See our latest stories

written by our lovely staff members

ငါးမျက်စိရောဂါအကြောင်း သိကောင်းစရာ Molluscum Contagiosum ( June,2022 )

ငါးမျက်စိရောဂါအကြောင်း သိကောင်းစရာ ငါးမျက်စိဆိုတာ အဖြစ်များပြီး ကူးစက်တတ်တဲ့ အရေပြားအဖုအလုံးကလေးတွေပါ။ ကလေးတွေရော လူကြီးတွေမှာပါ ဖြစ်နိုင်တဲ့ ဒီ ငါးမျက်စိလေးတွေအကြောင်း သိကောင်းစရာ ဗဟုသုတတွေကို ဆက်လက် ဖတ်ရှု လိုက်ရအောင်။ ❓ငါးမျက်စိဘာလို့ဖြစ်? ????ငါးမျက်စိ (Molluscum Contagiosum) ဟာ Poxvirus လို့ခေါ်ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ရပါတယ်။ ဒီဗိုင်းရပ်စ်ပိုးလေးတွေဟာ အရေပြား ထိခိုက်/...

မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ DVB Interview (Video)

မျောက်ကျောက်ရောဂါဟာ ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်ကူးစက်ပြန့်နှံ့ရာကနေ အခုဆိုရင် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကူးစက်သူစတင်တွေ့ရှိနေပါတယ်။ စစ်ကောင်စီက လေကြောင်းလိုင်းတွေ ပြန်ဖွင့်လိုက်တဲ့အတွက် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုတွေကနေတစ်ဆင့် မျောက်ကျောက်ရောဂါ ပြည်တွင်းကို ရောက်လာနိုင်တဲ့အတွက် ပြည်သူတွေ မပေါ့ဆဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ ဒါနဲ့ပက်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနအကြံပေး ပါမောက္ခ...

ခရုသင်း/သမင်ဖြူ အကြောင်း သိကောင်းစရာ Vitiligo ( June, 2022 )

“ခရုသင်း/သမင်ဖြူ အကြောင်း သိကောင်းစရာ (Vitiligo)” ခရုသင်း/ သမင်ဖြူ (Vitiligo) ဆိုတာ မကူးစက်တတ်တဲ့ အရေပြားရောဂါတစ်ခုပါ။ အမြင်အားဖြင့် ခန္ဓာကိုယ် အရေပြားပေါ်မှာ အဖြူအကွက်တွေ ဖြစ်ပေါ်လာတယ်ထင်ရပေမယ့် အမှန်က ဒီအကွက်လိုက် အကွက်လိုက် ဖြူနေတဲ့ အဆိုပါ ခရုသင်းကွက်နေရာလေးတွေဟာ ပုံမှန်ရှိရမယ့် အသားအရောင် ရောင်ခြယ် ဆုံးရှုံးနေတဲ့...

နှင်းခူ အကြောင်းသိကောင်းစရာ Eczema/ Atopic Dermatitis( June, 2022 )

“နှင်းခူ အကြောင်းသိကောင်းစရာ (Eczema/ Atopic Dermatitis)” နှင်းခူဆိုတာ အရေပြားနီရဲယားယံရောင်ရမ်းတဲ့ အခြေအနေတစ်ခုပါ။ ကလေးငယ်တွေသာမက အရွယ်ရောက်ပြီးသူတွေပါမကျန် အဖြစ်များလှတဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ ❓နှင်းခူဘာလို့ဖြစ်ရတာပါလဲ? ????အရေပြားဓာတ်မတည့်မှုဖြစ်လို့ အရေပြားရောင်ရမ်းရတာဖြစ်ပါတယ်။ သဲ၊ ဖုန်မှုန့်၊ ဓာတ်မတည့်တဲ့ ဆပ်ပြာ၊ အစွန်းချွတ်ပစ္စည်းတွေ၊ တိရစ္ဆာန်အမွှေးတွေနဲ့ထိတွေ့မိတာ၊ အရေပြားကို ကြမ်းရှပွတ်တိုက်မှုဖြစ်စေတဲ့ အဝတ်အစားတွေဝတ်တာက အရေပြားရောင်ရမ်းတာကို ပိုမိုဆိုးရွားစေပါတယ်။ ????နှင်းခူဟာ...

