See our latest stories

written by our lovely staff members

သွေးဝမ်းသွားခြင်း Dysentery (October,2023)

Bloody diarrhea, Dysentery (သွေးဝမ်းသွားခြင်း) Dysentery (သွေးဝမ်းသွားခြင်း) ဘာကြောင့်ဖြစ်လဲဆိုရင် ခန္ဓာကိုယ်ထဲကို ပြင်ပကနေ ပိုးတွေဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် မသန့်ရှင်းတဲ့၊ ရောဂါပိုးပါနေတဲ့ အစားအစာနဲ့ ရေတို့ကို ‌စားသုံးမိခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ အူလမ်းကြောင်းတစ်လျှောက် ပိုးဝင်ပြီး သွေးဝမ်းသွားခြင်းကို ဖြစ်စေတာပါ။ .. .. Types (အမျိုးအစား) အဓိကအားဖြင့် နှစ်မျိုးခွဲလို့ ရပါတယ်။ ၁။ Bacillary...

အစာမကြေခြင်း Indigestion (Video) (September,2023)

အစာမကြေခြင်းဟာ လူအတော်များများမှာဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ အစာမကြေတာဟာ တခါတလေမှာ စိတ်အနှောင့်အယှက်ဖြစ်တဲ့ အခြေအနေဖြစ်ပြီး အစာအိမ်ရောဂါ၊ မုန့်ချိုအိတ်ရောင်ရောဂါနဲ့ အစာအိမ်ကင်ဆာစတာတွေနဲ့လည်း ဆက်စပ်နေနိုင်တာကြောင့် မပေါ့ဆသင့်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အစာမကြေဖြစ်ခြင်းရဲ့ အကြောင်းရင်း၊ အစာမကြေခြင်းမဖြစ်အောင် လိုက်နာသင့်တဲ့ဆောင်ရန်ရှောင်ရန်အချက်တွေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုပုံစံတွေကို ဒေါက်တာဆုတောင်းပြည့်က မျှဝေပေးထားပါတယ်။ Ministry of Health, National Unity Government. https://youtu.be/KX32rPo3FFw?si=z6I0t0hoACTgUY1Y

အစာရေမျိုပြွန်ရဲ့ အတွင်းနံရံပြဲပြီး သွေးထွက်ခြင်း Mallory Weiss Tears

"အစာရေမျိုပြွန်ရဲ့ အတွင်းနံရံပြဲပြီး သွေးထွက်ခြင်း (Mallory Weiss Tears)" အစာရေမျိုပြွန်ဆိုတာ လည်ချောင်းနဲ့ အစာအိမ်ကို ဆက်သွယ်ပေးထားတဲ့ ပြွန်တစ်ခု ဖြစ်ပါတယ်။ Mallory Weiss Syndrome မှာ အစာရေမျိုပြွန်ရဲ့ အတွင်းနံရံပြဲပြီး သွေးထွက်လေ့ရှိပါတယ်။ ဒီလိုပြဲထွက်ပြီး ဖြစ်လာတဲ့အကွဲကြောင်းတွေကို Mallory Weiss Tear လို့ ခေါ်ပြီး...

Irritable Bowel Syndrome- IBS ( October, 2022)

အူလမ်းကြောင်း လှုပ်ရှားမှု မမှန်သောရောဂါ (Irritable bowel syndrome- IBS) အူလမ်းကြောင်း လှုပ်ရှားမှု မမှန်တဲ့ရောဂါ (IBS) က အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေထဲ အဖြစ်များတဲ့ရောဂါတခုဖြစ်ပါတယ်။ ဖြစ်ပြီဆိုရင်တော့ ဗိုက်ထဲကြွက်တက်သလိုပဲ ရစ်ရစ်နာ၊ ထိုးထိုးအောင့်တယ်၊ လေပွတယ်၊ ဗိုက်ကယ်တယ်၊ ၀မ်းပျက် သို့ ၀မ်းချုပ်တယ်။ ဒီရောဂါက...

