See our latest stories

written by our lovely staff members

Pruritus Ani (စအိုဝယားယံခြင်း) (December, 2022)

စအိုဝယားယံခြင်း (Pruritus ani) ဒီတစ်ခေါက်အကြောင်းအရာကို ခေါင်းစဉ်ရွေးရတာ အင်မတန်ခေါင်းစားလှပါတယ်... အရပ်အခေါ် “ဖင်ယားယံခြင်း” ဆိုလည်း ဖတ်ရတစ်မျိုးဖြစ်သလို....“ဖင်ကလေးဖြင့်မယားစေချင်” ဒါမှမဟုတ် “ဖင်ကလေးမယားရလေအောင်” စသည် ပေးဖို့တွေးမိပြန်တော့ ကိုယ်တိုင် တခွိခွိရယ်မိပြန်ရော... ဒါနဲ့ မဖြစ်သေးပါဘူးဆိုပြီး နောက်ဆုံးတော့ “စအိုဝယားယံခြင်း” လို့ပဲ မပေးမဖြစ် ရိုးရိုးကလေးပေးလိုက်ရပါတော့တယ်  စအိုဝယားယံခြင်းဆိုတာ - စအိုတစ်ဝိုက်က အရေပြားယားယံခြင်း ဖြစ်ပါတယ်။...

Benign Prostatic Hypertrophy (ဆီးကျိတ်ကြီးခြင်း) ( December, 2022)

ဆီးကျိတ်ကြီးခြင်း (Benign prostatic hyperplasia) ဆီးကျိတ်ဆိုတာ အမျိုးသားတွေမှာပါရှိတဲ့ သစ်ကြားသီးအရွယ် အင်္ဂါလေးပါ။ ဆီးအိမ်အပေါက်ဝနားနဲ့ ဆီးစွန့်ပြွန်ရဲ့ပထမဆုံး (၂.၅) စင်တီမီတာလောက်ကို ငုံပြီးရှိနေတာပါ။ အသက်ကြီးလာတာနဲ့အမျှ အမျိုးသားတွေမှာ ဆီးကျိတ်နဲ့ပတ်သတ်တဲ့ရောဂါပေါင်းစုံ ဖြစ်လာတတ်ပါတယ်။ ဆီးကျိတ်ကြီးတာလည်း အဖြစ်များတဲ့ဆီးကျိတ်ရောဂါတွေထဲက တစ်ခုပါ။ ဘယ်အသက်အရွယ်မှာ အဖြစ်များသလဲ ? ဆီးကျိတ်ကြီးတာက အသက်(၄၅)နှစ်နဲ့အထက်အမျိုးသားတွေမှာ အဖြစ်များကြပါတယ်။အသက်(၅၀)မတိုင်ခင်အထိတော့ ရောဂါလက္ခဏာဆိုးလာတာ...

Fordyce Spots အကြောင်းသိကောင်းစရာ (December, 2022)

" ဆယ်ကျော်သက်တွေမှာ ဖြစ်တတ်တဲ့ Fordyce spots (or) Fordyce granules " Fordyce spots ဆိုတာ အမွှေးအမျှင်မရှိတဲ့ အရေပြားနေရာက အဆီဂလင်းလေးတွေ ကြီးလာပြီး အဖြူရောင် (သို့) အဝါရောင်အစက်အပြောက်အဖုလေးတွေ ပေါ်လာခြင်းဖြစ်ပါတယ်။ ပျိုဖော်ဝင်ချိန်နဲ့ အရွယ်ရောက်ပြီးသူတွေမှာ တွေ့ရတတ်ပြီး နှုတ်ခမ်း၊ ပါးစောင်အတွင်းနဲ့...

Chronic Tonsilitis (နာတာရှည်အာသီးရောင်ခြင်း) ( December, 2022)

"နာတာရှည်အာသီးရောင်ခြင်း (Chronic tonsilitis)" အာသီးရောင်ခြင်းသည် ရက်ရှည်ဖြစ်နေလျှင် ( ယေဘုယျအားဖြင့်၂ ပတ် ) ကျော်လာလျှင် chronic tonsillitis ဟု သတ်မှတ်ပါသည်။ ဖြစ်စေသော အကြောင်းအရင်းများ – cytomegalovirus, herpes simplex, Epstein-Barr ကဲ့သို့သော ဗိုင်းရပ်စ်ပိုးများ – Streptococcus ဘက်တီးရီးယားပိုးများကြောင့် အာသီးရောင်တတ်ပါသည်။ ကလေးများတွင် ပိုဖြစ်တတ်သော်လည်း...

