See our latest stories

written by our lovely staff members

တိုက်ဖွိုက်ရောဂါ Typhoid Fever ( April, 2022 )

တိုက်ဖွိုက်ရောဂါ တိုက်ဖွိုက်ရောဂါဟာ ကုသလို့ရပေမယ့် ပေါ့ဆရင် အသက်အန္တရာယ်အထိဖြစ်နိုင်တဲ့ ရောဂါတစ်မျိုးပါ။ ဘက်တီးရီးယားအကောင်တစ်မျိုးကြောင့်ဖြစ်တာပါ။ အဓိက ကတော့ မသန့်ရှင်းတဲ့အစာတွေ၊ ရေတွေက တစ်ဆင့်ကူးတာပါ။ ရောဂါလက္ခဏာက ဘာတွေလဲ ❓တိုက်ဖွိုက်လူနာအများစုမှာ အဖျားရက်ရှည်နေတတ်ပါတယ်။ တချို့တွေမှာ ခေါင်းအရမ်းကိုက်၊ ချွေးစေးတွေထွက်ပြီး နုန်းနေတာမျိုးဖြစ်တတ်ကြပါတယ်။ တချို့ကတော့ အဖျားနဲ့အတူ ဗိုက်နာတာ၊ ဝမ်းလျောတာ၊...

အူကျခြင်း သို့မဟုတ် အူကျွံခြင်း Herniation ( April, 2022 )

အူကျခြင်း သို့မဟုတ် အူကျွံခြင်း ❓အူကျွံတာ အရေးကြီးလို့လားဆရာ။ အဖြစ်များလို့လားမွေးကာစကလေးကနေ ဟိုးသက်ကြီးရွယ်အိုအထိ အူကျွံတာ/အူကျတာက ဖြစ်နိုင်ပါတယ်။ အမျိုးသမီး/ အမျိုးသား နှစ်ဦးလုံးမှာလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် သိသင့်ပါတယ်။ပြီးတော့ စောစောသိပြီး ခွဲစိတ်မှုခံယူရင် အူပိတ်/အူပုပ်တဲ့အဆင့်အထိ မရောက်တော့တာမို့ ရလဒ် အင်မတန်ကောင်းပါတယ်။ ❓အသက်အရွယ်မရွေး ကျား/မ မရွေး အူကျွံ/အူကျနိုင်တယ်ဆိုတော့ ဘယ်လိုတွေဖြစ်တာလဲ...

ရေယုန်/ခါးပတ်ရေယုန် Herpes Zoster (Shingles)( April, 2022 )

ရေယုန် / ခါးပတ်ရေယုန် ❓ ဘာကြောင့်ဖြစ်တာလဲ ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်တာပါ။ အများအားဖြင့်တော့ ကိုယ်ခန္ဓာတစ်ခြမ်းမှာ အနီပြင်တွေပတ်ပြီးဖြစ်တတ်လို့ ခါးပတ်ရေယုန်လို့ ခေါ်လေ့ရှိပြီး ခန္ဓာကိုယ်တခြားနေရာတွေမှာဖြစ်ရင် ရေယုန်လို့ခေါ်ကြပါတယ်။ ❓ ဘယ်လိုဖြစ်တာလဲ ရေကျောက်ဖြစ်ဖူးတဲ့သူဆိုရင် ဗိုင်းရပ်ပိုးက ကိုယ်ခန္ဓာထဲကို တခါဝင်ပြီးရင် တစ်သက်လုံးမပျောက်တော့ဘဲ ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးရဲ့ တစ်နေရာမှာ ဗိုင်းရပ်စ်ပိုးက ဝင်အောင်းနေလေ့ရှိပြီး စိတ်ပင်ပန်းချိန်၊...

Appendicitis ( အူအတက်ရောင်ခြင်း )

အူအတက်ရောင်ခြင်း အူအတက်ဆိုတာ ညာဘက်ဝမ်းဗိုက်အောက်ဖက်နား အူသိမ်နဲ့ အူမကြီးဆက်တဲ့နေရာမှာ ထွက်နေတဲ့ အတက်ကလေးဖြစ်ပါတယ်။ အသက် ၁၀ နှစ်ကျော်ရင် ကိုယ်ခန္ဓာအတွက်ဘာမှလုပ်မပေးဘဲ ၊ သူနေမကောင်းဖြစ်နေတာ ပေါ့ပေါ့ဆဆလုပ်မိရင်တော့ အသက်အန္တရာယ်အထိပေးတတ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ လွယ်လွယ်ပြောရရင် ကောင်းကျိုးမပေး ဆိုးကျိုးပဲပေးတဲ့ အမှိုက်ပိုတစ်ခုဖြစ်လို့ ခန္ဓာကိုယ်ကနေ သူ့ကို ဖယ်ထုတ်လိုက်ရင်လဲ ဘာပြဿနာမှ...

