See our latest stories

written by our lovely staff members

ကြမ်းပိုး Bedbugs (September,2023)

Bedbugs ကို အနီးစပ်ဆုံး မြန်မာမှုပြုပြီးဘာသာပြန်ရင်တော့ ကြမ်းပိုးလို့လည်း ခေါ်ပါတယ်။ Bedbugs တွေက တစ်ခြားအင်းဆက်တွေလို ရောဂါပိုး သယ်ဆောင်ခြင်း၊ ဖြန့်ဝေခြင်း မလုပ်နိုင်ပေမယ့် အကိုက်ခံရရင်တော့ severe reaction တွေအထိ ရနိုင်ပါတယ်။ ???? Bedbugs တွေကို ဘယ်လိုနေရာတွေမှာ အများစုတွေ့ရတတ်လဲဆိုရင် အိပ်ရာခင်း၊ မွေ့ရာကြားတွေ၊...

လည်ပင်းကျီးပေါင်း Cervical Spondylosis (September,2023)

"လည်ပင်းကျီးပေါင်း (Cervical Spondylosis)" လူတော်တော်များများ ကြားဖူးနားဝရှိကြတဲ့ လည်ပင်းကျီးပေါင်းဆိုတာဟာ တကယ်တော့ အသက်အရွယ်အရ ဖြစ်ပေါ်လာတဲ့ အရိုးနဲ့အရွတ်အချို့ ထိခိုက်ပျက်စီးလာတဲ့ ရောဂါတစ်မျိုး (Degenerative disease) ဖြစ်ပြီး အဓိကအားဖြင့် လည်ပင်းနားတစ်ဝိုက်မှာ နာကျင်တောင့်တင်းမှုကို ခံစားရလေ့ ရှိပါတယ်။ . ???? ရောဂါဖြစ်ပေါ်လာပုံ အသက်အရွယ်ရလာတာနဲ့အမျှ ကျောရိုးဆစ်တွေကြားမှာရှိတဲ့ (intervertebral disc) လို့ခေါ်တဲ့...

ငှက်ဖျားရောဂါ လက္ခဏာများ Malaria Symptoms in Ethnic Languages (September,2023)

ဒီအပတ်မှာတော့ အဖြစ်များသော ငှက်ဖျားရောဂါ လက္ခဏာများကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ငှက်ဖျားရောဂါအဖြစ်များသော ဒေသတွင် နေထိုင်သူဖြစ်ပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အားနည်းခြင်း၊ တုပ်ကွေးကဲ့သို့ အခြားရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဝန်ထမ်း သို့မဟုတ် တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းနှင့် တိုင်ပင်ကုသသင့်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း...

ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ (September,2023)

"ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ" ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ထိတတ်တယ်ဆိုတာ လူတိုင်းနီးပါး ကြားဖူးကြပါလိမ့်မယ်။ ဒီနေ့မှာတော့ ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာလေးတွေနဲ့ ကာကွယ်ကုသနည်းများကို မျှဝေချင်ပါတယ်။ ကျောက်ကပ်တွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါ။ သူတို့ရဲ့ အဓိက လုပ်ငန်းဆောင်တာတွေကတော့ ခန္ဓာကိုယ်ရဲ့ ဆီးဖြစ်မယ့် အရည်တွေထဲက လိုတာတွေကို စစ်ယူပြီး...

ပန်းသေပန်းညှိုးခြင်းအကြောင်း သိမှတ်စရာ Impotence (August,2023)

"အမျိုးသားများ ပန်းသေပန်းညှိုးခြင်းအကြောင်း သိမှတ်စရာ (Impotence)" ပန်းသေပန်းညှိုးခြင်းဆိုတာ အမျိုးသားတစ်ဦးက လိင်တံကို မထောင်မတ်နိုင်ခြင်း၊ မစွမ်းဆောင်နိုင်ခြင်းကို ခေါ်ပါတယ်။ Erectile dysfunction လို့လည်း ခေါ်ကြပြီး၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းအမျိုးမျိုးကြောင့် မစွမ်းဆောင်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို ပန်းသေပန်းညှိုးခြင်းဟာ လူတစ်ဦးရဲ့ လိင်ဆက်ဆံတဲ့အခါ စိတ်ကျေနပ်မှုကို သက်ရောက်မှုဖြစ်စေပါတယ်။ အသက်အရွယ်မရွေး...

