See our latest stories

written by our lovely staff members

သွေးလွန်တုပ်ကွေး Dengue Hemorrhagic Fever ( May, 2022 )

သွေးလွန်တုပ်ကွေး သွေးလွန်တုပ်ကွေးရောဂါဆိုတာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကိုသယ်ဆောင်ထားတဲ့ အေးဒီးစ် (Aedes)လို့ခေါ်တဲ့ ခြင်ကိုက်လို့ ဖြစ်တာပါ။ ❓ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ အသက်သုံးနှစ်ကနေ ဆယ့်ငါးနှစ်အတွင်းကလေးတွေမှာအဖြစ်များပါတယ်။ ဒါပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ရောဂါလက္ခဏာတွေကလဲ အသက်အရွယ်ပေါ်မူတည်ပြီး နည်းနည်းကွာပါတယ်။ ❓ရောဂါလက္ခဏာဘာတွေလဲ။ အများအားဖြင့် ပြင်းထန်တဲ့တုပ်ကွေးရဲ့ရောဂါလက္ခဏာတွေဖြစ်လေ့ရှိပါတယ်။ အရိုးကွဲအဖျားလို့တောင်ခေါ်ရလောက်အောင် တစ်ခါတရံ အရိုးအဆစ်တွေ ကိုက်ခဲနာကျင်တတ်ပါတယ်။ ရောဂါဖြစ်စေတဲ့ခြင်ကိုက်ခံရပြီး သုံးရက်ကနေဆယ့်လေးရက်လောက်အတွင်းမှာ... - ချမ်းတုန်ပြီး အဖျားကြီးခြင်း- မျက်လုံးအောင့်ပြီး ခေါင်းအရမ်းကိုက်ခြင်း-...

အစာအိမ်မှန်ပြောင်းကြည့်တာ ကြောက်စရာမဟုတ်ပါ ( May, 2022 )

လူနာတွေဟာ အစာအိမ်မှန်ပြောင်းကြည့်ရမယ်ဆိုရင် မကြည့်ခင်ကတည်းက အတော်ကြောက်ကြတယ်။ အားတွေလည်း အတော်ယူကြရရှာတာ တစ်ခါကြည့်ဖို့ကို။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော... တစ်ခါတလေမှာ အားယူနေရင်းနဲ့ မကြည့်ဖြစ်တဲ့အခါ တချို့အရေးကြီးတဲ့ ရောဂါတွေလွတ်သွားတတ်ပါတယ်။ မှန်ပြောင်းကြည့်ပြီး စောစောသိပြီးကုရမယ့်ရောဂါဟာ ဗိုက်ပေါ်မှာ အလုံးအကျိတ်စမ်းမိမှ ကုသရတာမျိုးတွေ ဖြစ်လာတဲ့အခါ လူနာကိုယ်တိုင်အတွက် အရမ်းနစ်နာပါတယ်။ စောစောကြည့်တာနဲ့ အချိန်နှောင်းမှကြည့်တာ ရလဒ်တွေမတူပါဘူး။...

ဆီးချိုကို စနစ်တကျဘယ်လိုတိုင်းကြမလဲနှင့် ဆီးချို ဘယ်လိုထိန်းကြမလဲ ( May, 2022 )

ဆီးချိုကို စနစ်တကျဘယ်လိုတိုင်းကြမလဲနှင့် ဆီးချို ဘယ်လိုထိန်းကြမလဲ ဆီးချိုဆိုတာ အရှင်းပျောက်ကင်းသွားမှာမဟုတ်တဲ့အတွက်• ဆီးချိုရှိပြီဆိုလိုက်တာနဲ့ ဆီးချိုတိုင်းတဲ့စက်လေးဆောင်ထားသင့်ပါတယ်။• ဆီးချိုကို ပုံမှန်တိုင်းရမယ့်အပြင် အရမ်းတက်သွားတာ ကျသွားတာမျိုးကို အမြန်သိလိုက်မှသာ အသက်အန္တရာယ်ကိုကာကွယ်နိုင်မှာပါ။ ❓ဒါဆိုဆီးချိုကို ဘယ်လိုတိုင်းကြမလဲ ✔️အိမ်မှာပဲ ဆီးချိုကို အစာ သို့မဟုတ် သောက်ဆေးနဲ့ ပုံမှန်ထိန်းထားနိုင်ရင်တော့တစ်ပတ် ကို (၃) ရက်ဖောက်ပေးပါ။- တစ်ရက်ကို...

သတိပြုပါဆီးချိုရောဂါ ( May, 2022 )

ဆီးချိုအကြာင်း ကိုယ် ဘယ်လောက်ထိသိပြီလဲ ???? ဆီးချိုရောဂါဆိုတာလူတိုင်းရင်းနှီးပြီးသား၊ ကြားဖူးပြီးသား ဖြစ်ပေမယ့် မိမိတို့ကိုယ်တိုင် မဖြစ်အောင်ကာကွယ်နိုင်ဖို့၊ ထိန်းနိုင်ဖို့က အရေးကြီးဆုံးဖြစ်တာကြောင့် ဆီးချိုအကြောင်း သိထားသင့်သည်များကို အကြမ်းဖျင်းလေးပြောလိုက်ပါတယ်။ ✔️အရင်ဆုံးဆီးချိုက(၂)မျိုးရှိပါတယ်တဲ့???? Type 1-ပထမအမျိုးအစားကတော့ မုန့်ချိုအိတ် (ခေါ်) ပန်ကရိယက အင်ဆူလင် ဟော်မုန်း ကိုမထုတ်ပေးနိုင်လို့ပါ။ Type 2 -ဒုတိယအမျိုးအစားကတော့ ပန်ကရိယ ကထုတ်ပေးလိုက်တဲ့...

