Beauty Standards

ဝလာလိုက်တာ၊ အသားမည်းတယ်နော်၊ ခါးကလည်းပျောက်နေပြီ စတဲ့ အလှအပဆိုင်ရာ ဝေဖန်သံတွေက နေ့စဉ်ဘဝ ကြားနေကျ အသံတွေဆိုလည်း မမှားပါဘူးနော်…

အခုခေတ်မှာ Social Media ခေတ်စားလာတဲ့ အချိန် … Models တွေရဲ့ အသားအရေ ဖြူဝင်းလှပတာ၊ ကိုယ်ခန္ဓာအချိုးအစား ကောက်ကြောင်းပေါ်တာ စတာတွေပေါ် မူတည်ပြီး …

Models တွေကလည်း သူတို့ကျော်ကြားမှုအတွက် သူတို့ ချပြသလို၊ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း Model ၊ Influencer တွေကို ခုတုံးလုပ်ပြီး သူတို့ ကုန်ပစ္စည်း ကြော်ငြာလာကြပါတယ် ။

(ဥပမာ- Gym ကစားနေကျ Fitness Model ကို … အဆီကျ Detox juice ကြော်ငြာခိုင်းတာမျိုး… ဒါသောက်ရင် ဒီလိုခန္ဓာကိုယ် ရမယ်ဆိုပြီး false information ပေးတာမျိုး)

အမျိုးသမီးအများစုအတွက် Beauty Standard က ကိုယ်ခန္ဓာ အဆီကင်းရမယ်၊ ခါးသေးရမယ်၊ တင်လှရမယ်၊ အသားဖြူရမယ်… မျက်နှာ အနာအဆာ၊ အမဲစက်၊ ဝက်ခြံကင်းရမယ်… မျက်ရစ်ရှိရမယ်၊ နှာတံချွန်ရမယ်၊ နှုတ်ခမ်းထူရမယ်…

ဒီလို စံချိန်တွေကြောင့် အမျိုးသမီးတချို့ဟာ ပုံမှန် မဟုတ်သော အလွန်အမင်း ဝိတ်လျှော့ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတွေကြောင့် ဟော်မုန်းမမျှတခြင်း၊ အာဟာရချို့တဲ့ခြင်း၊ စိတ်ပိုင်းရာ စိတ်ဓာတ်ကျခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးလာခြင်းတို့ကို ခံစားလာရတတ်ပါတယ်။

Research တွေအရ ၃၁% ဆယ်ကျော်သက်၊ ၃၅% လူလတ်ပိုင်းအရွယ်တွေဟာ မိမိရဲ့ ကိုယ်ခန္ဓာ အချိုးအစား၊ ရုပ်ပိုင်းဆိုင်ရာကြောင့် စိတ်ဓာတ်ကျခြင်း၊ အရှက်ရခြင်းတို့ ခံစားလာရတတ်ပါတယ်။ အဆိုးဆုံး မိမိကိုယ်ကို အဆုံးစီရင်ခြင်းထိ စိတ်ပိုင်းဆိုင်ရာ ဆိုးဝါးလာတတ်ပါတယ်။

ဒီလိုပဲ… အမျိုးသမီးများ အသားရေဖြူဝင်းခြင်းကို လိုချင်တဲ့အတွက် အသားရေဖြူစေတဲ့ တချို့အန္တရာယ်ရှိသော Chemical တွေ အသုံးပြုခြင်းကြောင့် အရေပြားလောင်တာ၊ အမဲကွက်ဖြစ်တာ၊ အရေပြားကင်ဆာဖြစ်တာထိ ဖြစ်လာကြပါတယ်။

ဒီလိုအဖြစ်တွေကြောင့်…မိမိရဲ့ ပင်ကိုယ်အလှတရားကို Beauty Standard နဲ့ယှဉ်ပြီး မျက်ရစ်ခွဲတာမျိုး၊ နှုတ်ခမ်း Filler ထိုးတာ၊ liposuction အဆီထုတ်တာ စတဲ့ Cosmetic Surgery တွေဟာ နောက်ပိုင်းမှာ မိမိအသွင်ပြင်ကို ပြောင်းလဲစေတဲ့ ဖိအားဖြစ်စေပြီး Toxic Beauty Trend (အဆိပ်အတောက်) လို့တောင် သတ်မှတ်လာကြပါတယ်။

အမြင်သာဆုံးပြောရရင်… တောင်ကိုးရီးယားနိုင်ငံက ကမ္ဘာပေါ်မှာ Beauty standard အမြင့်ဆုံးထားတဲ့ နိုင်ငံမို့ Cosmetic surgery တအားများလာပါတယ်။ သူတို့ K beauty standards နဲ့ မညီတဲ့ အမျိုးသား၊ အမျိုးသမီးဆို ခွဲခြားဆက်ဆံမှုတွေရှိလာပြီး ရုပ်ပိုင်းဆိုင်ရာကြောင့် စိတ်ဓာတ်ကျခြင်း စသည့် စိတ်ပိုင်းရာပြဿနာတွေလည်း အများစုမှာ ခံစားနေရပါတယ်။

ဒါပေမယ့်….