Depression (Video)(August,2023)

"မပေါ့ဆဘဲ သတိပြုသင့်တဲ့ စိတ်ကျရောဂါ" ဒီကာလမှာ " စိတ်ဓာတ်ကျတယ်" "ဒီပရက်ရှင်၀င်တယ်" ဆိုတဲ့ စကားလုံးတွေဟာ ဒုတိယအသုံးအများဆုံး စကားလုံးတွေဖြစ်မယ်ထင်ပါတယ်။ ဒီလိုခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေကို ဖြတ်ကျော်နေရတဲ့အချိန်မှာ စိတ်ဓာတ်ကျတဲ့ခံစားချက်တွေ တခါတရံခံစားရနိုင်ပါတယ်။ စိတ်ဓာတ်ကျတိုင်း စိတ်ကျရောဂါလား၊ စိတ်ကျရောဂါလို့ ဘယ်လိုအချက်တွေကို မူတည်ပြီးသတ်မှတ်နိုင်သလဲ၊ ဘယ်လိုလက္ခဏာတွေခံစားနေရပြီဆိုရင် စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာအကူအညီတွေလိုအပ်သလဲ၊ စတဲ့စိတ်၀င်စားဖွယ်အကြောင်းအရာတွေကို ဒေါက်တာပန်ပန်က...

“ မဖြစ်မနေ သိရှိထားသင့်တဲ့ သွေးတွင်းအဆီဓာတ်တွေအကြောင်း (Cholesterol & Triglycerides)” (August,2023)

"မဖြစ်မနေ သိရှိထားသင့်တဲ့ သွေးတွင်းအဆီဓာတ်တွေအကြောင်း (Cholesterol & Triglycerides)" Cholesterol ဆိုတာ ခန္ဓာကိုယ်က ထုတ်လုပ်တဲ့ အဆီတစ်မျိုးပါ။ ခန္ဓာကိုယ်အတွင်းမှာ အသည်းဟာ အဆီကို အများဆုံးထုတ်လုပ်တဲ့နေရာ ဖြစ်ပြီး၊ ပုံမှန်ကျန်းမာနေဖို့အတွက် ကိုလက်စရော အနည်းငယ်တော့ လိုအပ်ပါတယ်။ . ????ကိုလက်စရော အမျိုးမျိုး ကိုလက်စရောတွေဟာ သွေးထဲမှာဖြတ်သန်းရတဲ့အခါ သူတို့ကိုသယ်ပေးတဲ့ ပရိုတင်းလေးတွေနဲ့ တွဲပြီး...

လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သော ဆီးပူညောင်းကျ ဂနိုရောဂါ Gonorrhea (August,2023)

"လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သော ဆီးပူညောင်းကျရောဂါ (Gonorrhoea)" ဆီးပူညောင်းကျရောဂါ (Gonorrhea) ဆိုတာ အဖြစ်များတဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး (STI) ဖြစ်ပါတယ်။ အစောပိုင်းလက္ခဏာတွေအနေနဲ့ ဆီးသွားတဲ့အခါ နာကျင်ခြင်းနဲ့ လိင်အင်္ဂါမှ အဖြူရောင်၊ အစိမ်းရောင် (သို့မဟုတ်) အဝါရောင် အရည်ဆင်းခြင်းများ ပါဝင်ပြီး တစ်ခါတစ်ရံ ရောဂါလက္ခဏာ မပြနိုင်ပါ။ ရောဂါကူးစက်ခံရပါက...