See our latest stories

written by our lovely staff members

ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ (September,2023)

"ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ" ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ထိတတ်တယ်ဆိုတာ လူတိုင်းနီးပါး ကြားဖူးကြပါလိမ့်မယ်။ ဒီနေ့မှာတော့ ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာလေးတွေနဲ့ ကာကွယ်ကုသနည်းများကို မျှဝေချင်ပါတယ်။ ကျောက်ကပ်တွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါ။ သူတို့ရဲ့ အဓိက လုပ်ငန်းဆောင်တာတွေကတော့ ခန္ဓာကိုယ်ရဲ့ ဆီးဖြစ်မယ့် အရည်တွေထဲက လိုတာတွေကို စစ်ယူပြီး...

ညဘက်အိပ်ရာဝင်ပြီးမှ ဆီးထသွားရခြင်း Nocturia

“ညဘက်အိပ်ရာဝင်ပြီးမှ ဆီးထသွားရခြင်း (Nocturia)” ညအိပ်ရာဝင်ပြီးနောက် တစ်ကြိမ်ထက်ပိုပြီး ဆီးထသွားရတာကို Nocturia လို့ခေါ်ပါတယ်။ အသက် ၃၀ အရွယ် လူလတ်ပိုင်းတွေ သုံးယောက်မှာ တစ်ယောက်လောက်က ဒီပြဿနာရှိတတ်ကြပြီး အသက်ကြီးလာတာနဲ့အမျှ ဒီလို ညဘက်ဆီးထသွားရတဲ့ပြဿနာ ပိုများလာပါတယ်။ တချို့အတွက်တော့ ဒီလို ညဘက်ဆီးထသွားရတာ သူတို့ရဲ့တချို့သောအကျင့်တွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျန်းမာရေးပြသနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ .. .. ⬜...

Gout (ဂေါက်)ရောဂါ

Gout ရောဂါနဲ့ uric acid တက်တယ် ဆိုတာကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။ ဒီနေ့မှာတော့ Gout ရောဂါက ဘာကြောင့် ဖြစ်တာလဲဆိုတာနဲ့ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ???? ကဲ ဒါဆို Gout ရောဂါဆိုတာ ဘာလဲ Gout ရောဂါဆိုတာဟာ အရိုးအဆစ်ရောင်တဲ့...

တိုက်ဖွိုက် (သို့) အူရောင်ငန်းဖျားရောဂါ Typhoid

တိုက်ဖွိုက် (သို့) အူရောင်ငန်းဖျားရောဂါ အခုလို မိုးရာသီမှာ တိုက်ဖွိုက်လို့ခေါ်တဲ့ အူရောင်ငန်းဖျားရောဂါဟာလည်း သတိထားဖို့ လိုအပ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အူရောင်ငန်းဖျားရောဂါဟာ Salmonella typhi လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတာဖြစ်ပြီး အဲဒီရောဂါပိုး ပါဝင်နေတဲ့ အစားအစာတွေ၊ ရေတွေကို စားသုံး၊ သောက်သုံးမိရာကနေ ကူးစက်နိုင်ပါတယ်။ ဒီ‌ရောဂါပိုးကို သယ်ဆောင်ထားတဲ့လူက...

ဆီးကျိတ်ကင်ဆာ Prostate Cancer

"ဆီးကျိတ်ကင်ဆာအကြောင်း သိကောင်းစရာ" ▲ ဆီးကျိတ်ကင်ဆာဆိုတာ ဘာလဲ ကင်ဆာဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေဟာ အထိန်းအချုပ်မဲ့ အဆမတန်ပွားများလာခြင်း ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဆိုတာ ဆီးကျိတ်ဆဲလ်တွေ ပွားလာရာကနေ စပါတယ်။ ဆီးကျိတ်ဆိုတာ အမျိုးသားမျိုးပွားမှုစနစ်မှာပါတဲ့ ဂလင်းတစ်ခုဖြစ်ပြီး ဆီးအိမ်အောက်မှာ ရှိပါတယ်။ ဆီးကျိတ်ဂလင်းကနေ သုက်ရည်ရဲ့အစိတ်အပိုင်းဖြစ်တဲ့ အရည်ကိုဖြစ်စေပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အဖြစ်အများဆုံး ကင်ဆာအမျိုးအစားများထဲက တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့်...

ဆီးကျိတ်ရောင်ရောဂါ Prostatitis (May 2023)

"သိကောင်းစရာ ဆီးကျိတ်ရောင်ရောဂါ (Prostatitis)" အမျိုးသားတွေရဲ့ ဆီးအိမ်အောက်မှာ Prostate လို့ခေါ်တဲ့ ဆီးကျိတ်လေးရှိပါတယ်။ ဒီဆီးကျိတ်လေးဟာ အမျိုးသားသုတ်ရည်ကြည်တွေ ထုတ်လွှတ်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။ ဒီကနေ့မှာတော့ ဆီးကျိတ်ကလေးကို ပိုးဝင်ပြီး ရောင်ရမ်းမှုဖြစ်ပွားစေတဲ့ ဆီးကျိတ်ရောင်ရောဂါ (Prostatitis) အကြောင်း တင်ဆက်ပေးလိုက်ပါတယ်။ .. .. ????ဆီးကျိတ်ရောင်ရခြင်း အကြောင်းတရားများ အများစုကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကတစ်ဆင့် ဆီးကျိတ်ကိုပါ ပိုးဝင်စေပြီး...

ဆီးလမ်းကြောင်းပိုးဝင်ခြင်း Urinary Tract Infection ( September, 2022)

ဆီးလမ်းကြောင်းပိုးဝင်ခြင်း( Urinary Tract Infection) ဒီတစ်ခါတော့ ပုံစံလေးပြောင်းရင်း လိုတိုရှင်းနဲ့ ဗဟုသုတမျှဝေလိုက်ပါတယ်...( နောက်ဆုံးပုံလေးကတော့ ချစ်တဲ့သူအားလုံးအတွက်ပါ ???? ) Ministry of Health, National Unity Government.

ဆီးမထိန်းနိုင်တဲ့ပြဿနာ Urinary incontinence ( August, 2022 )

ဆီးမထိန်းနိုင်တဲ့ပြဿနာ ( Urinary incontinence ) ဆီးမထိန်းနိုင်တဲ့ ပြဿနာဟာ လက်တွေ့မှာ အတော်လေးကို ကသိကအောက်နိုင်တဲ့ ပြဿနာပါ။ အထူးသဖြင့် လူကြားသူကြားထဲ နှာချေရင်း၊ ချောင်းဆိုးရင်း၊ ခွက်ထိုးခွက်လှန်ရယ်ရင်း တပါတည်း ဆီးစက်များပါ လှိမ့်ဆင်းလာတဲ့ အခါ အင်မတန်ကို ဖြေရှင်းရ ခက်ခဲပါတယ်။ ဒါမျိုးကို...