See our latest stories

written by our lovely staff members

သည်းခြေအိတ် ဖြတ်ထုတ်ပြီးနောက် Post Cholecystectomy(December,2023)

"သည်းခြေအိတ် ထုတ်လိုက်တဲ့လူနာတွေ ဘယ်လို နေထိုင်သင့်သလဲ ..." အဖြစ်များတဲ့ သည်းခြေအိတ် ကျောက်တည်တာကစလို့ အကြောင်းအမျိုးမျိုးကြောင့် သည်းခြေအိတ် (Gallbladder) ကို ထုတ်လိုက်ရတဲ့လူနာတွေအတွက် ဆောင်ရန် ရှောင်ရန်လေးတွေကတော့... . 1️⃣ အရင်ဆုံး သည်းခြေအိတ်ဆိုတာ ဘာလုပ်ပေးလဲ မိမိစားလိုက်တဲ့ အစားအသောက် အထူးသဖြင့် အဆီတွေကို ချေဖျက်ဖို့ Bile ဆိုတဲ့ အစာခြေရည်တစ်မျိုးကို...

ပြောင်းသကြားရည်အကြောင်း High Fructose Corn Syrup (September,2023)

အသည်းအဆီဖုံးခြင်းနဲ့ နာတာရှည်ရောဂါများ ဖြစ်ပေါ်စေခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်တဲ့ အစားအစာတွေထဲက ပစ္စည်းလေးတစ်မျိုးအကြောင်းကို ဒီတစ်ပတ် ပြောပြပေးသွားမှာပါ….. သူ့နာမည်ကတော့ HFCS လို့ခေါ်တဲ့ ပြောင်းသကြားရည် ဖြစ်ပါတယ်။ . ????High Fructose Corn Syrup ဆိုတဲ့ ဖရူးတို့စ်သကြား များပြားသော ပြောင်းသကြားရည် ဒီအသုံးအနှုန်းကို တအားကြီးတော့ ရင်းနှီးကြမယ် မထင်ပါဘူး။ ဒါပေမယ့်...

အသည်းပြည်တည်နာ Liver Abscess (August,2023)

အသည်းပြည်တည်နာ (Liver abscess) ညာဘက်နံရိုးအောက် အောင့်တာ၊ ညာဘက်ဗိုက်အပေါ်ဘက် အောင့်တာ၊ ဖျားတာ… စတဲ့ ရောဂါလက္ခဏာတွေ ပေါ်လာပြီးနောက်၊ ၀မ်းဗိုက်ကို အာထရာဆောင်း (ultrasound) ရိုက်တဲ့အခါ အသည်းမှာ တစ်ခုခုတွေ့ပြီဆို ကြောက်ကြရပါတယ်။ အသည်းကင်ဆာလား၊ အသည်းပြည်တည်နာလား၊ အသည်းမှာ ရေအိတ်တည်တာလား စသဖြင့်ပေါ့။ ဘာပဲဖြစ်ဖြစ် တချို့အရာတွေက ultrasound...

မုန့်ချိုအိတ် ရုတ်တရက်ရောင်ရမ်းခြင်း Acute Pancreatitis

မုန့်ချိုအိတ်ဆိုတာ အစာအိမ်အောက်နားမှာ အလျားလိုက်တည်ရှိနေတဲ့ ဂလင်းတစ်ခု ဖြစ်ပါတယ်။ မုန့်ချိုအိတ် (Pancreas) ဟာ အစာခြေအင်ဇိုင်းတွေကို ထုတ်လွှတ်ပေးပြီး အစာခြေခြင်းကို အထောက်အကူပြုသလို၊ သွေးတွင်းသကြားဓာတ် ပုံမှန်ထိန်းပေးတဲ့ အင်ဆူလင် ဟော်မုန်းကိုလည်း ထုတ်ပေးပါတယ်။ .. .. ♦️ မုန့်ချိုအိတ် ရုတ်တရက် ရောင်ရမ်းစေတဲ့ အကြောင်းရင်းများကတော့.... - အရက်သောက်ခြင်း - သည်းခြေကျောက်တည်ခြင်း - ဝမ်းဗိုက် ဒဏ်ရာရခြင်း -...