ဝမှာကြောက်သူတွေသုံးသင့်တဲ့ ကိုယ်ဝန်တားနည်းများ Contraception ( May, 2022 )

ဝမှာကြောက်သူတွေသုံးသင့်တဲ့ ကိုယ်ဝန်တားနည်းများ ကိုယ်ဝန်တားနည်းတစ်ခုခုသုံးတော့မယ်ဆိုရင် လူအများစုမေးတတ်တာက “ဝ လာမှာလား”ဆိုတဲ့မေးခွန်းပါ..... တကယ်တမ်းတော့ ကိုယ်ဝန်တားတိုင်း မဝပါဘူး။ အထူးသဖြင့် ဟော်မုန်းမပါတဲ့ ကိုယ်ဝန်တားနည်းတွေက လုံးဝကို မဝစေပါဘူး။ ဟော်မုန်းပါတဲ့ သုံးလခံထိုးဆေး၊ ဆေးကဒ်၊ လက်မောင်းထဲထည့်တဲ့နည်း သုံးတဲ့သူတွေမှာတော့ အနည်းနဲ့အများ ဝ လာနိုင်ခြေရှိပါတယ်။ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစတိုဂျင် နဲ့ ပရော်ဂျက်စတုန်းလို့ခေါ်တဲ့ဟော်မုန်းတွေကို အခြေခံပြီး...

မိခင်လောင်းတို့အတွက် ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေး Antenatal Care ( May, 2022 )

မိခင်လောင်းတို့အတွက် ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေး ????ကိုယ်ဝန်ဆောင်ကာလဟာ မိခင်လောင်းတစ်ဦးရဲ့ဘဝမှာ အပြောင်းအလဲတွေစတင်တဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဘဝရဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။ဒီ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်မှာ မိခင်လောင်းတို့ရဲ့ အပြုအမူ၊ အစားအသောက်၊ အနေအထိုင် တစ်ခုချင်းစီက မွေးဖွားလာမယ့် ရင်သွေးငယ်လေးအပေါ်ရော ကိုယ်တိုင်အတွက်ပါ အကောင်းအဆိုး ကြီးမားတဲ့သက်ရောက်မှုတွေ ရှိတဲ့အတွက်ကြောင့် ဒီ ကိုးလတာ ကိုယ်ဝန်ဆောင်ကာလဟာ (အထူး)...

ဆီးကျိတ်ကြီးခြင်း Benign Prostatic Hyperplasia ( May, 2022 )

သတိထားပါ ဆီးကျိတ်ပြဿနာ ???? အဖေဒီတလော ညဘက်ခဏခဏ ဆီးထထသွားနေတယ်နော်။ ဟုတ်လားအဖေ? ဆီးချိုရှိရင် အဲ့လိုဖြစ်တတ်တယ် ကြားဖူးတယ် ၊ ဆီးချိုသွားစစ်ကြည့်ရအောင်လေ ????‍???? အေးသမီး...တစ်ကယ်တော့ အဖေဖြစ်နေတာ တော်တော်တောင်ကြာနေပြီ။ အဲဒါကြောင့် ဟိုရက်ကပဲ သမီးအမေနဲ့ ဆေးခန်းမှာ နှစ်ယောက်လုံး မနက်အစော အစာမစားခင် ဆီးချိုသွားဖောက်ထားသေးတယ်။ ကောင်းတယ်လို့ပြောတယ်။ အဖေကလည်း ညဘက်ဆီးခဏခဏသွားတဲ့ကိစ္စ...

ကလေးအူစွပ်ခြင်း Childhood Intussusception ( April, 2022 )

ကလေးအူစွပ်ခြင်း ကလေးအူစွပ်တယ်ဆိုတာ အရမ်းအဖြစ်များတဲ့ ရောဂါတွေထဲ မပါပါဘူး။ ဒါပေမယ့် ဖြစ်ရင်လည်း အသက်အန္တရာယ်ရှိလို့ အရေးကြီးပါတယ်။ အချိန်မှီသိပြီးကုသမှုခံယူရင် လုံးဝပျောက်ကင်းအောင်ကုသလို့ရတဲ့ ရောဂါပါ။ အများအားဖြင့် သုံးလကနေ တစ်နှစ်အတွင်းကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဘယ်လိုဖြစ်တာလဲ ??ပုံမှန်ရွေ့လျားနေတဲ့ အူတစ်စိတ်တပိုင်းက အကြောင်းတစ်ခုခုကြောင့် လှုပ်လျားမှုကမောက်ကမဖြစ်ပြီးနောက် အူတစ်ပိုင်းထဲကို ကျန်အူက တယ်လီစကုပ်လိုမျိုး စွပ်ဝင်သွားတာပါ။ အဲဒီ့စွပ်ဝင်သွားတဲ့...