ခုနောက်ဆုံး Up to date trend အရ ကမ္ဘာကျော် ကုမ္ပဏီတွေ (Dove ၊ Nike) ကပါ သူတို့ရဲ့ကြော်ငြာတွေမှာ ပင်ကိုအလှတရား Positivity Beauty အခြေခံပြီး … လူဖြူ၊ လူမည်း၊ အရပ်ပုတာရော မြင့်တာရော၊ အသားရေ အမည်းကွက်၊ တင်းတိပ် ရှိတဲ့သူရော၊ ပိန်ပိန် ဝဝ သူတို့ Model အနေနဲ့ အသုံးပြုလာကြပါတယ်။

Victoria Secret လို နာမည်ကြီး Bikini company ကတောင် ပထမဆုံးအနေနဲ့ Down syndrome ဝေဒနာ ခံစားနေရသူကို Model အနေနဲ့ တရားဝင် ကြော်ငြာခဲ့ပါတယ်။

Ideal body ပုံစံရှိတဲ့ Model နဲ့ ကြော်ငြာလို့ရပေမယ့်… အခုလို ဒီလိုပုံစံမျိုးနဲ့ လူတိုင်းမှာ ပင်ကိုယ်အလှတရားရှိကြောင်း မီးမောင်းထိုးပြလာကြပါတယ်။

ပတ်ဝန်းကျင်အနေနဲ့လည်း သူများနေရာ ဝင်မကြည့်ဘဲ အားနည်းချက် လှောင်တာ၊ ရှုံ့ချတာမျိုး ရှောင်ရပါမယ်…

ဥပမာ – Autoimmune ရောဂါခံစားရလို့ အဝလွန်လာတာ၊ ခါးကိုင်းလာတာ၊ သွားခေါလာတာမျိုးကို Shame လုပ်နေတော့ လူနာအနေနဲ့ (၂) ခါ ပိုနာကျင်စေပါတယ်။

အရေပြားလေးဖက်နာရှိလို့ ခြေ၊ လက် အနာလေးတွေဖြစ်နေတဲ့ လူနာတွေလည်း ပတ်ဝန်းကျင်က မိန်းကလေးဖြစ်ပြီး ရှက်စရာကြီး… ဟိုဆေးလူး ဒီဆေးလူး စတဲ့ ဝေဖန်သံကလည်း လူနာကို စိတ်ဒုက္ခပေးရာရောက်ပါတယ်။

ဒါကြောင့် လူတိုင်းဟာ ပင်ကိုအလှတရားရှိတယ်၊ ကိုယ်ပိုင် တန်ဖိုးရှိတယ် စသည်ဖြင့် အရှိကို အရှိတိုင်းလက်ခံပြီး Body and Beauty Positivity ကို လက်ခံနိုင်သော လူအဖွဲ့အစည်းကို ဖန်းတီးနိုင်အောင်ကြိုးစားရပါမယ်ရှင်…

ကျွန်မ ဒီ Content ရေးတဲ့ချိန်မှာ Against Cosmetic Surgery ပါဆိုပြီး တစ်ယူသန်ရေးတာမျိုး မဟုတ်ဘဲ … My body My choice မို့ ကိုယ်က တကယ် အလှအပရေးရာအတွက် ခွဲစိတ်ချင်တာ၊ ပြောင်းလဲချင်တာဆို စိတ်ချရတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီး အကောင်းအဆိုး သေချာနားလည်ပြီး ခွဲစိတ်ပါ။

ဒါပေမဲ့ Social Media တွေ၊ Model တွေ၊ ကြော်ငြာတွေရဲ့ Toxic Beauty Standard တွေကြောင့်တော့… ကိုယ်ဘာသာ သိမ်ငယ်တာ၊ စိတ်ဓာတ်ကျတာ၊ အားငယ်တာတွေ မဖြစ်ပါနဲ့…

ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလောက် လှပတဲ့ခန္ဓာကိုယ် မရှိတော့ပါဘူးနော်….။

Dr Cool

Telekyanmar

(ဤဆောင်းပါးတွင် အသုံးပြုထားသော အကိုးအကားများကို စိတ်ဝင်စားသူများ ဆက်လက်ဖတ်ရှု လေ့လာနိုင်ရန်အတွက် link များ ဖော်ပြပေးထားပါသည်)

စိတ်ဝင်စားဖွယ် အကိုးအကားများ

Reference : ????

(Toxic beauty standards) https://guardian.ng/…/challenges-of-toxic-beauty…/

% ကို ref ယူထားတာ ပါ https://fherehab.com/…/beauty-standards-mental-health….

VS Model (Down Syndrome) https://people.com/…/sofia-jirau-becomes-victorias…/

Dove (Toxic beauty ideals) https://m.personalcareinsights.com/…/dove-finds-toxic…

South Korean (Why high beauty standards are dangerous) https://timesofindia.indiatimes.com/…/dominating…/#

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here