျိုးကို...

ကော်ဖီမစ်နှင့် ကျန်းမာရေး Instant Coffee and Health (December,2023)

"ကော်ဖီမစ်စွဲနေပြီလား" သဘာဝကော်ဖီမှုန့်စစ်စစ်ထက်စာရင် ကော်ဖီမစ်ထုပ်တွေက ဈေးကွက်ထဲမှာ အတွေ့များ၊ ဈေးချိုသာတဲ့အပြင် ဖျော်သောက်ရလွယ်ကူတဲ့အတွက် ကော်ဖီချစ်သူအတော်များများ သောက်ဖြစ်ကြမယ် ထင်ပါတယ်နော်။ Instant Coffee ခေါ် ကော်မီမစ်တွေကလည်း သဘာဝကော်ဖီစေ့ကနေ ရရှိတာပါပဲ။ သဘာဝကော်ဖီအစစ်လိုပဲ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အကျိုးပြုခြင်း၊ ဦးနှောက်ကို တိုးတက်စေခြင်း၊ အသည်းကျန်းမာရေးကို အထောက်အကူပြုခြင်း၊ စိတ်ဓာတ်တက်ကြွ လန်းဆန်းစေခြင်း စတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ...

ဆီးချိုနှင့် အာဟာရမှုန့်များ (December,2023)

ဒီတစ်ပတ်မှာတော့ လူနာတွေ အမေးများကြတဲ့ ဆီးချိုနို့မှုန့်နဲ့ အခြားဆက်စပ်အကြောင်းအရာလေးတွေကို ရှင်းပြသွားပါမယ်နော်။ လူနာတချို့ မေးကြပုံက ဒီလို... ဒီနို့မှုန့်ကို လိုင်းပေါ်မှာ ကြော်ငြာတာ တွေ့တယ်ပေါ့… သူများတွေ ၀ယ်သောက်တာလည်း ကောင်းတယ်ပြောတယ်။ အသိလူရင်းတွေတောင် နို့မှုန့်သောက်ပြီး ဆီးချိုဆေးမသောက်ဘဲ ဆီးချိုကျပြီး ကောင်းသွားတာဆိုပြီး... ဆီးချိုသွေးချိုသက်သာနိုး မျှော်လင့်ချက်လေးတွေနဲ့ပေါ့။ ကဲ….. ဆီးချိုသွေးချိုဆိုတဲ့အကြောင်းကတော့ မကြားချင်မှအဆုံး သိကြပြီးသားဆိုတော့ အသေးစိတ်မပြောလိုပေမယ့်...

မယ်ဇလီဖူးသုပ်နဲ့ ဆေးပေါင်းခတဲ့ည (November,2023)

မနက်ဖြန်ကျ တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့... “ဆေးပေါင်းခတဲ့ည …. ဆေးပေါင်းခတဲ့ည…” ဆိုတဲ့ သီချင်းလေးတောင် နားထဲ ကြားယောင်လာပါပြီ။ တန်ဆောင်မုန်းလပြည့်တိုင်း စတုဒီသာတွေမှာ ဆေးဘက်၀င်အောင်ဆိုပြီး မယ်ဇလီဖူးသုပ်တွေ ထည့်ကျွေးကြ အိမ်နီးနားချင်းတွေလိုက်၀ေကြနဲ့ …. ရှိကြပါသေးတယ်။ မယ်ဇလီဖူးသုပ်ကို တန်ဆောင်မုန်းလပြည့် ကျီးမနိုးပွဲဓလေ့ (သူခိုးကြီးည) မှာ မျက်လုံးကျယ်အောင်ဆိုပြီး မိသားစုဆွေမျိုး အိမ်နီးနားချင်းတွေ မယ်ဇလီဖူးသုပ်ကို စုစားရင်း...

လက်ဖက်နှင့် အာဟာရ (November,2023)

မြန်မာမှန်ရင် လက်ဖက်နဲ့ ကင်းနိုင်မယ်မထင် …. စကားပုံထဲကအတိုင်း “အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဖက်” ဆိုတဲ့အတိုင်း ခံစားမိကြမယ် ထင်ပါတယ်။ လက်ဖက်လို့ကြားတာနဲ့ အိမ်ကိုလည်းလွမ်းတယ်... “အလှူ့လက်ဖက်” ဆိုတဲ့ ရွာကအမျိုးတွေကိုရောပေါ့… အတူစားခဲ့ဖူးတဲ့ ပွဲတွေကိုလည်း ခဏတာပြန်ရောက်သွားသလို၊ နက်စ်တစ်ခွက်နဲ့ လက်ဖက်တစ်ပွဲနဲ့ တစ်နေကုန်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်က ဘော်ဒါတွေလည်း...

ဒီပါဝလီနေ့မှာ အာဟာရမျှအောင် စားကြမယ်(November,2023)

ဘာသာရေးအရ၊ လူမျိုးအရ နှစ်တိုင်း ဒီလိုချိန်ရောက်လာပြီဆို ရိုးရာမပျက် ဒီပါ၀လီပွဲကို ဆင်နွှဲကျင်းပနေကြ အချိန်လေးပါ။ ဟိန္ဒူဘာသာဝင်တွေ လုပ်တဲ့ပွဲဆိုပေမယ့်လည်း ခင်ရာမင်ရာ အိမ်နီးချင်းတွေ၊ သူငယ်ချင်းတွေကျွေးတဲ့ ဒီပါ၀လီမုန့်တွေကို အားလုံးစားဖူးကြမယ် ထင်ပါတယ်။ မုန့်လေးတွေက ချစ်စဖွယ်လေးနဲ့ ချိုချိုအီအီလေးတွေ ဖြစ်နေတာကြောင့် ကလေးရောလူကြီးပါ တစ်မျိုးပြီးတစ်မျိုးစီ စမ်းစားကြည့်ရတာလေးကိုက အရသာရှိနေတာ…. မုန့်အချိုတွေဆိုတော့ ဆရာ၀န်တွေရဲ့...

မိန်းမကိုယ် ယားယံခြင်း (မိန်းမကိုယ် မှိုစွဲခြင်း) (November,2023)

မိန်းမကိုယ်ယားယံခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တဲ့ မိန်းမကိုယ်မှိုစွဲခြင်းအကြောင်းရှင်းပြပါမယ်။ တချို့လူနာတွေမှာ သူ့ရဲ့ထူးခြားချက်ကတော့ မိန်းမကိုယ်က မခံနိုင်လောက်အောင် ဆိုးဆိုးရွားရွား ယားယံတာပါ။ မခံနိုင်လွန်းလို့ လက်သည်းနဲ့ကုတ်ရင်း အရေပြားနေရာတွေ ပေါက်ပြဲ၊ ဆီးသွားဖို့တောင် ခက်ခဲတာမျိုးအထိ ရှိတတ်ပါတယ်။ . ????ရောဂါလက္ခဏာများ မိန်းမကိုယ်နေရာတစ်ဝိုက်မှာ... - ယားယံတာ - ဆူးသေးသေးလေးတွေနဲ့ ထိုးသလို တဆစ်ဆစ်နဲ့ ကသိကအောက် ခံစားရတာ - ရောင်ရမ်းတာ -...