Anal Fissure (စအိုကွဲနာ)(March, 2022)

စအိုကွဲနာဆိုတာ စအိုဝအရေပြားလေးကွဲပြီး ဝမ်းသွားရင် အရမ်းနာတဲ့ ပြဿနာပါ။ အသက်အရွယ်မရွေး ဖြစ်တတ်ပြီး အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ???? ရောဂါလက္ခဏာများ ဝမ်းသွားတဲ့အချိန် အရေပြားကို ဆွဲဖြဲလိုက်သလို နာပါတယ်၊ သွေးနည်းနည်းထွက်နိုင်ပါတယ် (အတွင်းခံဘောင်းဘီမှာ သွေးနည်းနည်းပေနေတာမျိုး၊ အိမ်သာသုံးစက္ကူမှာ သွေးပေလာတာမျိုး မြင်ရနိုင်ပါတယ်) ကြမ်းမာမာပေါ်မှာထိုင်ရင် စအိုနေရာမှာ သရိုးသရီနဲ့ ထိုင်ရအဆင်မပြေဖြစ်နိုင်ပါတယ် မိနစ်ပိုင်းကနေ...

အပူဒဏ်ကို ကာကွယ်ကြစို့ Heat Stroke ( March, 2022 )

????နွေရောက်ပြီမို့ ... အပူဒဏ်ကို ကာကွယ်ကြစို့???? နှစ်စဥ်နှစ်တိုင်း ပူပြင်းတဲ့ နွေရာသီရောက်ချိန်မှာ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူအများစုဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခံစားရလျက် ရှိပါတယ်။ အထူးသဖြင့် ရောဂါအခံရှိသူများ၊ ကျန်းမာရေးဗဟုသုတ အားနည်းသူများ၊ အနေအထိုင်မဆင်ခြင်သူများဟာ အပူဒဏ်ကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရပါတယ်။ အသက်အရွယ်ကြီးရင့်သူများ၊ မွေးကင်းစကလေးငယ်များနဲ့ အရက်သေစာသောက်သုံးသူများဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေ ပိုများပါတယ်။ ???? ရာသီဥတု...

ရာသီသွေးအဆင်းများခြင်း Menorrhagia ( March, 2022 )

ရာသီသွေးအဆင်းများခြင်း ( March, 2022 ) ဘာကြောင့်ဖြစ်တာလဲ ? ????Dysfunctional Uterine Bleeding အများအားဖြင့် ဖြစ်ရတဲ့အကြောင်းရင်း မသိပါဘူး။ သားအိမ်၊ သားဥအိမ်စစ်ဆေးမှုတွေမှာလဲ ပုံမှန်ပဲ အဖြေထွက်ပါတယ်။ Dysfunctional Uterine Bleeding လို့ခေါ်ပါတယ်။ ရာသီသွေးပေါ်ကာစအရွယ်နဲ့ သွေးဆုံးခါနီးအသက်အရွယ်တွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ သားအိမ်အတွင်းနံရံကနေ ပုံမှန်ထုတ်ပေးလေ့ရှိတဲ့ Prostaglandins (ပရော်စတာဂလန်ဒင်)လို့ခေါ်တဲ့...

ရာသီလာချိန်ကိုက်ခဲခြင်း Dysmenorrhea ( March, 2022 )

ရာသီလာချိန်ကိုက်ခဲခြင်း ရာသီလာချိန်ကိုက်ခဲတာဟာ ရောဂါအခံမရှိဘဲ ဖြစ်နိုင်သလို သားအိမ်အတွင်း အလုံးရှိတာမျိုး၊ သားအိမ်တွင်း ပိုးဝင်တာမျိုးကြောင့်လဲဖြစ်တတ်ပါတယ်။ ????ရောဂါအခံမရှိဘဲ ဘာကြောင့် ကိုက်ခဲရတာလဲ? Prostaglandins (ပရော်စတာဂလန်ဒင်)လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို သားအိမ်ရဲ့ အတွင်းနံရံက လိုအပ်တာထက်ပိုပြီး ထုတ်တာများလို့ပါ။ အဲဒီ့ဟော်မုန်းရဲ့လုပ်ဆောင်ချက်တစ်မျိုးက သားအိမ်ကြွက်သားတွေကိုညှစ်တာမျိုးဖြစ်စေလို့ပါ။ ????ရောဂါလက္ခဏာများတစ်ယောက်နဲ့တစ်ယောက် ခံစားရတာခြင်း မတူနိုင်ပါဘူး။ တချို့တွေမှာ ဗိုက်အောက်ပိုင်း ဆီးစပ်လောက်မှာပဲ ကိုက်ခဲတာဖြစ်ပြီး တချို့တွေမှာတော့...