အသည်းခြောက်ခြင်း (သို့) အသည်းကြွပ်ခြင်း Cirrhosis of Liver (October,2022)

အသည်းခြောက်ခြင်း (သို့) အသည်းကြွပ်ခြင်း (Cirrhosis of liver) (အသည်းအကြောင်း သိကောင်းစရာ-၃) အသည်းနဲ့ ပတ်သက်ပြီး အသည်းကင်ဆာအကြောင်း၊ အသည်းကင်ဆာရဲ့ အဓိက‌အကြောင်းရင်းဖြစ်တဲ့ အသည်းရောင် အသားဝါ ဘီပိုး၊စီပိုးတို့အကြောင်း တစေ့တစောင်းရေးသားတင်ပြပြီး ဖြစ်ပါတယ်။ ဒီတခါမှာတော့ သူတို့နှစ်ခု အခြေအနေကြားထဲက ရောဂါအခြေအနေတစ်ခုဖြစ်တဲ့ အသည်းခြောက်ခြင်း (သို့) အသည်းကြွပ်ခြင်း (Cirrhosis...

သည်းခြေလမ်းကြောင်းကျောက်တည်ခြင်း Common Bile Duct Stone(CBD Stone) ( July, 2022 )

သည်းခြေလမ်းကြောင်းကျောက်တည်ခြင်း မြန်မာနိုင်ငံရဲ့လူနေမှုပုံစံပတ်၀န်းကျင်နဲ့ စားသောက်မှုပုံစံတွေအရ သည်းခြေလမ်းကြောင်းကျောက်တည်တဲ့ရောဂါဟာ အဖြစ်များပါတယ်။ တစ်ကမ္ဘာလုံးမှာတော့ သည်းခြေလမ်းကြောင်းကျောက်တည်ခြင်းဟာ ၊ သည်းခြေအိတ်ထဲမှာရှိနေတဲ့ကျောက်က သည်းခြေလမ်းကြောင်းထဲကို ပြုတ်ကျခြင်းကြောင့်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီဖြစ်စဉ်အပြင် (လူ‌နေမှုပုံစံပတ်၀န်းကျင်နဲ့ စားသောက်မှုပုံစံအရ) သန်ကောင် များကြောင့် သည်းခြေလမ်းကြောင်းထဲမှာပဲ စတင်ကျောက်တည်လာတဲ့ဖြစ်စဉ်တွေ တွေ့ရပါတယ်။ ❓သည်းခြေလမ်းကြောင်းထဲမှာ ကျောက်ရှိရင် ဘယ်လိုသိနိုင်မလဲ - ချက်အပေါ်ပိုင်း ၊ ဗိုက်ရဲ့ညာဘက်ခြမ်း...

မုန့်ချိုအိတ်ရောင်ခြင်း Acute and Chronic Pancreatitis ( June 2022 )

မုန့်ချိုအိတ်ရောင်ခြင်း ( Acute and Chronic Pancreatitis ) ❓မုန့်ချိုအိတ်ရောင်ခြင်းက ဘယ်လိုလူတွေမှာ အဖြစ်များပါသလဲ • အသက် ၄၀ကျော်ပြီး ကိုယ်ခန္ဓာ၀ဖြိုးကာ သည်း‌ခြေအိတ်မှာကျောက်ရှိတဲ့ အမျိုးသမီးတွေနဲ့ • အရက်ကို စွဲစွဲမြဲမြဲသောက်လေ့ရှိတဲ့ အသက်ငယ်ငယ်အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ❓မုန့်ချိုအိတ်ရောင်ခြင်းက ဘယ်လိုအခြေအနေတွေမှာ ပိုဖြစ်နိုင်ပါသလဲ - အဆီစားတာများရင် - အရက်ကိုခါတိုင်းထက် ပိုပြီး အလွန်အကျွံသောက်မိရင်...

အပူဒဏ်ကို ကာကွယ်ကြစို့ Heat Stroke ( March, 2022 )

????နွေရောက်ပြီမို့ ... အပူဒဏ်ကို ကာကွယ်ကြစို့???? နှစ်စဥ်နှစ်တိုင်း ပူပြင်းတဲ့ နွေရာသီရောက်ချိန်မှာ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူအများစုဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခံစားရလျက် ရှိပါတယ်။ အထူးသဖြင့် ရောဂါအခံရှိသူများ၊ ကျန်းမာရေးဗဟုသုတ အားနည်းသူများ၊ အနေအထိုင်မဆင်ခြင်သူများဟာ အပူဒဏ်ကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရပါတယ်။ အသက်အရွယ်ကြီးရင့်သူများ၊ မွေးကင်းစကလေးငယ်များနဲ့ အရက်သေစာသောက်သုံးသူများဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေ ပိုများပါတယ်။ ???? ရာသီဥတု...