Heel Spur (ခြေဖနောင့်အတက်ထွက်ခြင်း) (December, 2022)

ခြေဖနောင့်အတက်ထွက်ခြင်း(Heel Spur) ခြေဖနောင့်အတက်ထွက်တယ်ဆိုတာခြေဖဝါးအရိုးအောက်မှာ ကယ်လ်ဆီယမ်လေးတွေစုပြီး အရိုးအတက်လေးထွက်လာတာပါ။ အရိုးအတက်ကလက်မဝက်လောက်အထိရှည်ထွက်နိုင်ပါတယ်။ လက္ခဏာများတွေအနေနဲ့ ​ခြေဖနောင့်အောက်နဲ့အနောက်မှာ... - နာခြင်း - ရောင်ခြင်း - ခြေဖမိုးဖောင်းလာခြင်း - နာ၊ရောင်နေသောနေရာပူနေခြင်း - ခြေဖဝါးတစ်ခုလုံးနာနေခြင်း - ဖနောင့်အနောက်(သို့)အောက်တွင်အတက်ကလေးစမ်းမိခြင်းတို့ ဖြစ်နိုင်ပါတယ်။ ခြေဖနောင့်အတက်က တစ်ခါတစ်ရံမှာ လက္ခဏာမပြဘဲလည်းရှိနေတတ်ပါတယ်။ ခြေဖနောင့်ခဏခဏနာနေရင် မပေါ့ဆသင့်ပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီးX ray ရိုက်ရင်တော့ မြင်ရနိုင်ပါတယ်။...... "ခြေဖနောင့်အတက်ထွက်စေသောအချက်များ" ခြေဖနောင့်အတက်ထွက်တာက ခဏနဲ့ချက်ချင်းထဖြစ်တဲ့အခြေအနေမဟုတ်ပါဘူး။ ရေရှည်ကြွက်သားနဲ့အရွတ်တွေ ဒဏ်ပိခြင်း၊...

Dementia ( သတိမေ့ရောဂါ) ( December, 2022)

ကိုယ့်ရဲ့မိသားစုထဲက အသက်ကြီးကြီး လူကြီးသူမတွေ မှတ်ဉာဏ်မကောင်းတာ၊ မှတ်ဉာဏ်တွေ မေ့လျော့လာတာကို ကြုံဖူး၊တွေ့ဖူးကြမှာပါ။ ဒါဟာ Dementiaရောဂါလက္ခဏာပဲ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်တဲ့သူဟာဆိုရင် သူ့ရဲ့ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ စိတ်တွေရှုပ်ထွေးလာမယ်။ မေ့တတ်လာမယ်။ ဒါကြောင့် အပြင်လောကကြီးနဲ့ အဆက်အသွယ်ပြတ်တောက်သွားမယ်။ ဒီရောဂါဟာ အသက် ၆၅နှစ်အောက်မှာ ဖြစ်တတ်တာရှားပြီးတော့ အသက်၈၀နဲ့အထက်တွေမှာ အဖြစ်များပါတယ်။ Dementiaရောဂါဟာ ဖြည်းဖြည်းချင်း...

Cocaine (ကိုကင်း)ဆိုတာ ဘာလဲ (November, 2022)

Cocaine (ကိုကင်း)ဆိုတာ ဘာလဲ Cocaine သည် Erythroxylum coca အမည်ရ ချုံပင်တစ်မျိုးမှရရှိသော စိတ်ကြွရူးသွပ်ဆေးတစ်မျိုးဖြစ်သလို ထုံဆေးတစ်မျိုးလည်း ဖြစ်ပါသည်။ ဤအပင်ကို ဘိုလီဗီးယား၊ ပီရူး ကဲ့သို့သော တောင်အမေရိကတိုက်နိုင်ငံများတွင် ကျယ်ပြန့်စွာ စိုက်ပျိုးလျက် ရှိပါသည်။ ဆေးပညာလောကတွင် အလွန်အကျိုးရှိသော ထုံဆေးတစ်မျိုးအဖြစ် အသုံးပြုလျက်ရှိသော်လည်း ၎င်း၏ အန္တရာယ်ရှိသော အကျိုးသက်ရောက်မှုများကြောင့်...

Fistula in Ano (ဂရင်ဂျီနာ) (November, 2022)

ဂရင်ဂျီနာ (Fistula in ano) ဂရင်ဂျီနာဆိုတာဘာလဲ ဂရင်ဂျီနာဆိုတာ စအိုအနားတစ်ဝိုက်ကအရေပြားနဲ့ စအိုလမ်းကြောင်းဆက်ပြီး မူမမှန်တဲ့လမ်းကြောင်းအနာဖြစ်နေတာကို ခေါ်တာပါ။ စအိုဘေးနားမှာအပေါက်လေးတစ်ပေါက် (သို့) အပေါက်များတွေ့ရတတ်ပါတယ်။ ဂရင်ဂျီနာဖြစ်စေသောအကြောင်းရင်း... - စအိုလမ်းကြောင်းတွင်ပြည်တည်ပြီး ပြည်တည်နာကိုမကုဘဲထားခြင်း။(အဖြစ်များဆုံးအကြောင်းရင်း) - စအို (သို့) စအိုတစ်ဝိုက် ခွဲစိတ်ခြင်း၏နောက်ဆက်တွဲဆိုးကျိုး - တီဘီရောဂါရှိသူများ - Crohn's disease ရှိသူများ - လိင်မှတစ်ဆင့်ကူးစက်သော ရောဂါရှိသူများတွင်လည်း တွေ့ရတတ်သည်။ ရောဂါလက္ခဏာများ -...