See our latest stories

written by our lovely staff members

ကလေးများ အကြားအာရုံချို့ယွင်းခြင်း Hearing Problem in Children ( July, 2022)

ကလေးများ အကြားအာရုံချို့ယွင်းခြင်း ချစ်ရတဲ့ရင်သွေးငယ်‌တွေမှာ မွေးရာပါ (သို့) အကြောင်းတစ်ခုခုကြောင့် အကြားအာရုံဆုံးရှုံးတဲ့ ပြဿနာကို ကြုံတွေ့ရမယ်ဆိုရင် ဒါဟာမိဘတွေ အတွက် အတော်လေးကိုချောက်ချားစရာကိစ္စပါ။ မွေးရာပါဖြစ်လာတဲ့ပြဿနာအပြင် တချို့ကျ ကလေးမှာအဖြစ်များတဲ့ မကြာခဏနားပိုးဝင်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ နားပြွန်ချောင်းအလယ်မှာ အရည်ပိတ်ဆို့ရင်းက‌နေ နားမကြားပြဿနာပါ ဆက်ဖြစ်တတ်တဲ့အတွက် မိဘတွေအနေနဲ့ ဒါကို ဂရုပြုသင့် သိထားသင့်ပါတယ်။ ဒါပေမယ့် အရမ်းတော့စိတ်မပူစေချင်တာက ဒီလိုပြဿနာကြုံလာရပြီဆိုလည်း...

မြင်းခွာပုံ ကျောက်ကပ် Horse Shoe Kidney( July, 2022 )

မြင်းခွာပုံ ကျောက်ကပ် ( Horse shoe kidney ) ကျောက်ကပ်၏အလုပ်? ကျောက်ကပ်သည် သွေးအတွင်းရှိ စွန့်ပစ်ရမည့်ပစ္စည်းများကို စွန့်ပစ် ၊ ပြန်စုပ်ယူရမည်တို့ကို ပြန်စုပ်ပေးပါသည်။ ခန္တာကိုယ်အတွက် အရေးပါသော ဓာတ်များကို ထိန်းညှိပေးပါသည်။ ခန္တာကိုယ်အတွက် မလိုအပ်တော့သည့်ရေနှင့်အညစ်အကြေးတို့ကို ဖယ်ရှားသန့်စင်ပေးပါသည်။ မြင်းခွာပုံကျောက်ကပ်ဆိုတာ ဘာလဲ? မြင်းခွာပုံကျောက်ကပ်ဆိုသည်မှာ မွေးရာပါရောဂါတစ်မျိုး ဖြစ်ပါသည်။...

စားချဉ့်ပြန်ရောဂါ Gastro-Esophageal Reflux Disease ( GERD )( July, 2022 )

“ စားချဉ့်ပြန်ရောဂါ " “အမလေး ရင်ပူလိုက်တာ” လို့ လူတိုင်း ညည်းဖူးကြမယ်ထင်ပါတယ်။ ဒါပေါ့ မာလာရှမ်းကောတွေ၊ အာလူးကြော်တွေ၊ ပူပူလောင်လောင် ဟော့ပေါ့တွေစားပြီးရင် တစ်ခါတလေ ရင်ထဲပူစပ်ပူလောင်တာလိုလို၊ အောင့်တောင့်တောင့် ဖြစ်နေတာမျိုးလေ။ လူတိုင်းနီးပါး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အစာအိမ်ထဲကနေ အပူအစပ်တွေ၊ အက်ဆစ်တွေက အစာရေမျိုပြွန်အထိ ဆန်တက်လာလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်...

ရာသီလာခါနီး အပြောင်းအလဲဖြစ်စဉ်များ Premenstrual Syndrome ( July, 2022 )

ရာသီလာခါနီး အပြောင်းအလဲဖြစ်စဉ်များ “ဒီနေ့ ဘာလုပ်လုပ် စိတ်မကြည်ဘူး။ စိတ်ဆတ်နေတယ်။ အလုပ်လုပ်တာလည်း အာရုံမစူးစိုက်နိုင်ဘူး။ အချိုတွေပဲ စားချင်နေတယ်။ ငိုပဲငိုချင်နေတယ်။” အမျိုးသမီးတွေအနေနဲ့ တစ်လမှာတစ်ခါလောက်တော့ ဒါမျိုး လက္ခဏာတွေ ကြုံဖူးကြမှာပေါ့။ ဒါတွေက ဘယ်အချိန်မှာ ဖြစ်တတ်လဲဆိုတာ ဗေဒင်မေးစရာတောင် မလိုပါဘူး။ သေချာပေါက် ဓမ္မတာမလာခင်ရက်တွေပဲပေါ့။ ဒါကို PMS လို့ခေါ်ကြတာကို...