ခြေကျင်း၀တ်လည်ခြင်း/ခေါက်ခြင်း Sprained ankle( June, 2022 )

"Sprained ankle" ခြေကျင်း၀တ်လည်ခြင်း/ခေါက်ခြင်း ❓ဘာကို ခြေကျင်း၀တ်ခေါက်ခြင်း (Sprained ankle) လို့ခေါ်ပါသလဲ? ????ခြေကျင်း၀တ်နားမှာ တွယ်ဆက်ထားတဲ့ အရွတ်ပြားတွေဒဏ်ဖြစ်ခြင်းကို​ sprained ankle လို့ခေါ်ခြင်းဖြစ်ပါတယ်။ အရွတ်ပြားရဲ့ အမျှင်တွေကို စွဲဖြဲသကဲ့သို့ တင်းလာပြီး ပြတ်ထွက်ခြင်းနဲ့ အတွင်းထဲ သွေးစီးယိုထွက်ခြင်းတို့ကို ထပ်ဆင့် ဖြစ်နိုင်ပါတယ်။ ရရှိလာတဲ့ဒဏ်ပေါ်မူတည်ပြီး အနည်းငယ်စုတ်ပြဲခြင်းနဲ့ အရွတ်ပြားတစ်ခုလုံးနီးပါးစုတ်ပြဲခြင်း...

ကြွက်နို့အကြောင်း သိကောင်းစရာ Warts ( June, 2022 )

ကြွက်နို့အကြောင်း သိကောင်းစရာ (Warts) ကြွက်နို့ဆိုတာ Human Papillomavirus ​(HPV ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတဲ့ ​ခန္ဓာကိုယ်ခြေလက်အနှံ့နဲ့ လိင်အင်္ဂါတစ်ဝိုက်ပါမကျန်ဖြစ်ပွားတဲ့ အရေပြားရောဂါတစ်ခုပါ။ ❓ကြွက်နို့ဘာလို့ဖြစ် ကြွက်နို့ဟာ Human Papillomavirus (HPV ဗိုင်းရပ်စ်)ကြောင့်ဖြစ်ရတယ်။ HPV ဗိုင်းရပ်စ်မျိုးကွဲပေါင်း ရာနဲ့ချီရှိတဲ့အနက် ဖြစ်ပွားတဲ့ခန္ဓာကိုယ်နေရာနဲ့ ကြွက်နို့အမျိုးအစားပေါ်မူတည်ပြီး HPV ဗိုင်းရပ်စ် အမျိုးအစားကွဲတွေလည်း မတူတတ်ကြပါဘူး။...

G6PD ချို့တဲ့ခြင်းအကြောင်း သိကောင်းစရာ “ G6PD Deficiency” ( June, 2022 )

G6PD ချို့တဲ့ခြင်းအကြောင်း သိကောင်းစရာ (G6PD Deficiency) ❓ G6PD ချို့တဲ့တယ်ဆိုတာ ဘာလဲ G6PD ဆိုတာ Glucose-6-Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်းတစ်မျိုးပါ။ G6PD အင်ဇိုင်းဟာ ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ သွေးနီဥတွေရဲ့ လုပ်ငန်းဆောင်တာတွေအတွက် လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်တဲ့ဖြစ်စဥ်မှာပါဝင်ပြီး ၊ သွေးနီဥတွေကိုအလွယ်တကူ မပြိုကွဲမပျက်စီးအောင် ကာကွယ်ပေးထားတဲ့...

နာတာရှည် လေပြွန်ကျဉ်းခြင်း Chronic Obstructive Pulmonary Disease ( COPD ) ( June, 2022 )

နာတာရှည် လေပြွန်ကျဉ်းခြင်း (COPD) ????ဆေးလိပ်ကို တစ်နေ့တစ်နေ့အလိပ်ပေါင်းများစွာ၊ နှစ်ရှည်သောက်ခဲ့ပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေပြီဆိုရင်တော့ နာတာရှည်လေပြွန်ကျဉ်းနေပြီလား ဆိုပြီးစဉ်းစားရပါတယ် ????ဆေးလိပ်က အသက်ရှူလမ်းကြောင်းကို ဘယ်လိုထိခိုက်စေလဲဆိုရင်... - လေပြွန်ကိုထိခိုက်စေကာ ရောင်ရမ်းစေခြင်း- လေပြွန်အတွင်းအချွဲ(mucous)များစွာထွက်စေခြင်း- နောက်ပိုင်းတွင် လေပြွန်ကျဥ်းသွားခြင်း- အဆုတ်အတွင်းရှိ လေအိတ်များ ပျက်စီးစေခြင်းတို့ဖြစ်စေပါတယ်။ ????ဆေးလိပ်အပြင်- ခြင်ဆေး၊ အမွှေးတိုင်က အငွေ့တွေ- သစ်ရွက်/ အမှိုက်မီးရှို့တဲ့အခါထွက်လာတဲ့ မီးခိုးငွေ့တွေ-...