Coeliac Disease အကြောင်းသိကောင်းစရာ (September, 2022)

Coeliac disease ဆိုတာ မျိုးရိုးလိုက်တဲ့ အူသိမ်ရောဂါတစ်မျိုးဖြစ်ပြီး အစားအသောက်မှာ ပါတဲ့ Gluten လို့ ခေါ်တဲ့ ပရိုတင်းနဲ့ ဓာတ်မတည့်တဲ့ ရောဂါတစ်မျိုးပါ။ Gluten ပရိုတင်းဟာ အူသိမ်ရဲ့ အတွင်းမျက်နှာပြင်ကို ပျက်စီးစေပြီး ပုံမှန် အူသိမ်မျက်နှာပြင်ရဲ့ ကတ္တီပါလို အမွေးနုနုကို ‌ပြင်ညီပြောင်ချောအဖြစ်သို့ ပြောင်းလဲစေပါတယ်။ အဲ့အခါမှာ...

အူရောင်ရမ်းခြင်းရောဂါ Inflammatory Bowel Disease (September, 2022)

အူရောင်ရမ်းခြင်းရောဂါ (Inflammatory Bowel Disease) ဆိုတာကတော့ နာတာရှည် အူလမ်းကြောင်းရောင်ရမ်းတဲ့‌ရောဂါ အထူးသဖြင့် အူသိမ်နှောင်းပိုင်းနဲ့ အူမကြီး ရောင်ရမ်းတဲ့ရောဂါကို ဆိုလိုတာဖြစ်ပါတယ်။ အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါကို Crohn’s diseaseနဲ့ ulcerative colitis (အူမကြီးရောင်ရမ်းနာ)ဆိုပြီး ၂မျိုး ခွဲခြားလို့ရပါတယ်။(တခြား အူရောင်စေတဲ့ရောဂါတွေလည်း အများကြီးရှိသေးပေမယ် အခုပိုစ့်မှာတော့ ဒီ ၂ခုကိုပဲ...

စားချဉ့်ပြန်ရောဂါ Gastro-Esophageal Reflux Disease ( GERD )( July, 2022 )

“ စားချဉ့်ပြန်ရောဂါ " “အမလေး ရင်ပူလိုက်တာ” လို့ လူတိုင်း ညည်းဖူးကြမယ်ထင်ပါတယ်။ ဒါပေါ့ မာလာရှမ်းကောတွေ၊ အာလူးကြော်တွေ၊ ပူပူလောင်လောင် ဟော့ပေါ့တွေစားပြီးရင် တစ်ခါတလေ ရင်ထဲပူစပ်ပူလောင်တာလိုလို၊ အောင့်တောင့်တောင့် ဖြစ်နေတာမျိုးလေ။ လူတိုင်းနီးပါး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အစာအိမ်ထဲကနေ အပူအစပ်တွေ၊ အက်ဆစ်တွေက အစာရေမျိုပြွန်အထိ ဆန်တက်လာလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်...

အူမကြီးကင်ဆာ Colorectal Carcinoma (July, 2022)

အူမကြီးကင်ဆာ အီအီးပါတဲ့အခါ စအိုကနေ ပါလို့မရဘဲ ၊ ဗိုက်မှာ အပေါက်ဖောက်ပြီး အဲ့ဒီ့အပေါက်ကနေတစ်ဆင့် မစင်တွေကို စွန့်ထုတ်နေရတဲ့လူနာတွေကို တွေ့ဖူးကြပါသလား ? အကြောင်းတစ်ခုခုကြောင့် အူပိတ်ပြီး ၊ ခွဲစိတ်ကုသပြီး ပြန်ဆက်ပေးဖို့လည်း မလွယ်တဲ့အခြေအနေတစ်ချို့မှာ အခုလိုပဲ ဗိုက်မှာအပေါက်ဖောက်ပြီး အူတွေကို ယာယီ (သို့) အမြဲတမ်းဖွင့်ထားရတာမျိုး ရှိတတ်ပါတယ်။ အူပိတ်စေတဲ့အကြောင်းခြင်းရာ အများကြီးရှိတဲ့အနက်...