အမျိုးသားကနေ အမျိုးသမီးဘဝကိုပြောင်းထားတဲ့ လိင်ပြောင်းအမျိုးသမီး (Transgender) တွေဟာ ရာသီလာနိုင်လား ????

လိင်ပြောင်းအမျိုးသမီး (Transgender) တွေဟာ ပုံမှန်အမျိုးသမီးတွေလို ရာသီလာတာကို မခံစားရပါဘူး။ ရာသီလာတယ်ဆိုတာဟာ မီးယပ်ရာသီစက်ဝန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဲဒီအချိန်မှာ သားအိမ်တွင်းနံရံမှာရှိတဲ့သွေးတွေ ထွက်သွားတာဖြစ်ပါတယ်။ သားအိမ်နဲ့သားဥအိမ် မရှိသူတွေဟာ ရာသီသွေးမဆင်းပါဘူး။

ဒါပေမယ့် လိင်ပြောင်းအမျိုးသမီးတွေဟာ ဟော်မုန်းကုထုံးတွေ ယူရတတ်ပြီး ဟော်မုန်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရာသီလာခါနီး ခံစားရတတ်တဲ့လက္ခဏာစု Premenstrual Syndrome (PMS) နဲ့ Premenstrual dysphoric disorder (PMDD) ဆိုတဲ့ လက္ခဏာတွေကိုတော့ ခံစားရတတ်ပါတယ်။

PMDD ဆိုတာ PMS နဲ့ ဆင်တူပြီး ရောဂါလက္ခဏာတွေကတော့ ပိုမိုပြင်းထန်နိုင်ပါတယ်။

လိင်ပြောင်းအမျိုးသမီးတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ လိင်ပြောင်းကုသမှု ခံယူကြပြီး အသုံးများတဲ့ နည်းလမ်းကတော့ ဟော်မုန်းကုထုံးပဲ ဖြစ်ပါတယ်။

ဟော်မုန်းကုထုံးမှာ သောက်ဆေးအပြင် ထိုးဆေးတွေရှိပြီး Estrogen, Progesterone စတာတွေကို သုံးလေ့ရှိပါတယ်။ Progesterone အစား Spironolactone ကိုလည်း အသုံးများပါတယ်။

ဟော်မုန်းကုထုံးတွေဟာ ခန္ဓာကိုယ်ရဲ့ အဆီဖြန့်ဝေပုံကို ပြောင်းလဲပေးပြီး ရင်သားကြီးထွားမှုကို မြှင့်တင်ပေးသလို အမျိုးသားတွေရဲ့ ခန္ဓာကိုယ်အမွှေးအမျှင်ပုံစံတွေကိုလည်း နည်းစေပါတယ်။ ဒါပေမယ့် ဟော်မုန်းဆေးတွေဟာ ခန္ဓာကိုယ်မှာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် လိင်ပြောင်းအမျိုးသမီးတွေဟာ ရာသီသွေး မဆင်းပေမယ့်လည်း ရင်သားတွေတင်းတာ၊ စိတ်အပြောင်းအလဲမြန်တာနဲ့ စိတ်တိုတာ စတဲ့ PMS လက္ခဏာတွေကို ခံစားရနိုင်တာပါ။

????ဘယ်လိုကြုံတွေ့ခံစားရလဲ

လိင်ပြောင်းအမျိုးသမီးတွေဟာ PMS နဲ့ PMDD လို ရောဂါလက္ခဏာတွေကို လစဉ်တစ်ချိန်တည်းမှာ ခံစားရတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း လိင်ပြောင်းကျန်းမာရေးကို သုတေသီ‌တွေက သေချာမလေ့လာဖြစ်ခဲ့ကြပါဘူး။ တချို့လိင်ပြောင်းအမျိုးသမီးတွေဟာ အခြားသူတွေထက် Estrogen ဟော်မုန်းကို ပိုမိုတုံ့ပြန်တတ်ကြပါတယ်။ အဲလိုကနေ PMDD လက္ခဏာတွေကို ပိုပြီးခံစားရတတ်ပါတယ်။

(၁) စိတ်ပိုင်းဆိုင်ရာလက္ခဏာများ

လိင်ပြောင်းအမျိုးသမီးတချို့ဟာ PMS နဲ့ ဆင်တူတဲ့ အောက်ဖော်ပြပါ စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေကို ခံစားရတတ်ပါတယ်။

– စိတ်တိုခြင်း

– ပင်ပန်းနွမ်းနယ်ခြင်း

– အလွန်အကျွံအိပ်စက်ခြင်း သို့မဟုတ် အိပ်မပျော်ခြင်း

– အစာစားချင်စိတ် ပြောင်းလဲခြင်း

– စိုးရိမ်ပူပန်ခြင်း

– စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း

– လိင်ကိစ္စကို စိတ်ဝင်စားမှုနည်းခြင်းတို့အပြင်

– Progesterone နဲ့ Estrogen နှစ်မျိုးလုံးကြောင့် စိတ်တိုဒေါသထွက်ခြင်းနဲ့ စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

.

(၂) ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ

– ရင်သားရောင်ရမ်းနာကျင်ခြင်း

– လေပွခြင်း

– ကြွက်တက်ခြင်း

– ခေါင်းကိုက်ခြင်း

– ပျို့အန်ခြင်း စတဲ့အစာအိမ်ရောဂါလက္ခဏာတွေအပြင်

– ဟော်မုန်းကုထုံးကြောင့် ခေါင်းကိုက်ခြင်း၊ ရင်သားနာကျင်ခြင်းစတာတွေကို ခံစားရတတ်ပါတယ်။

????ရာသီလာခါနီး ခံစားရတတ်တဲ့လက္ခဏာ (PMS) တွေကို ဘယ်လိုစောင့်ကြည့်နိုင်လဲ…….

ခံစားရတဲ့ရောဂါလက္ခဏာတွေကို ဒိုင်ယာရီထဲမှာ မှတ်ထားတာ၊ ဘယ်လိုပုံစံဆိုရင် သက်သာတာ စတာတွေကို မှတ်ထားနိုင်ပါတယ်။ ဒါ့အပြင် ဓမ္မတာလာတာကို မှတ်ပေးတဲ့ ဖုန်းတွင်းသုံးကိရိယာ (Application) တွေကို သုံးနိုင်ပါတယ်။ ဒီ Application တွေဟာ အခမဲ့ဖြစ်ပြီး ရောဂါလက္ခဏာအမျိုးမျိုးကိုလည်း ထည့်သွင်းနိုင်ပါတယ်။ နောက်ပိုင်းမှာ ရောဂါလက္ခဏာတွေကို စတင်ခံစားရနိုင်တဲ့အချိန်ကို Application က ကြိုတင်ခန့်မှန်း အသိပေးပါတယ်။

ဆိုးရွားတဲ့ ရောဂါလက္ခဏာတွေနဲ့ ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးပါတယ်။ ရောဂါလက္ခဏာတွေကို သေချာမှတ်ထားခဲ့မယ်ဆိုရင် ပုံမှန် ဟုတ်/မဟုတ်ကို စောစောစီးစီးသိနိုင်ပြီး လိုအပ်လာရင် ကုသမှုကို အချိန်မီလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Reference: ????

https : // www . medicalnewstoday . com /articles/can-trans-women-get-periods#tracking-pms-like-symptoms

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here