အော်တစ်ဇင် ကလေးငယ်များ Autism Spectrum Disorder( July, 2022)

အော်တစ်ဇင် ကလေးငယ်များ အားလုံးပဲ မိမိပတ်ဝန်းကျင်မှာ အော်တဇင်လို့ ပြောပြောနေတဲ့ ရောဂါတစ်ခုအကြောင်းကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီနေ့မှာတော့ တော်တော်များများ အမေးများနေကြတဲ့ autism spectrum disorder လေးအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Autism Spectrum disorder (ASD) ဆိုတာ ဘာလဲ? • ASD ဆိုတာကတော့ ဖွံ့ဖြိုးမှုနဲ့သက်ဆိုင်တဲ့...

ခွေးရူးရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းလေးတွေ Q&A Session about Rabies ( July, 2022)

အရင်တစ်ခေါက်က ခွေးရူးရောဂါနဲ့ ပတ်သက်ပြီး ပြောပြပေးသွားပြီဆိုတော့ ဒီနေ့မှာတော့ ခွေးရူးရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းလေးတွေ ဗဟုသုတအဖြစ် ဖြေကြားပေးသွားမှာပဲ ဖြစ်ပါတယ်။ မိမိအိမ်မှာ ခွေးလေးတွေ၊ကြောင်လေးတွေ မွေးထားတဲ့ ခွေးချစ်သူ ကြောင်ချစ်သူများအနေနဲ့လည်း သိသင့်သိထိုက်တာလေးတွေ သိထားရင် ခွေးရူးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်လို့ ရထားနိုင်တာပေါ့။ မေး : ခွေးကိုက်ခံရတာနဲ့ ခွေးရူးပြန်ရောဂါဖြစ်နိုင်လား?ဖြေ...

အံဆုံးကပေးတဲ့ ဝေဒနာများ ( July, 2022 )

" အံဆုံးကပေးတဲ့ ဝေဒနာများ " “ အံဆုံးပေါက်နေလို့ နာလိုက်တာ၊ ဘာမှတောင်မစားနိုင်ဘူး” လို့ ညည်းညူသံတွေကို ကြားဖူးပါသလား? အံဆုံးသွားဆိုတာ ဘယ်နေရာက သွား ကိုခေါ်တာလဲ၊ဘယ်အရွယ်မှာပေါက်တတ်လဲ၊ အန္တရာယ်ရှိပြီး နှုတ်ပစ်ဖို့လိုလား...အစရှိတဲ့ အကြောင်းအရာတွေကို ပြောပြပေးချင်ပါတယ်။ အံဆုံး (Wisdom tooth) ဆိုတဲ့ နာမည်အတိုင်း အံသွားတွေရဲ့ နောက်ဆုံးမှာ...

“ဆီးချိုခြေထောက်နာရောဂါ” Diabetes Foot ( July, 2022 )

သင့်မှာ ဆီးချိုရောဂါရှိတယ်ဆို “ဆီးချိုခြေထောက်နာရောဂါ” မဖြစ်စေရန် ယနေ့မှစ၍ ကာကွယ်ပါ ဆီးချိုရောဂါဟာ ခြေထောက်အာရုံကြောများကို ထိခိုက်ပျက်စီးစေပြီး အပူ၊ အအေး၊ အထိအတွေ့၊နာကျင်မှု ခံစားနိုင်စွမ်းကို လျော့နည်းစေပါတယ်။ ရောဂါပိုးဝင်၍ဖြစ်စေ၊ အခြားအကြောင်းရင်းကြောင့်ဖြစ်စေ ဒဏ်ရာအနာတရဖြစ်လွယ်စေပါတယ်။ ဒါ့ကြောင့် နောက်ဆက်တွဲအနေနဲ့ • ခြေဖဝါးမှာ အသားမာတက်ခြင်း/အသားမာအစိုင်အခဲဖြစ်လာခြင်း• ခြေသည်း ပိုးဝင်ပြီး ရောင်ရမ်းပြည်တည်နာဖြစ်ခြင်း• ခြေသည်း...